Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, February 6, 2015

Father Land ဦးကျော်မြင့်အား (စ.စ.စ) စသုံးလုံးမှ တရားလိုလုပ်၍ နိုင်ငံတော်အဆင့်အဖြစ် တရားစွဲမည်


Father Land ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်၏ အမှုများစွာ အတွက် တဦးတယောက်ချင်းစီ တရားစွဲဆိုပါက မပြီးပြတ်နိုင် သောကြောင့် အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနမှ (စစစ)စသုံးလုံးမှ တရားလိုပြုလုပ်၍ တရားစွဲပြီး နိုင်ငံတော်အဆင့် ကိုင်တွယ်သွားမည်ဟု စုံစမ်းသိရှိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနနှင့် နီးစပ်သူတဦးက“ဦးကျော်မြင့်အမှုက လိမ်လည်မှု ငွေပမာဏ အရမ်းများတော့ သမ္မတရုံး က လှမ်းမေးတယ်တဲ့။ နိုင်ငံတော်အဆင့် ကိုင်တွယ်ရမယ်ဆိုပြီး စသုံးလုံးကို အကြောင်းကြားလာတယ်”ဟု ပြောကြားခဲ့သည်။

နိုင်ငံတော်အဆင့်ကိုင်တွယ်သည်ဆိုခြင်း၌ ဆုံးဖြတ်ချက်အား နိုင်ငံတော်က ချမှတ်မည်မဟုတ်ဘဲ ဦးကျော်မြင့် ပိုင်ဆိုင်သည့် မရွှေ့ပြောင်းနိုင်သောပစ္စည်းများအား ပြောင်းရွှေ့လွှဲပြောင်းခြင်းမပြုရန် နိုင်ငံတော်က ထိန်းသိမ်းထားမည်ဟု ဆိုသည်။ ဦးကျော်မြင့်အား တဦးချင်း တယောက်ချင်း တရားစွဲလျှင် မပြီးပြတ်နိုင်သည့် အခြေအနေတွင်ရှိသောကြောင့် နိုင်ငံတော်မှ ၀င်ရောက်ကိုင်တွယ်ပြီး အထူးစုံစမ်းစစ် ဆေးရေးဦးစီးဌာနမှ တရားလိုလုပ်၍ တရားစွဲသွားမည်ဖြစ်သည်ဟု ဆိုသည်။

စသုံးလုံးမှ တရားစွဲမည်ဆိုပါက ဦးကျော်မြင့်သည် ပြစ်မှုပြစ်ဒဏ်မြင့်မားစွာ ချမှတ်ဖွယ်ရှိသောကြောင့် ယင်းအခြေအနေအား ရှောင်ရှားနိုင်ရန်အတွက် အာမခံရရန် အသည်းအသန် ကြိုးစားမည်ကို စိုးရိမ်မိသည်ဟု ၎င်းကဆိုသည်။ ၎င်းမှ“ထောင်ထဲမှာရှိနေတာတောင် ဒီပြဿနာတွေ မဖြေရှင်းပေးနိုင်ရင် သူအပြင်ရောက် သွားတဲ့အခါ ရှင်းပေးပါ့မလား။ သူ့ကိုတခါတည်း အပြီးတောင် မြင်ရပါ့မလားဗျာ၊ သူ အရင်က ထွက်ပြေးဖို့ စီစဉ်နေတာ နှစ်ခါလောက်ရှိတယ်။ ဒီတခါသာဆိုရင် လုံးဝ သူ့ကို မြင်တွေ့ရဖို့ မရှိနိုင်ဘူး။ ဒီအတွက် စိုးရိမ်မိတယ်”ဟု ပြောကြားခဲ့သည်။

