အိန္ဒိယနိုင်ငံ ကာနာတာကာပြည်နယ်အတွင်းက တောရိုင်းထဲမှာ ကျားတစ်ကောင်ဟာ
ကျွဲတစ်အုပ်ကျက်စား နေတဲ့ နေရာကိုချဉ်းကပ်လာပြီး သူ့ရဲ့အစာကိုဖမ်းဖို့
ချောင်းမြောင်းနေခဲ့ပါတယ်။ ဒါပေမယ့် သတ္တိရှိတဲ့ ကျွဲရိုင်းဟာ
ကျားခုန်အုပ်ဖမ်းဆီးတာကို မခံပဲ သူ့ရချွန်ထက်လှတဲ့ ချိုနဲ့
လိုက်လံတိုက်ခိုက်ခဲ့လို့ လာရောက် ချောင်းမြောင်းတဲ့ ကျားဟာ အသက်လုပြီး
ထွက်ပြေးခဲ့ရတဲ့ အဖြစ်ကို ဓါတ်ပုံဆရာ ဆစ်ဒန်နာဗားက
မှတ်တမ်းတင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ ကျွဲလေးကောင်ဟာ
ကျားကိုမောင်းထုတ်ပြီးနောက် ရွှံ့အိုင်ထဲမှာ အေးအေးလူလူ
ပြန်လည်အပန်းဖြေနေခဲ့တာ တွေ့ရပါတယ်။
‘‘ တကယ့်ကို မယုံနိုင်စရာပါပဲ။ ဒါမျိုးအဖြစ်ကို ကျွန်တော် တစ်ခါမှ မမြင်ခဲ့ဖူးဘူး။ ကျားဆိုတာ တောတွင်းမှာ တော့ ထိပ်တန်းမုဆိုးတွေပါ။ သူတို့ရဲ့ တောတွင်းဂေဟစနစ်မှာ သူတို့ဟာ အလိုရှိတဲ့ အစာကို ဖမ်းဆီးနိုင်တဲ့ သူတွေပါ’’ လို့ မှတ်တမ်းတင်နိုင်ခဲ့တဲ့ ဓါတ်ပုံဆရာ ဆစ်ဒန်နာဗားက ပြန်ပြောပါတယ်။
Ref - dailymail
(Planet Myanmar Network)

No comments:
Post a Comment