CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, February 1, 2015
မှော်ဘီ ဂျပန်ဘုရားမှာ ရွှေစင်ကြယ်လှူဒါန်းတဲ့ ၀တ်မှုံရွှေရည်
အမျိုးသမီးဇာတ်ဆောင်ဆုဆွတ်ခူးခဲ့သည့် ၀တ်မှုံရွှေရည်က အကယ်ဒမီရွှေစင်ရုပ်တုမှ ရွှေ ကြယ်ကိုမှော်ဘီမြို့နယ်ရှိ ဂျပန် ဘုရားဟု ထင်ရှားသည့် အောင် ဇမ္ဗူတောရ ကျောင်းတိုက်ရှိ ရှေးဟောင်းဘုရားများအား ဖေဖော်ဝါရီ ၁ ရက်က လှူဒါန်းခဲ့သည်။
ရွှေနှစ်ကျပ်သားအလေးချိန် ရှိ အဆိုပါကြယ်ကို ဂျပန်ဘုရား အား လှူဒါန်းခဲ့ပြီး ဘုရားဖူး လာ ရောက်သည့် ဧည့်သည်များအား စတုဒိသာ ကျွေးမွေးခြင်းဖြင့် ကု သိုလ်ပြုခဲ့သည်။
၎င်း၏ ကြိုးစားအားထုတ် ခြင်းကြောင့်ရရှိထားသည့် တန်ဖိုးထားရသော ပစ္စည်းဖြစ်၍ ရွှေစင်ရုပ်တုမှ ကြယ်ကို လှူဒါန်းခဲ့ခြင်း ဖြစ်ပြီး ယခုကဲ့သို့ လှူဒါန်းရခြင်းအတွက် အကယ်ဒမီဆုရရှိချိန်ကထက်ပျော်ရွှင်မိကြောင်း သရုပ်ဆောင်ဝတ်မှုံရွှေရည်က ပြော သည်။
‘‘အကယ်ဒမီဆုက ကြယ်ကို ပန်းထိမ်ဆရာတွေနဲ့ ဖြုတ်ပြီးလှူ တာပါ။ ပြီးရင် ကိုယ့်ရွှေနဲ့ ကိုယ်အဲဒီလောက်အလေးချိန်ရှိတဲ့ ကြယ်ကို ပြန်တပ်ထားမှာပါ’’ဟု အကယ် ဒမီဆုကို ပုံမပျက်ပြန်လုပ်ထား မည့်အကြောင်း ၀တ်မှုံရွှေရည်၏ မိခင်က ဆိုသည်။
အကယ်ဒမီဆုရရှိပြီးနောက် ပိုင်းတွင် ခရီးသွားခြင်း၊ အလုပ် များနေခြင်းတို့ကြောင့် လှူဒါန်းမှု ကို နောက်ဆုတ်ထားခဲ့ရကြောင်း နှင့် ပရိသတ်များ ဆက်လက် အားပေးစေလိုကြောင်း အကယ် ဒမီသရုပ်ဆောင် ၀တ်မှုံရွှေရည် က ပြောသည်။
မှော်ဘီ ဂျပန်ဘုရားမှာ ရွှေစင်ကြယ်လှူဒါန်းတဲ့ ၀တ်မှုံရွှေရည်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
February 01, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment