Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, February 13, 2015

သတင်းထုတ်ပြန်ချက် (၅/၂၀၁၅)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက် (၅/၂၀၁၅)

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်

၁၃၇၆ ခု၊ တပို့တွဲလပြည့်ကျော် ၁၀ ရက်

ဆန္ဒပြ ကျောင်းသားကျောင်းသူများသိရှိနိုင်ရန် သတင်းထုတ်ပြန်ချက်

၁။ ၁၁-၂-၂၀၁၅ နေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရကိုယ်စားလှယ်များ၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ၊ NNER ကိုယ်စားလှယ်များ၊ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင် ကော်မတီ မှ ကျောင်းသားကိုယ်စားလှယ် များနှင့် လေးပွင့် ဆိုင်တွေ့ဆုံညှိနှိုင်းဆွေးနွေးရာတွင် တောင်းဆိုချက် (၁၁) ချက် နှင့် ပတ်သက်၍ နှစ်ဖက်သဘောတူညီချက်များ ရရှိခဲ့ကြပြီး ဖြစ်ပါသည်။

၂။ ၎င်းအပြင် အခြားသဘောတူညီ ချက်များကိုလည်း လိုက်လျောပေး ထားပြီးဖြစ်၍ သပိတ်စစ်ကြောင်း များ ရန်ကုန်မြို့သို့ ဦးတည်ချီတက်ခြင်း မပြုရန် အဆိုပါ ညှိနှိုင်းအစည်းအဝေး၌ ပြောကြားထားပြီး ဖြစ်ပါသည်။ ယင်းဆွေးနွေးပွဲရလဒ်များကိုဆက်လက် အကောင်အထည်ဖော်ရန်အတွက် ၁၄-၂-၂၀၁၅ နေ့တွင် လေးပွင့်ဆိုင် ထပ်မံတွေ့ဆုံဆွေးနွေးရန် သဘောတူညီ ထားပြီး ဖြစ်ပါသည်။

၃။ သို့သော် ယခုအခါ သပိတ်စစ်ကြောင်းများသည် ရန်ကုန်မြို့သို့ ဆက်လက်ဦးတည်လှုပ်ရှား နေကြ သဖြင့် မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်စေရန်နှင့် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ သပိတ်စစ်ကြောင်းများ ဝင်ရောက်ခြင်း မပြုနိုင်ရန် ဥပဒေနှင့်အညီ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်။

သတင်းထုတ်ပြန်ရေးအဖွဲ့

No comments:

Post a Comment