Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, February 24, 2015

ချင်းတိုင်းရင်းသားများ ဘုရားရှိခိုးကျောင်းကြီး ဝယ်ယူ

မေရီလန်းပြည်နယ်၊ ဆီးလ်ဗားစပရင်းရှိ ချင်းတိုင်းရင်းသားများ၏ ခရစ်ယာန်အဖွဲ့သည် ဝုဒ်လောင်းန်မှ ဘုရားခိုးကျောင်းနှင့် စာသင်ကျောင်း အဆောက်အအုံကို ဒေါ်လာ ၂.၇ သန်းဖြင့် ဝယ်ယူလိုက်ပြီး မိမိတို့၏ ဘာသာရေးအစီအစဉ်များကို လုပ်ဆောင်မည် ဖြစ်ပါသည်။မေရီလန်းပြည်နယ်၊ ဝုဒ်လောင်းန်ရှိ စတုရန်းပေ ၃၀,၀၀၀ ကျယ်ဝန်းသော Wesley Memorial Church ကို ချင်းဘက်ပ်တစ်စ်မစ်ရှင်အသင်းတော် (Chin Baptist Mission Church) က ဝယ်ယူလိုက်ခြင်း ဖြစ်၏။ ဆီးလ်ဗားစပရင်းသို့ ပြောင်းရွှေ့အခြေချလာသော ချင်းတိုင်းရင်းသားများသည် Chin Baptist Mission Church ကို ၁၉၉၇ ခုနှစ်မှ စတင် တည်ထောင်ခဲ့ပါသည်။ ဘုရားရှိခိုးကျောင်းအဆောက်အအုံသည် မကြာသေးမီက မွမ်းမံပြင်ဆင်ထားပြီး ဖြစ်၍ ဘာသာရေးကိစ္စများ ဆောင်ရွက်ရန် အသင့်အနေအထား ရှိနေခြင်းကြောင့် အရောင်းအဝယ် ဖြစ်မြောက်ခဲ့ကြောင်း ရောင်းသူဘက်မှ ကိုယ်စားလှယ် ဂျော့ရှိ ဟယ်လ်ဘာဒဲလ်က ရှင်းပြပါသည်။ချင်းဘက်ပ်တစ်စ်အသင်းတော်သည် ဝတ်ပြုဆုတောင်းသူ ပရိသတ်အသစ်များဖြင့် အစီအစဉ်သစ်များကို မကြာမီ စတင်တော့မည် ဖြစ်သည်။ အမေရိကန် ပြည်ထောင်စု တစ်ခုလုံးတွင် ချင်းတိုင်းရင်းသားများ၏ ဘုရားရှိခိုးကျောင်း ၅၇ ခု ရှိထားပြီး ဖြစ်၍ ယခု အသစ်တစ်ခု ထပ်တိုးလာခြင်း ဖြစ်သည်။
 မေရီလန်းပြည်နယ်၊ ဆီးလ်ဗားစပရင်းရှိ ချင်းဘက်ပ်တစ်စ်အသင်းတော်သို့ ဆက်သွယ်ရန် လိပ်စာမှာ- 

Chin Baptist Mission Church (SBC)
801 University Blvd W Silver Spring, MD 20901
 Phone: (301) 620-7618

No comments:

Post a Comment