Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 1, 2015

ပညာရေးလေးပွင့်ဆိုင် ဆွေးနွေးပွဲ ဖေဖော်ဝါရီ ၃ ရက်တွင် ထပ်မံကျင်းပမည်

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး လေးပွင့်ဆိုင်ဆွေးနွေးပွဲ တွင် သပိတ်မှောက်ကျောင်းသားများ မူလတောင်းဆိုထားသည့်အချက် (၁၁)ချက်ကို မဆွေးနွေးနိုင်ခဲ့ဘဲ ကျောင်းသားများထပ်မံတင်ပြသောဆွေးနွေးပွဲမူဘောင်ကိုးချက်သာ ဆွေးနွေးရင်း တစ်နေကုန်ခဲ့ကာ ဖေဖော်ဝါရီ ၃ရက်(အင်္ဂါနေ့)တွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ဆွေးနွေးပွဲထပ်မံကျင်းပမည်ဖြစ်သည်။

ကျောင်းသား၊ အစိုးရ၊ လွှတ်တော်နှင့် ပညာရေးစနစ်ပြုပြင်ပြောင်း လဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER)တို့ တွေ့ဆုံပွဲတွင် ကျောင်းသားများ ထပ်မံတင်ပြလာသည့် ဆွေးနွေးပွဲမူဘောင်ကိုးချက်ကို ၁၀ နာရီခန့်ကြာ ဆွေးနွေးခဲ့ပြီးနောက် ခုနစ်ချက်ကို ပြင်ဆင်ညှိနှိုင်းသဘောတူညီ ခဲ့ကြသည်။

ကျန်နှစ်ချက်ကို လာမည့် ဆွေး နွေးပွဲတွင် ထပ်မံညှိနှိုင်းမည်ဖြစ်သည်။

သပိတ်မှောက်ကျောင်းသား များ တင်ပြသည့် ဆွေးနွေးပွဲမူ ဘောင်ကိုးချက်တွင် အချက်သုံး ချက်ကို မူရင်းအတိုင်း သဘောတူ ညီမှုရရှိခဲ့ပြီး အခြားအချက် လေး ချက်ကို ပြင်ဆင်ညှိနှိုင်းသဘော တူညီခဲ့သည်။ ကျန်အချက်နှစ် ချက်ဖြစ်သော ဒီမိုကရေစီပညာ ရေးသပိတ်တွင် ပါဝင်သူ မည်သူ့ ကိုမှ သပိတ်နှင့် ပတ်သက်၍ အရေးယူခြင်းမပြုရေးကို သဘော တူညီမှု မရရှိခဲ့ဘဲ ကျောင်းသား သမဂ္ဂများ တရားဝင်အသိအမှတ် ပြုရေးဆိုသည့်အချက်ကို တစ် စိတ်တစ်ပိုင်းသဘောတူညီမှုရရှိခဲ့ သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲ တွင် အစိုးရဘက်က ဦးဆောင် တက်ရောက်သည့် သမ္မတရုံးဝန် ကြီး ဦးအောင်မင်းက တွေ့ဆုံ ဆွေးနွေးပွဲစတင်နေပြီဖြစ်သော ကြောင့် သပိတ်ဖျက်သိမ်းပေးရန် နှင့် ပုပ္ပားအလွန်မှစ၍ လုံခြုံရေး တာဝန်ယူတော့မည် မဟုတ် ကြောင်း ပြောကြားခဲ့သည်။

‘‘တောင်သာ၊ ၀ဲလောင် ကိစ္စ တွေကို အတတ်နိုင်ဆုံးညှိနှိုင်းပြီး တော့ ကျွန်တော် တာဝန်ယူမယ် ဆိုတာကို ပုပ္ပားအထိလို့ ကျွန်တော်ပြောခဲ့တယ်။ အခု ပုပ္ပားကျော်လာတဲ့အခါမှာကျွန်တော့် တာဝန် မရှိတော့ဘူး။ ကျွန်တော်ကပြန်တင်ပြပေးရမယ့် တာဝန် ပဲရှိတယ် ’’ဟု ၎င်းက ပြောသည်။

မန္တလေးမြို့မှ စတင်ချီတက် လာပြီး တောင်သာမြို့အရောက် တွင် အာဏာပိုင်များ၏ တားဆီးမှုနှင့်ကြုံတွေ့ခဲ့ရသော သပိတ်စစ်ကြောင်းသည် ယခုအခါရေနံချောင်းသို့ ရောက်ရှိနေပြီဖြစ်သည်။ တောင်းဆိုချက်များ မရမချင်း သပိတ်လာမည်မဟုတ်ဘဲ ဆက်လက်ချီတက်မှုများပြုလုပ် မည်ဖြစ်ကြောင်း ကျောင်းသား ခေါင်းဆောင်များကဆိုသည်။

‘‘ကျွန်တော်တို့ တကသနဲ့ ဗကသ (မြေလတ်)ဦးဆောင်နေ တဲ့ ပခုက္ကူသပိတ်စစ်ကြောင်းက လာမယ့် အင်္ဂါနေ့ဆွေးနွေးပွဲထိ ရပ်တန့်ထားပါမယ်။ ဗကသဦး ဆောင်တဲ့ သပိတ်စစ်ကြောင်း (တောင်သာတွင် တားဆီးမှုနှင့် ကြုံတွေ့ခဲ့သည့်)ကတော့ ဆက် လက်ချီတက်သွားမယ်’’ ဟု သပိတ်မှောက် ကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်က ပြောသည်။

သပိတ်မှောက်ကျောင်းသား များအနေဖြင့် အေးအေးချမ်းချမ်း ဆန္ဒထုတ်ဖော်နေခြင်းဖြစ်ပြီး အစိုးရဘက်က တရားဥပဒေစိုးမိုး ရေးနှင့် တည်ငြိမ်မှုပျက်ပြားစေ သည်ဆိုသည်မှာ အကြမ်းဖက်ဖြို ခွင်းသူများအပေါ် မူတည်ကြောင်း သပိတ်မှောက် ကျောင်းသား ခေါင်းဆောင်တစ်ဦး ဖြစ်သည့် မဖြိုးဖြိုးအောင်ကပြောသည်။
http://7daydaily.com/story/30865#.VM7BDy7q-io

No comments:

Post a Comment