CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, February 22, 2015
ABSDF မြောက်ပိုင်း ကျောင်းသားအရေးအခင်းစာအုပ်ထုတ်ဝေ
Monday, February 23, 2015
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မြောက်ပိုင်း ကျောင်းသားအရေးအခင်းစာ အုပ်တွင် မြောက်ပိုင်းကျောင်း သားတပ်ဖွဲ့အတွင်း အချင်းချင်း ညှဉ်းဆဲသတ်ဖြတ်မှုမှ လွတ် မြောက်လာသော ကိုယ်တွေ့ ဇာတ်လမ်းကို ပန်းချီထိန်လင်းက စာအုပ်အဖြစ် ရေးသားထုတ်ဝေ လိုက်သည်။
မြောက်ပိုင်းကျောင်းသား အရေးအခင်းတွင် ထောက်လှမ်း ရေးဟု စွပ်စွဲပြီး ကျောင်းသား အချင်းချင်းသတ်ဖြတ်ခံရခြင်းမှာ အာဏာလုမှုများကြောင့် ဖြစ် ကြောင်း ABSDF မြောက်ပိုင်း ကျောင်းသားဟောင်းညှဉ်းပန်းနှိပ်စက်ခံခဲ့ရသူ ပန်းချီထိန်လင်းကပြောသည်။
‘‘ကျောင်းသားအရေးအခင်း က အာဏာအချင်းချင်းလုတဲ့ပွဲ။ တကယ်အရည်အချင်းရှိတဲ့ လူ တွေဆက်ပြီး ဦးမဆောင်နိုင် အောင်လို့ ကျောင်းသားအချင်း ချင်းထောက်လှမ်းရေးဆိုပြီး တ ရစပ်ညှဉ်းဆဲတာ၊ ထောက်လှမ်း ရေးလို့ စွပ်စွဲတာ လွယ်တာပေါ့’’ ဟု ပန်းချီထိန်လင်းကပြောကြား သည်။
စွပ်စွဲခံရသော ကျောင်းသား များ၏ နောက်ခံအခြေအနေကို လက်ရှိ စုံစမ်းသုံးသပ်ရာတွင် ထောက်လှမ်းရေးများပါဝင်ခြင်း မရှိခဲ့ဘဲ ထောက်လှမ်းရေးမျက်နှာ ဖုံးတပ်ပြီး နိုင်ငံရေးအာဏာအ တွက် အချင်းချင်းလုပ်ကြံခြင်းဖြစ် ကြောင်း ABSDF မြောက်ပိုင်း ကျောင်းသားဟောင်းများထံမှ သိရသည်။
အဆိုပါဖြစ်စဉ်တွင် စွပ်စွဲခံရ သူ ၈၀ ကျော်ရှိပြီး ၃၀ ကျော်သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း၊ သို့သော် လည်း အခြား ABSDF တပ်ဖွဲ့များ တွင် စဉ်းစားတတ်သူများရှိသော် လည်း အသံမထွက်ရဲသဖြင့် ပိုမို
ဆိုးရွားခဲ့ခြင်းဖြစ်ကြောင်းကျောင်းသားဟောင်းများကဆိုသည်။
လွန်ခဲ့သော နှစ်ပေါင်း ၂၀ အတွင်းက ဖြစ်ပျက်ခဲ့သော တော တွင်းမြောက်ပိုင်းကျောင်းသား အရေးအခင်းတွင် ကျောင်းသား များကို သတ်ဖြတ်မှုများနှင့် ပတ် သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး(ABSDF) ခေါင်းဆောင်အချို့ကို ယခုအစိုးရလက်ထက်တွင် တရား စွဲဆိုထားခြင်းများရှိနေသည်။
ABSDF မြောက်ပိုင်းစခန်းတွင် ထောက်လှမ်းရေးဟု စွပ်စွဲခံရပြီး ကျောင်းသားများ ညှဉ်းပန်းနှိပ်စက်ခံရပုံကို ပါဖော့မန့် ပြသနေစဉ် (ဓာတ်ပုံ − ဇေနွေထွန်း)
7Day Daily
"ABSDF မြောက်ပိုင်း ကျောင်းသားအရေးအခင်းစာအုပ်ထုတ်ဝေ Monday, February 23, 2015 မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မြောက်ပိုင်း ကျောင်းသားအရေးအခင်းစာ အုပ်တွင် မြောက်ပိုင်းကျောင်း သားတပ်ဖွဲ့အတွင်း အချင်းချင်း ညှဉ်းဆဲသတ်ဖြတ်မှုမှ လွတ် မြောက်လာသော ကိုယ်တွေ့ ဇာတ်လမ်းကို ပန်းချီထိန်လင်းက စာအုပ်အဖြစ် ရေးသားထုတ်ဝေ လိုက်သည်။ မြောက်ပိုင်းကျောင်းသား အရေးအခင်းတွင် ထောက်လှမ်း ရေးဟု စွပ်စွဲပြီး ကျောင်းသား အချင်းချင်းသတ်ဖြတ်ခံရခြင်းမှာ အာဏာလုမှုများကြောင့် ဖြစ် ကြောင်း ABSDF မြောက်ပိုင်း ကျောင်းသားဟောင်းညှဉ်းပန်းနှိပ်စက်ခံခဲ့ရသူ ပန်းချီထိန်လင်းကပြောသည်။ ‘‘ကျောင်းသားအရေးအခင်း က အာဏာအချင်းချင်းလုတဲ့ပွဲ။ တကယ်အရည်အချင်းရှိတဲ့ လူ တွေဆက်ပြီး ဦးမဆောင်နိုင် အောင်လို့ ကျောင်းသားအချင်း ချင်းထောက်လှမ်းရေးဆိုပြီး တ ရစပ်ညှဉ်းဆဲတာ၊ ထောက်လှမ်း ရေးလို့ စွပ်စွဲတာ လွယ်တာပေါ့’’ ဟု ပန်းချီထိန်လင်းကပြောကြား သည်။ စွပ်စွဲခံရသော ကျောင်းသား များ၏ နောက်ခံအခြေအနေကို လက်ရှိ စုံစမ်းသုံးသပ်ရာတွင် ထောက်လှမ်းရေးများပါဝင်ခြင်း မရှိခဲ့ဘဲ ထောက်လှမ်းရေးမျက်နှာ ဖုံးတပ်ပြီး နိုင်ငံရေးအာဏာအ တွက် အချင်းချင်းလုပ်ကြံခြင်းဖြစ် ကြောင်း ABSDF မြောက်ပိုင်း ကျောင်းသားဟောင်းများထံမှ သိရသည်။ အဆိုပါဖြစ်စဉ်တွင် စွပ်စွဲခံရ သူ ၈၀ ကျော်ရှိပြီး ၃၀ ကျော်သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း၊ သို့သော် လည်း အခြား ABSDF တပ်ဖွဲ့များ တွင် စဉ်းစားတတ်သူများရှိသော် လည်း အသံမထွက်ရဲသဖြင့် ပိုမို ဆိုးရွားခဲ့ခြင်းဖြစ်ကြောင်းကျောင်းသားဟောင်းများကဆိုသည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၀ အတွင်းက ဖြစ်ပျက်ခဲ့သော တော တွင်းမြောက်ပိုင်းကျောင်းသား အရေးအခင်းတွင် ကျောင်းသား များကို သတ်ဖြတ်မှုများနှင့် ပတ် သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး(ABSDF) ခေါင်းဆောင်အချို့ကို ယခုအစိုးရလက်ထက်တွင် တရား စွဲဆိုထားခြင်းများရှိနေသည်။ ABSDF မြောက်ပိုင်းစခန်းတွင် ထောက်လှမ်းရေးဟု စွပ်စွဲခံရပြီး ကျောင်းသားများ ညှဉ်းပန်းနှိပ်စက်ခံရပုံကို ပါဖော့မန့် ပြသနေစဉ် (ဓာတ်ပုံ − ဇေနွေထွန်း) 7Day Daily
ABSDF မြောက်ပိုင်း ကျောင်းသားအရေးအခင်းစာအုပ်ထုတ်ဝေ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
February 22, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment