ဂျပန်နိုင်ငံမှ သရုပ် ဆောင်များပါဝင်မည့် Yangon Runway ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်ရမည့် ဇာတ်ရုပ်သည် ၎င်း ၏ ဇာတ်ရုပ်နှင့် လိုက်ဖက်မှုရှိ မည်ထင်၍ လက်ခံခဲ့ခြင်းဖြစ် သည်ဟု မော်ဒယ်အနေဖြင့်သာ အနုပညာလှုပ်ရှားမှုများပြုလုပ် နေသည့် အောန်ဆိုင်းက ပြော သည်။
‘‘ဒီဇာတ်လမ်းထဲမှာ စူပါ မော်ဒယ်တစ်ယောက်အနေနဲ့ သရုပ်ဆောင်ရမယ့် အောန်ဆိုင်း က အပြင်မှာလည်း မော်ဒယ်ဆို တော့ အရမ်း perfect ဖြစ်တယ် လို့ထင်တယ်။ ကိုဂျောမရန် ဒီ ဇာတ်ကားနဲ့ပတ်သက်ပြီး ရှင်းပြ တဲ့အချိန်မှာလည်း အခွင့်အရေး တစ်ခုလို့မြင်တယ်။ နောက်ပြီး ဒါကအောန်ဆိုင်းအတွက် ထူးခြား တဲ့အတွေ့အကြုံရမယ်လို့လည်း ယုံကြည်တယ်’’ဟု အောန်ဆိုင်း က ပြောသည်။
ယင်းဇာတ်ကားကို ဧပြီလ ကုန်တွင် ရိုက်ကူးမည်ဖြစ်ပြီး ၎င်းနှင့်အတူ ဝါရင့်သရုပ်ဆောင် မို့မို့မြင့်အောင်လည်းပါဝင်သော ကြောင့် ၎င်းအတွက် အားတစ်ခု ဖြစ်ခဲ့သည်ဟု အောန်ဆိုင်းက ပြောသည်။
‘‘ဒီဇာတ်ကားမှာပါတဲ့ ကာ ရိုက်တာအရ တရုတ်နည်းနည်း စပ်တဲ့လူဆိုတော့ စကားဝဲတာ လည်း ပြဿနာမရှိဘူး။ အပြင် မှာလည်း မော်ဒယ်တစ်ယောက် ဆိုတော့ သရုပ်ဆောင်ပိုင်းမှာ လည်း အထွေအထူးအခက်အခဲ တော့ သိပ်မရှိနိုင်ဘူး’’ဟု သရုပ် ဆောင်ပိုင်းနှင့်ပတ်သက်၍ ၎င်း က ပြောသည်။
ယင်းဇာတ်ကားတွင် အောန် ဆိုင်းနှင့်အတူ ဂျပန်နိုင်ငံမှ မင်း သမီးနှစ်ဦးလည်း ပါဝင်မည်ဖြစ် ပြီး ဂျပန်မင်းသားကြီး ဆန်နီချီး ဘားလည်း ဧည့်သည်သရုပ် ဆောင်အနေဖြင့် ပါဝင်မည်ဖြစ် သည်။
လတ်တလော အနုပညာ လှုပ်ရှားမှုအနေဖြင့် မတ်လ ၂၀ ရက်တွင်ပြုလုပ်မည့် ဖက်ရှင်ရှိုး ၌ ပါဝင်ရန်ရှိသည်ဟုဆိုသည်။
http://7daydaily.com/story/33785#.VQUI9eZd1UB
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, March 14, 2015
စူပါမော်ဒယ် ဇာတ်ရုပ်နဲ့ ခေါင်းဆောင် မင်းသမီးနေရာက သရုပ်ဆောင်မယ့် အောန်ဆိုင်း
စူပါမော်ဒယ် ဇာတ်ရုပ်နဲ့ ခေါင်းဆောင် မင်းသမီးနေရာက သရုပ်ဆောင်မယ့် အောန်ဆိုင်း
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
March 14, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
March 14, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment