Monday, February 23, 2015
နှစ်တစ်ထောင်ခန့်ရှိပြီဟု ယူဆရသော ဗုဒ္ဓရုပ်ပွားတော်အတွင်း ဘုန်းကြီးတစ်ပါး၏ ရုပ်ခန္ဓာ တွေ့ရှိရသည်ဟု ဟော်လန်အခြေစိုက် သုတေသနအဖွဲ့က ဖေဖော်ဝါရီ ၂၂ရက်တွင် အတည်ပြုခဲ့သည်။ ဗုဒ္ဓဘာသာဝင်များ၏ ယဉ်ကျေးမှု အနုပညာကို အထူးပြုလေ့လာနေသည့် သုတေသီ အဲရစ်ဘရိုင်း ဦးဆောင်သော အဖွဲ့မှာ CT scan မရိုက်မီကတည်းက ဗုဒ္ဓရုပ်ပွားတော်အတွင်း မပျက်စီးသေးသည့် ရုပ်ခန္ဓာ တွေ့ရှိမည်ဟု တွက်ဆခဲ့ကြပြီး ဟော်လန်နိုင်ငံရှိ Meander ဆေးသုတေသနဌာနတွင် စစ်ဆေးမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။
သို့သော် CT scan နှင့်
ခန္ဓာကိုယ်အတွင်းပိုင်း အထူးပြု ဓာတ်မှန် ရိုက်ကြည့်ရာတွင် တရားထိုင်နေဟန်ရှိသည့် ဘုန်းကြီး၏ ကိုယ်အင်္ဂါ အစိတ်အပိုင်းများ ပျောက်ဆုံးနေသည့် အတွက် သုတေသီများ အံ့အားသင့်နေကြောင်း
NL Time သတင်းစာက ဖော်ပြထားသည်။ အဆိုပါ ဗုဒ္ဓရုပ်ပွားတော်အတွင်း တရုတ်ဘာသာဖြင့် ရေးသားထားသော စာရွက်အပိုင်းအစများ တွေ့ရှိရပြီး ယခု တွေ့ရှိရသည့် ရုပ်ခန္ဓာမှာ တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ လီကွမ်းဗုဒ္ဓစွယ်တော် ကျောင်းတိုက်မှ ဆရာတော်ဖြစ်မည်ဟု သုတေသီများက ခန့်မှန်းထားသည်။ ဗုဒ္ဓရုပ်ပွားတော်အတွင်း တွေ့ရှိရသည့် ရုပ်ခန္ဓာမှ အရိုးနမူနာကို DNA စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Nz ရိုးရာလေး
No comments:
Post a Comment