![]() |
ကျောင်းသားတွေ ရဲ့ တောင်းဆိုချက် ၁၁ ချက် ဟာ ပြေလည်စရာ အများကြီး ရှိနိုင်ကြောင်း ၄ ပွင့်ဆိုင်ထဲ ပါတဲ့ လွှတ်တော် အမတ်က ပြောပါတယ်။ |
မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီက အမျိုးသား လွှတ်တော် အမတ် ဒေါက်တာ ဗညားအောင်မိုး ဟာ ပညာရေး ဥပဒေ ပြင်ဆင်ရေး ၄ ပွင့် ဆိုင် တွေ့ဆုံပွဲ ကို တက်ရောက်နေသူ ဖြစ်ပါတယ်။
အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး ၄ ပွင့် ဆိုင် တွေ့ဆုံပွဲ ကို ဒီနေ့ နေပြည်တော် မှာ ပြုလုပ်ပါမယ်။
ဆွေးနွေးကြမယ့် ပညာရေး ဥပဒေနဲ့ တိုက်ရိုက် စပ်လျှင်းတဲ့ ကျောင်းသားတွေ ရဲ့ တောင်းဆိုချက် ၁၁ ချက် ဟာ ပြေလည်စရာ အများကြီး ရှိနိုင်ပါတယ် ဆိုပြီး ဒေါက်တာ ဗညားအောင်မိုး က ဘီဘီစီ ကို ပြောပါတယ်။
၎ ပွင့်ဆိုင် ဆွေးနွေးရေး က ထွက်ပေါ် လာမယ့် ရလာဒ်တွေ နဲ့ အညီ ပညာရေး ဥပဒေ ပြင်ဆင် တဲ့ ဥပဒေကြမ်း ကို အစိုးရ ကနေ လွှတ်တော် ဆီ အမြန်ဆုံး တင်သွင်ပြီး လွှတ်တော်ထဲ မှာလည်း ရက် ၃၀ အတွင်း ဆွေးနွေး သွားဖို့ ၄ ပွင့်ဆိုင် ဆွေးနွေးရေး ပထမနေ့ ရန်ကုန် တက္ကသိုလ် စိန်ရတု ခန်းမ မှာ သဘောတူ ထား နိုင်ခဲ့ ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/burma/2015/02/150202_four_parties_talk_naypyidaw
No comments:
Post a Comment