ြ ပြင်သစ် ပြည်ထဲရေး ဝန်ကြီး Bernard Cazeneuve က အဲဒီလူတွေဟာ မကြာခင်မှာ သွားကြဖို့ ပြင်နေကြတယ်လို့ ထောက်လှမ်းရေး တွေက ယုံကြည် ကြကြောင်း ပြော ပါတယ်။
ေ နောက်ထပ် လူပေါင်း ၄၀ နဲ့ ပတ်သက်လို့လည်း စုံစမ်း စစ်ဆေးနေပြီး မကြာခင် နောက်ထပ် ပိတ်ပင် တာတွေ ဖြစ်လာ နိုင်တယ်လို့ လည်း သူက ပြောပါတယ်။
ဒီဆောင်ရွက်မှုဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ပြဌာန်းခဲ့တဲ့ အကြမ်းဖက်မှု ဆန့်ကျင်ရေး ဥပဒေသစ်ရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။
နိုင်ငံကူး လက်မှတ်တွေ၊ သက်သေခံ ကတ်ပြားတွေကို ကနဦး အနေနဲ့ ၆ လ ပိတ်ထားပြီး နောက်ထပ် ထပ်မံ သက်တမ်းတိုး ပိတ်ပင်သွားနိုင်ပါတယ်။
BBC Burmese
http://www.bbc.co.uk/burmese/world/2015/02/150223_france_

No comments:
Post a Comment