Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, March 2, 2015

မြို့သုံးမြို့မှ ကျောင်းသား နှင့် နိုင်ငံရေးတက်ကြွသူ ၇၀ ကျောင်းသားများနှင့် ပူးပေါင်း


Monday, March 2, 2015

မန္တလေး၊ ပြည် နှင့် ပေါင်းတည် မြို့သုံမြို့မှ ကျောင်းသား နှင့် နိုင်ငံရေးတက်ကြွသူ ၇၀ခန့်သည် ရဲတပ်ဖွဲ့ဝင်များ တားဆီးသည့်ကြားမှ ကျော်ဖြတ်ကာ ဖေဖော်ဝါရီ ၂ ရက်တွင် ကျော်ဖြတ်ပြီး ကျောင်းသားသပိတ်စစ်ကြောင်းနှင့် သွားရောက်ပူးပေါင်းခဲ့ကြသည်

“ကျွန်တော်တို့ကို မင်းလှမြို့မှာတားတော့ လူအင်အားနဲ့အတင်း ဖောက်ထွက်ခဲ့ရတယ်။ အော်ကြီး ဟစ်ကျယ်နဲ့ စကားတွေ များခဲ့ရတယ်။ လက်ပံတန်းရောက်တော့လည်း ထပ်တားတယ်။ ကျွန်တော်ကိုယ်တိုင် သံဆူးကြိုးတွေကို ဆွဲဖယ်ပြီး ကားတွေကို ဝင်ခိုင်းလိုက်တယ်” သပိတ်စစ်ကြောင်းကို ပြည်မြို့မှ သွားရောက်ပူးပေါင်းသူ ကိုဝင်းလှိုင်က မဇ္ဈိမကို ပြောသည်။

မတ်လ ၂ရက် နေ့လည် ၂နာရီခွဲတွင် မင်းလှမြို့ ကောင်းကြိုက်ထမင်းဆိုင်ရှေ့အရောက် ရဲ နှင့် အုပ်ချုပ်ရေးအဖွဲ့ဝင် (၄၀)ခန့်က တားဆီးခဲ့ပြီး လက်ပံတန်းမြို့တာဆုံတွင် ရဲ နှင့်အုပ်ချုပ်ေ၇း (၁၀၀)ခန့်က တားဆီးခဲ့သည်။

သို့သော် အထိအခိုက်မရှိဘဲ အတားအဆီးများကို ကျော်ဖြတ်၍ နေ့လည် ၃နာရီခွဲတွင် လက်ပံတန်းမြို့ ပါရမီဗိမာန် ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိကာ သပိတ်စစ်ကြောင်း နှင့် ပူးပေါင်းနိုင်ခဲ့သည်ဟု ကိုဝင်းလှိုင်က ပြောသည်။

Mizzima - News in Burmese

................
ပြည်ခရိုင်နှင့်မန္တလေးရဲဘော်များ၊
ပိတ်ပင်ထားသောအတားအဆီးများ
ကိုကျော်ပြီးအောင်မြေဗိမာန်ကျောင်း
သို့အေးချမ်းစွာရောက်ရှိလာပါပြီ







No comments:

Post a Comment