ပုံမှာ မြင်တွေ့ရတဲ့ Tess Christian လို့ အမည်ရတဲ့ အမျိုးသမီးဟာ အရွယ်ကျ မျက်နှာ အလှပျက်မှာ စိုးလို့
နှစ် ၄၀ လုံးလုံး မပြုံးမရယ်ပဲ နေခဲ့ကြောင်း သိရ ပါတယ်။သူမဟာ ဗြိတိန်နိုင်ငံ၊ လန်ဒန်မှာ နေထိုင်ပြီး အသက်အရွယ်ကတော့ ၅၀ ကျော်နေပါပြီ။ ဒါပေမယ့် သူ့ရဲ့ နေထိုင် ကျင့်ကြံမှုကပဲ ထိရောက်တယ်လို့ပဲ ဆိုရမလား။ ရုပ်ရည်ကို ကြည့်လိုက်ရင် အသက် ၄၀ ဝန်းကျင်လို့သာ ထင်ရ ပါတယ်။ သူမရဲ့ မရယ်တဲ့ ရုပ်ရည်ကြောင့် ချစ်သူရည်းစားထားခဲ့ပေမယ့် အဆင်မပြေသလို အိမ်ထောင်လဲ ကွဲထားပါတယ်။ ဒါပေမယ့် သူမရဲ့ ကျင့်ကြံမှုကတော့ မရပ်တန့်သွားပါဘူး။ အမြဲတမ်း တည်တဲ့ ရုပ်ကိုပဲ ယူထားပါတယ်။ အဓိကအားဖြင့် ပါးနဲ့ ပါးစပ်၊ မျက်လုံး တစ်ဝိုက်တို့ကို အရစ်တွေ မတက်အောင် ကြိုးစား တည်ထားပြီး ဘယ်တော့မှမလည်း မရယ်ပါဘူးတဲ့။အသက် ၁၀ နှစ်သားနောက်ပိုင်းကနေ စလို့ သူမဟာ မရယ်တော့ ပါဘူး။ ရယ်စရာများ တွေ့ရင် သိရင်တောင် မရယ်အောင်နေပါတယ်။ တစ်ခါတစ်ရံဆိုရင် သူငယ်ချင်းအိမ်သွားလည်တဲ့အခ>ါ မရယ်မပြုံးတဲ့ အနေအထိုင် အမူအရာကြောင့် ခွေးတောင် ဟောင်တတ်သတဲ့။ သာမန်လူတစ်ယောက်ရဲ့ အမူအကျင့် ဟုတ်မဟုတ် မသင်္ကာခံရခြင်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူမရဲ့ ကျင့်ကြံမှုကြောင့် အရွယ်တကယ်တင်သလို ဖြစ်နေပြီး လိုက်လို့ဖို့ ဆုံးဖြတ်သူများတောင် ရှိနေကြောင်း ဆိုပါတယ်။ တကယ်လည်း လိုက်လုပ်နေကြပါတယ်။ အချို့ဆို အမြဲတမ်းမနေနိုင်တောင် တစ်ရက်ကို တစ်နာရီ မျက်နှာကို မလှပ်ပဲ အတည်ထားတဲ့ အကျင့်မျိုးကို စကျင့်သတဲ့။တစ်ခါတစ်လေတော့ ပေးဆပ်ရတာနဲ့ ပြန်ရတာနဲ့ ထိုက်တန်မှု ရှိမရှိဆိုတာ တစ်ဦးချင်းစီနဲ့ပဲ ဆိုင်ပါတော့တယ်။ သူမ အနေနဲ့ အရွယ်တင်ကျန်ပေမယ့် မိတ်ဆွေ အပေါင်းအသင်းကတော့ ဆုံးရှုံးရတာပေါ့။ မိတ်ဆွေဆိုရင်ကော် ဘာမလုပ်မလဲ။ တိုတောင်းတဲ့ ဘဝမှာ ရယ်မောခြင်းက အသက်ရှည်စေတယ် ဆိုတာကို လက်ခံထားသေးတဲ့ သူများကတော့ နေ့စဉ် အပြုံးဆောင်ထားကြဆဲ ဖြစ်ပါတယ်။
သူမရဲ့ ဓာတ်ပုံနဲ့ သတင်း အသေးစိတ်ကို http://www.dailymail.co.uk/femail/article-2935632/Meet-woman-says-hasn-t-smiled-40-years-doesn-t-wrinkles.html ထဲမှာ ဖတ်ရှု နိုင်ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment