Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 2, 2015

မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွား


ရန်ကုန် ဖေဖော်ဝါရီ ၂

ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ် အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၆)ရပ်ကွက်ကြား မင်းဓမ္မ လမ်းပေါ် ဂက်(စ်)ဆိုင်ရှေ့၌ ဖေဖော်ဝါရီ ၁ ရက် ည ၁ဝ နာရီ ၅ မိနစ်ခန့်က ယာဉ်သုံးစီး ဆင့်တိုက်မှု ဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ မင်းဓမ္မလမ်းအတိုင်း တောင်မှမြောက်သို့ ဦးစောအောင်သန်းရင် မောင်းနှင်လာသော (1I---)Alphard ခဲရောင် ကိုယ်ပိုင်မော်တော်ယာဉ်နှင့် ရှေ့ဆင့်နောက်ဆင့်မောင်းနှင်လာသော 5E/---- ပရာဒို နီညိုရောင် ကိုယ်ပိုင်မော်တော်ယာဉ်တို့ အရှိန်ပြင်းစွာတိုက်မိကြသည်။

ယင်းသို့ တိုက်မိမှုကြောင့် Alphard ခဲရောင်ယာဉ်မှာ ဦးခေါင်းလည် ထွက်သွားကာ ရပ်တန့်သွားပြီး ပရာဒိုယာဉ်မှာ ပက်လက်ဖြစ်သွားသည်။ နောက်မှလိုက်ပါလာသော မရမ်းကုန်းမြို့နယ် (၃)ရပ်ကွက် အောင်သိဒ္ဓိ ရိပ်သာ(၃)လမ်းနေ ဦးထွန်းလွင်မောင်းနှင်လာသော 9E/----- မာစီဒီး အနက်ရောင် ကိုယ်ပိုင်ယာဉ်က တိုက်ပြီးစ ရပ်တန့်နေသော Alphard ခဲရောင်ယာဉ်ကို အရှိန်အနည်းငယ်ဖြင့် ဆက်၍တိုက်မိခဲ့ကြောင်း သိရသည်။

The Mirror Daily
https://www.facebook.com/TheMirrorDaily

No comments:

Post a Comment