Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, February 25, 2015

ISIS စစ်သွေးကြွ အဖွဲ့နှင့် ပူးပေါင်းရန် ထွက်ခွာခဲ့သည်ဟု ယူဆရသည့် သမီးကို ဖခင်ဖြစ်သူက ပြန်လာရန်တောင်းဆို

ISIS စစ်သွေးကြွ များနှင့် ပူးပေါင်းရန် ဆီးရီးယားနိုင်ငံ အတွင်းသို့ ထွက်ပြေး ခဲ့သည်ဟု ယူဆရသည့် ဆယ်ကျော်သက် ကျောင်းသူ မိန်းကလေး ၃ ဦးအနက်မှ တစ်ဦး၏ ဖခင်ဖြစ်သူ အသက် ၄၇ နှစ်အရွယ်ရှိ အဘကစ်ဟူဆန် သည် ၄င်း၏ သမီးဖြစ်သူအား နေအိမ်သို့ ပြန်လာရန် တောင်းဆိုလျက် ရှိကြောင်း သိရသည်။ အသက် ၁၅ နှစ်အရွယ် အမီရာအဘက်စ် အမည်ရှိ သမီးဖြစ်သူသည် တူရကီနိုင်ငံရှိ မင်္ဂလာပွဲ တစ်ခုကို သွားရန်အတွက် ဖေဖော်ဝါရီ ၁၇ ရက် နံနက်ပိုင်းတွင် ဂတ်ဝစ်လေဆိပ် သို့ ထွက်ခွာမည်ဟု ၄င်းအား ပြောကြား ခဲ့ကြောင်း မစ္စတာအဘက်စ် က ဖေဖော်ဝါရီ ၂၂ ရက်တွင် ပြောကြား ခဲ့သည်။ ထို့ပြင် သမီးဖြစ်သူသည် မိသားစုဝင်များ နှင့် နိုင်ငံရေး သို့မဟုတ် ဆီးရီးယား နိုင်ငံနှင့် ပတ်သက်၍ ပြောဆို ဆွေးနွေးခဲ့ခြင်း မရှိကြောင်း၊ သို့သော်လည်း ၄င်း၏ သူငယ်ချင်း များနှင့် အဆိုပါ အကြောင်းအရာ များကို တိုင်ပင် ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ခြင်း ရှိ၊ မရှိ ကိုမူ မသိရကြောင်း မစ္စတာအဘက်စ် က ပြောကြား ခဲ့သည်။ ထို့ပြင် ဒီဇင်ဘာလ နှောင်းပိုင်းက ဆီးရီးယား နိုင်ငံသို့ ထွက်ခွာခဲ့သည့် အခြား မိန်းကလေး အဖော်တစ်ဦးနှင့် ပတ်သက်၍ သူမကို မိသားစုဝင်များက စုံစမ်းမေးမြန်း ခဲ့စဉ်က အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မသိရှိခဲ့ကြောင်း၊ ယင်း မိန်းကလေးမှာ ငယ်ရွယ်သူ တစ်ဦးဖြစ်သည့် အတွက် ဝမ်းနည်းသည် ဟု အမီရာက အမြဲပြောကြား ခဲ့ကြောင်း သိရသည်။
 #PyiChitThar

No comments:

Post a Comment