Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, February 25, 2015

အမေရိကန် နှင့် မဟာမိတ်တပ်များက ISIS ပစ်မှတ်များကို ၄၈ နာရီအတွင်း လေကြောင်းတိုက်ခိုက်မှု ၂၅ ကြိမ်ထက်မနည်း ပြုလုပ်


အမေရိကန် ပြည်ထောင်စု နှင့် မဟာမိတ်များ သည် အီရတ် နှင့် ဆီးရီးယားရှိ ISIS ပစ်မှတ်များကို ၄၈ နာရီအတွင်း လေကြောင်း တိုက်ခိုက်မှု ၂၅ ကြိမ်ထက်မနည်း ပြုလုပ် ခဲ့ကြောင်း ယမန်နေ့ နံနက်တွင် ရပ်နားခဲ့ ရာတွင် ISIS ပစ်မှတ် အမြောက်အမြား ကို ဖျက်ဆီး လိုက်နိုင်ကြောင်း သိရသည်။ ''တနင်္ဂနွေနေ့ မနက်ကနေ တနင်္လာနေ့ မနက်အထိ မဟာမိတ် တပ်ပေါင်းစုက လေကြောင်း တိုက်ခိုက်မှုတွေ အဆက်မပြတ် ပြုလုပ်ခဲ့တယ်။ ကိုဘာနီနဲ့ ဟာဆာကာမြို့ တွေကို ဦးတည် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ် .. ''ဟု ပူးပေါင်း တိုက်ခိုက်ရေး အဖွဲ့မှ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပြသည်။ ဟာဆာကာမြို့ အနီးတွင် လေကြောင်း တိုက်ခိုက်မှု ၁၁ ကြိမ် ပြုလုပ်ခဲ့ရာ ဗျူဟာမြောက် စခန်း ၁ဝ ခုကို ထိမှန်ခဲ့ပြီး ကိုဘာနီမြို့ အနီးတွင် ခြောက်ကြိမ် တိုက်ခိုက်ခဲ့ရာ ဗျူဟာမြောက် စခန်း ငါးခုကို ဖျက်ဆီးလိုက် နိုင်ခဲ့သည်နှင့် တစ်ပြိုင်နက်တည်း ဆီးရီးယားရှိ ကာ့ဒ် တိုက်ခိုက်ရေး သမား များကလည်း ISIS စစ်သွေးကြွ များကို မြေပြင် စစ်ဆင်ရေးများ ပြုလုပ်ခဲ့ရာ ISIS များ ကြံ့ကြံ့ မခံနိုင်ဘဲ ဆုတ်ခွာခဲ့ ရကြောင်း သိရသည်။ ထို့ပြင် ဆီးရီးယားရှိ Dayraz Zawr မြို့အနီး တိုက်ခိုက်မှု တွင်လည်း ISIS စစ်သွေးကြွ အဖွဲ့၏ ရေနံသန့်စင် စက်ရုံကို ထိမှန်ခဲ့ပြီး မိုဆူလ် ၊ ကာကတ် ၊ အယ်အာဆတ် ၊ အာရွတ်ဘာ နှင့် တယ်လ်အဖာ မြို့ တို့တွင်လည်း ISIS တို့၏ ဗျူဟာမြောက် စခန်းများ၊ တိုက်ခိုက်ရေး စခန်းများ၊ မော်တော်ယာဉ်များ နှင့် စစ်ဆေးရေး စခန်းများကို ပစ်ခတ် ဖျက်ဆီးနိုင် ခဲ့ကြောင်း သိရသည်။
 #PyiChitThar

No comments:

Post a Comment