Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, February 25, 2015

ပထမဆုံးအကြိမ် ဒရုန်း အသုံးပြုခွင့် နည်းဥပဒေထုတ်ပြန်


အိုဘားမား အစိုးရက အမေရိကန် ပြည်ထောင်စု အတွင်း ဒရုန်း အသုံးပြုခွင့် နည်းဥပဒေကို ထုတ်ပြန် ကြေညာခဲ့ရာ အများ မျှော်လင့်ထား သကဲ့သို့ အရပ်ဘက် အဖွဲ့အစည်း များကို ဒရုန်း အသုံးပြုခွင့် ပြုထားသော်လည်း ဒရုန်းဖြင့် ကုန်ပစ္စည်း တင်ပို့ခြင်း နှင့် အခြားလုပ်ငန်း အနည်းငယ်ကို ကန့်သတ် တားမြစ် ထားကြောင်း သိရသည်။ အလေးချိန် ၅၅ ပေါင်ထက် မကျော်သော ဒရုန်း များအနေဖြင့် တစ်နာရီလျှင် မိုင် ၁ဝဝ နှုန်းဖြင့် အမြင့်ပေ ၅ဝဝ အထိ တက်ခွင့်ရှိကြောင်း၊ နေ့လယ်ပိုင်း တွင်သာ ပျံသန်းရမည် ဖြစ်ပြီး ကိုင်တွယ် မောင်းနှင်သူက မြင်နိုင်သော အကွာအဝေး တွင် ရှိရန် လိုကြောင်း၊ ဒရုန်း မောင်းနှင်မည့် သူသည် အနည်းဆုံး အသက် ၁၇ နှစ် ပြည့်ပြီးသူ ဖြစ်ပြီး သယ်ယူ ပို့ဆောင်ရေး လုံခြုံမှု ကြီးကြပ်ရေး ဌာနမှ စစ်ဆေးသော ရေး-ဖြေ စာမေးပွဲကို အောင်မြင်သူ ဖြစ်ရမည် ဟု ဖက်ဒရယ် လေကြောင်း ကြီးကြပ်ရေး အဖွဲ့ FAA က ထုတ်ပြန် ကြေညာသည်။ ဒရုန်းများကို ယခင်က စစ်ဘက် ဆိုင်ရာ ကိစ္စရပ်များ တွင်သာ အသုံးပြု ခဲ့သော်လည်း ယခုအခါ အရပ်ဘက် အဖွဲ့အစည်း များကပါ အသုံးပြုနိုင် လာပြီဖြစ်၍ သားရိုင်း တိရစ္ဆာ န် စောင့်ကြည့်ခြင်း၊ ရှေးဟောင်း သုတေသန လုပ်ငန်းခွင် များကို စူးစမ်း ရှာဖွေခြင်း၊ တိုက်တာ အဆောက်အအုံ များ၏ ကြံ့ခိုင်ရေးကို စစ်ဆေးခြင်း၊ ကောင်းကင် ဗီဒီယိုနှင ဓာတ်ပုံများ ရိုက်ကူးခြင်း၊ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း နှင့် ကောက်ပဲသီးနှံ များကို ဆေးဖျန်းခြင်း နှင့် အခြားကိစ္စရပ် များ အတွက်လည်း အသုံးပြု သွားနိုင်မည် ဖြစ်ကြောင်း သိရသည်။ ယမန်နှစ်က အမေရိကန် ပြည်ထောင်စု တစ်ဝန်းတွင် ဒေါ်လာ ၁ဝ၈ သန်းထက် မနည်း ရင်းနှီးမြှုပ်နှံကာ ဒရုန်း ထုတ်လုပ်ရန် ကြိုးပမ်းခဲ့ကြ သော်လည်း နည်းဥပဒေ ထွက်ပေါ်လာခြင်း မရှိသေးသည့် အတွက် ဒရုန်း ထုတ်လုပ်သူ များသည် ရှေ့ဆက် မတိုးနိုင်ဘဲ ရှိနေခဲ့ရာမှ ယခု ကဲ့သို့ နည်းဥပဒေ ထုတ်ပြန် ကြေညာ ပေးခြင်းကြောင့် ဝမ်းမြောက် ဝမ်းသာ ဖြစ်နေ ကြကြောင်း သိရသည်။ ''ဒီအချိန်ကို ရောက်ရှိ လာဖို့ အချိန်တွေ အကြာကြီး စောင့်ဆိုင်း ခဲ့ရပါတယ်'' ဟု ဒရုန်း ယာဉ်ငယ်များ ထုတ်လုပ်သော အလုပ်ရုံ ပိုင်ရှင်တစ်ဦးက ပြောပြသည်။
 #PyiChitThar

No comments:

Post a Comment