ဦးကျော်မြင့်တွင် အမှုပေါင်းများစွာ ရှိနေသော်လည်း ပန်းဆိုးတန်း MEI Business Tower နှင့် ဖြစ်ပျက်ခဲ့သည့် အမှုတခုသာတရားစွဲဆိုသည့်အဆင့်သာ ရောက်ရှိနေပြီး အခြားသော အမှုများစွာသည် ရဲစစ်ချက်အဆင့်၌သာ ရှိနေသေးသည်ကိုလည်း တွေ့မြင်နေရသည်။ “ဒီအခြေအနေက သူထွက်ပြေးမှာကို စိုးရိမ်စရာကောင်းတယ်လို့ မြင်တယ်။ တရားရုံးကလည်း ဖြေရှင်းမပေးနိုင်သေးတာက အချိန်ဆွဲနည်းတခုလိုပဲ။ နောက် တခု သူ့ရှေ့နေက ရှင်းပေးမယ်ဆိုတာလည်း အချိန်ဆွဲနည်းတခုပဲလို့ မြင်တယ်။ ဒီအခြေအနေမှာကိုပဲ သူထွက်ပြေးဖို့ ကြံစည်သလားဆိုတာ စိုးရိမ်မိတာပါ”ဟု ပြောကြားခဲ့သည်။

ယင်းအပြင် ဦးကျော်မြင့်အား နိုင်ငံတော်အဆင့်ဖြင့် စသုံးလုံးမှ တရားစွဲမည်ဆိုရာ၌ ဦးကျော်မြင့်၏ ပိုင်ဆိုင်မှုများအား ထုခွဲရောင်းချပြီး နစ်နာသူများအတွက် စာချုပ်စာတမ်းဖြင့် တောင်းယူ၍မရနိုင်ကြောင်း ဥပဒေပညာရှင်များက သုံးသပ်သည်။ ယင်းအခြေအနေနှင့်ပတ်သက်၍ “ဒီဟာတွေ ကျွန်တော်ပိုင်ခွင့်ရှိပါတယ် ဆိုပြီး နစ်နာတဲ့သူတွေက တောင်းဖို့ စာချုပ်စာတမ်းလေးနဲ့ တောင်းလို့မရဘူး။ တရားရုံး အမိန့်တော်တခုနဲ့ တောင်းရမယ်။ တရားရုံးရဲ့ အနိုင်ဒီဂရီနဲ့ တောင်းရတာပါ။ တကယ့် ဥပဒေအကြောင်းနားလည်တဲ့သူတွေက ရန်ကုန်တရားရုံးမှာ သိန်းနဲ့သောင်းနဲ့ချီပြီး တရားစွဲကြတာ လည်တဲ့သူတွေက ဒီလို မြင်လို့ တရားစွဲတယ်။ နိုင်ငံတော်က တာဝန်ယူရင် သူတို့တွေကစပြီး တောင် ပိုင်းခွင့်ရှိတယ်”ဟု သုံးသပ်ပြောကြားခဲ့သည်။

ယင်းအကြောင်းအရာအား မသိရှိသူများက ဦးကျော်မြင့်၏ အချိန်ဆွဲထားမှုအပေါ် အလျော်ပြန်ရနိုင်နိုးနိုးဖြင့် ယခုအချိန်အထိ တရားမစွဲသေးခြင်းက ဆက်လက်အလိမ်ခံထိနေသကဲ့သို့ ဖြစ်သည်ဟု သုံးသပ်ပြောကြားခဲ့သည်။
“သူတို့တွေရဲ့ ရပိုင်ခွင့်တွေက အချိန်နဲ့အမျှ ဆုံးရှုံးနေတာကို နစ်နာသူတချို့က ခုထိ မသိသေးဘူး။ ဒီအချက်ကို သူတို့တွေ သိစေချင်တယ်”ဟု ၎င်းင်းကပြော ကြားခဲ့သည်။

လက်ရှိအချိန်၌ ဦးကျော်မြင့်သည် ၎င်း၏ လုပ်ငန်းအရပ်ရပ်မှ ရရှိသည့်ငွေကြေးများစွာကို အသုံးပြု၍ ၎င်းကိုယ်တိုင် ခံစားစံစားရန် လွတ်မြောက်ရေး ကြိုးပမ်းလာမည်ကို နစ်နာသူများက စိုးရိမ်လျက်ရှိပြီး နစ်နာနေသူများအနေနှင့်လည်း မိမိတို့၏ ရပိုင်ခွင့်များ မဆုံးရှုံးစေရန်အတွက် ဥပဒေပညာရှင်များဖြင့် ဆွေးနွေးစေလိုသည်ဟု အထက်ပါ ပုဂ်္ဂိုလ်က အကြံပြု ပြောကြားသည်။

ကိုခက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment