Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, February 25, 2015

ဆီးရီးယားတွင် ISIS စစ်သွေးကြွများက အာဆီးရီးယန်း မျိုးနွယ်စုဝင် ၅၆ ဦးကို ပြန်ပေးဆွဲ


 ISIS စစ်သွေးကြွ များသည် ဆီးရီးယားနိုင်ငံ ဟာဆာကာ ပြည်နယ် အရှေ့မြောက် ပိုင်းတွင် အာဆီးရီးယန်း မျိုးနွယ်စုဝင် ၅၆ ဦးကို ပြန်ပေးဆွဲ ခေါ်ဆောင် သွားခဲ့ကြောင်း သတင်း အရင်းအမြစ် များ၏ ထုတ်ဖော် ပြောကြားချက် အရ သိရသည်။ ISIS စစ်သွေးကြွ များသည် အဆိုပါပြည်နယ် ကျေးလက်ဒေသ အတွင်းရှိ တယ်လ်ရှာမီရန် မြို့အတွင်းသို့ ဖေဖော်ဝါရီ ၂၃ ရက်က ဝင်ရောက်လာခဲ့ပြီး ခရစ်ယာန် ဘာသာဝင် ၅၆ ဦးကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း ဆီးရီးယား လူ့အခွင့်အရေး ဆိုင်ရာ စောင့်ကြည့် လေ့လာရေး အဖွဲ့၏ ပြောကြားချက် ကို ကိုးကား၍ ဆင်ဟွာ သတင်းဌာန က ဖော်ပြခဲ့သည်။ အလားတူ ISIS စစ်သွေးကြွ များသည် တယ်လ်ရှာမီရန် မြို့အနီးရှိ တယ်ဟာမော့စ်မြို့ တွင်လည်း အာဆီးရီးယန်း မျိုးနွယ်စုဝင် ၁ဝ ဦးကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ကြောင်းသိရသည်။ ထို့ပြင် ISIS စစ်သွေးကြွ များသည် ဂစ်ဘ်ရှ်ကျေးရွာ တွင် ကာ့ဒ်မျိုးနွယ်စု များနှင့် ဆက်စပ်နေသော ဒေသခံနှစ်ဦးကို ကွပ်မျက် သတ်ဖြတ်ခဲ့သည့် အပြင် ဖေဖော်ဝါရီ ၂၂ ရက်က ဘဂ္ဂဒက်မြို့ မြောက်ဘက် မိုင် ၁၉ဝ အကွာရှိ ရှာကွက်မြို့ တွင်လည်း ဒေသခံ ၂၃ ဦးကို ပြန်ပေးဆွဲ ခေါ်ဆောင် သွားခဲ့ကြောင်း သိရသည်။ #PyiChitThar

No comments:

Post a Comment