Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, March 4, 2015

ကြောင်တွေအများကြီး နေထိုင်တဲ့ ဂျပန်က ကြောင်ကျွန်း

သင်ဟာ ကြောင်ချစ်တက်သူ တစ်ယောက်ဖြစ်ပါသလား။ ဒါဆိုရင်တော့ ဂျပန်နိုင်ငံ တောင်ပိုင်းမှာရှိတဲ့ Aoshima ပြည်နယ်က Ehime ကျွန်းကို သွားဖို့ အကြံပေးလိုက်ပါရစေ။ ဒီကျွန်းဟာ ဂျပန်နိုင်ငံမှာတော့ မူလနာမည်ထက် ကြောင်ကျွန်းလို့ ပိုပြီး လူသိများပါတယ်။ အကြောင်းကတော့ ဒီကျွန်းပေါ်မှာ ရှိတဲ့ လူဦးရေထက် ကြောင်ဦးရေက ပိုများနေလို့ပဲ ဖြစ်ပါတယ်။
အဲဒီကျွန်းပေါ်မှာ ရှိတဲ့ လူဦးရေထက် ကြောင်အရေအတွက်က ခြောက်ဆလောက်ပိုများနေပြီး လမ်းမပေါ်မှာလည်း နေရာအနှံ့ကြည့်လိုက်ရင် ကြောင်မျိုးစုံကို အရောင်မျိုးစုံနဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Aoshima ပြည်နယ်မှာရှိတဲ့ ဒီကျွန်းဟာ အရင်တော့ လူဦးရေအများအပြားနဲ့ စည်စည်ကားကားဖြစ်ခဲ့ပေမယ့် ပလိပ်ရောဂါဆိုးကြီး ကျရောက်လာတဲ့အချိန်မှာ လူတွေအတော်များများ သေဆုံးသွားကြပြီး ကြောင်တွေသာ ကျန်ရှိတော့တာဖြစ်ပါတယ်။ အခုတော့ အဲဒီကျွန်းပေါ်မှာ ရှိတဲ့ကြောင်အရေအတွက်ဟာ တနေ့တခြား တိုးလို့တောင် လာနေပါသေးတယ်။
ဒီကျွန်းပေးမှာ ကြောင်အကောင်ရေ အနည်းဆုံး ၁၂၀ ရှိမယ်လို့ ခန့်မှန်းရပြီး ဒေသခံတွေနေထိုင်ကြတာကတော့ ဆယ်ဂဏန်းလောက်သာရှိပါတယ်။ ဒေသခံဟောင်းတွေဟာ အလုပ်ကိုင်သစ်တွေရှာဖွေဖို့ ဂျပန်ရဲ့ အဓိကမြို့တွေကို ထွက်သွားကြလို့ လူဦးရေ အနည်းငယ်ပဲ ကျန်ရှိတော့တာ ဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ်ဖြစ်ပြီး နောက်ပိုင်းမှာ ဒီကျွန်းပေါ်က ဒေသခံတွေက မြို့ပေါ်ကို ရောက်ကုန်ကြတာဖြစ်ပါတယ်။ ၁၉၄၅ ခုနှစ်ကတော့ လူဦးရေ ၉၀၀ လောက်ဒီကျွန်းပေးမှာ နေထိုင်ခဲ့ကြဖူးတယ်လို့ ဆိုပါတယ်။
ကြောင်တွေသာ ကြီးစိုးထားတဲ့ ဒီကျွန်းကို လာရောက်လည်ပတ်သူ တစ်ခါတစ်ရံရှိတက်ပေမယ့် စားသောက်ဆိုင်တွေ၊ ကားတွေနဲ့ မုန့်ရောင်းတဲ့ စတိုးဆိုင်တွေ ဘာမှမရှိပါဘူး။ ငြိမ်းချမ်းပြီး တိတ်ဆိတ်တဲ့ နေရာဖြစ်လို့ တစ်ခါတစ်ရံမှာ ကြောင်ချစ်သူတွေ လာလေ့ရှိပါတယ်။
Ref - usatoday
(Planet Myanmar Network)

No comments:

Post a Comment