Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, February 24, 2015

အီတလီမြို့တော် ရောမကို သိမ်းယူ၍ အစ္စလာမ္မစ် ရှရီယာဥပဒေ ကို ပြဋ္ဌာန်းမည်ဟု ISIS များက ခြိမ်းခြောက်


ဥရောပနိုင်ငံကြီး တစ်နိုင်ငံ ဖြစ်သည့် အီတလီနိုင်ငံ၏ မြို့တော် ရောမမြို့ကို သိမ်းယူ၍ ယင်းမြို့အတွင်း အစ္စလာမ္မစ် ဥပဒေ တစ်ခုဖြစ်သည့် ရှရီယာ ဥပဒေကို ပြဋ္ဌာန်းပြီး ဗာတီကန် နန်းတော်တွင် ၄င်းတို့၏ အလံကို လွှင့်ထူမည်ဟု ISIS စစ်သွေးကြွ များနှင့် ၄င်းတို့၏ နောက်လိုက် များက ခြိမ်းခြောက် ခဲ့ကြောင်း ဗြိတိန်နိုင်ငံ ထုတ် သတင်းစာ တစ်စောင် က ဖော်ပြခဲ့သည်။

အဆိုပါ ISIS စစ်သွေးကြွ များသည် ရောမမြို့ကို သိမ်းပိုက်မည့် ခြိမ်းခြောက်မှုကို အီဂျစ်နိုင်ငံမှ ခရစ်ယာန် ဘာသာဝင် ၂၁ ဦးကို လစ်ဗျား ကမ်းခြေတွင် သတ်ဖြတ် ခဲ့သည့် ဗီဒီယိုပြကွက် အတွင်း ပြောကြား ခဲ့ခြင်းဖြစ်ပြီး ISIS စစ်သွေးကြွ များနှင့် ၄င်းတို့ကို ထောက်ခံသူ အစွန်းရောက် ဝါဒီ များက အင်တာနက် ပေါ်တွင် ခြိမ်းခြောက်မှု များကို တင်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ISIS စစ်သွေးကြွ များ၏ အဆိုပါ ခြိမ်းခြောက်မှု ထွက်ပေါ်လာပြီး နောက်ပိုင်း အီတလီ အာဏာပိုင် များက ရောမမြို့ အတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်ဦးရေ ၄၈ဝဝ ခန့်ကို ဖြန့်ကြက်ရန် စီစဉ်ခဲ့ပြီး မြို့တော်ရှိ အခြားနေရာ များဖြစ်သည့် သံတမန် ရပ်ကွက်၊ ဘာသာရေး အဆောက်အအုံ များအနီး တွင်လည်း လုံခြုံရေး ကို တင်းကျပ်ထားရန် စီစဉ်လျက် ရှိကြောင်း Mail Online သတင်းစာ က ဖော်ပြခဲ့သည်။

ISIS စစ်သွေးကြွ များသည် ယခင်ကလည်း ပြင်သစ်နှင့် အခြား ဥရောပ နိုင်ငံကြီးများရှိ မြို့ကြီးများ အတွင်း အကြမ်းဖက် တိုက်ခိုက်မှု များ လုပ်ဆောင် ကြရန် ၄င်းအဖွဲ့ကို ထောက်ခံသည့် အစ္စလာမ္မစ် အစွန်းရောက် ဝါဒီများ ကိုလည်း တိုက်တွန်း ပြောကြား ခဲ့ကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment