Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, February 25, 2015

ယီမင်နိုင်ငံမြို့တော်၌ ပြင်သစ်နိုင်ငံသူ တစ်ဦးကို အမည်မသိ သေနတ်သမားများက ပြန်ပေးဆွဲ


ယီမင်နိုင်ငံ မြို့တော် ဆာနား တွင် အမည်မသိ သေနတ်သမား များက ယမန်နေ့ နံနက်ပိုင်းတွင် ပြင်သစ် နိုင်ငံသူ တစ်ဦးကို ဖမ်းဆီး ပြန်ပေးဆွဲ သွားခဲ့ကြောင်း ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အရ သိရသည်။ ဖမ်းဆီးခံရသည့် အမျိုးသမီးမှာ ဆာနား မြို့တော်ရှိ နိုင်ငံတကာ အဖွဲ့အစည်း တစ်ခုတွင် အမှုထမ်း နေသူဖြစ်ပြီး ယမန်နေ့ နံနက်ပိုင်းတွင် သူမက လုပ်ငန်းခွင်သို့ သွားရောက်စဉ် သေနတ်သမား များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။ အဆိုပါ သေနတ်သမား များသည် ယင်း အမျိုးသမီးနှင့် အတူ သူမ၏ ယာဉ်မောင်းကိုပါ တစ်ပါတည်း ဖမ်းဆီးခဲ့ကြောင်း၊ သို့သော် ၄င်း အမျိုးသမီးသည် မည်သူမည်ဝါ ဖြစ်ကြောင်း နှင့် မည်သည့် အဖွဲ့အစည်း တွင် အမှုထမ်း နေသည် ဟူသော အသေးစိတ် အချက်အလက် များကို စုံစမ်းနေဆဲ ဖြစ်သည်။ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးဌာန ၏ ပြောကြားချက် အရ ၄င်းတို့ အနေဖြင့် အဆိုပါ အမျိုးသမီး တည်ရှိရာ နေရာကို ရှာဖွေဖော်ထုတ် ၍ သေနတ်သမားများ လက်မှ ကယ်ဆယ် သွားမည် ဖြစ်သည်။ ပြင်သစ်နိုင်ငံ သည် ယီမင်နိုင်ငံတွင် နိုင်ငံရေးအရ တည်ငြိမ်မှုများ ယိုယွင်း လာခြင်းကြောင့် ဆာနား မြို့တော်ရှိ ၄င်းတို့၏ သံရုံးကို ဖေဖော်ဝါရီ ၁၃ ရက်မှစ၍ ပိတ်ပစ် ခဲ့ကြောင်း သိရသည်။
 French woman kidnapped in Yemen
French Development Worker Is Kidnapped in Yemen
 #PyiChitThar

No comments:

Post a Comment