
အိန်္ဒိယနိုင်ငံ၊ အရှေ့မြောက်ပိုင်းမှာ ရှိတဲ့ ရွာတစ်ရွာမှာ ဖခင်ဖြစ်သူဟာ (၁၀)နှစ် အရွယ် သမီးအရင်း ဖြစ်သူကို မြေမြှုပ် သတ်ပစ်ဖို့ ကြိုးစားခဲ့ တာကြောင့် ဖမ်းဆီးခြင်းခံခဲ့ ရတယ်လို့ သိရပါတယ်။ ဟူစိန်ပာာ အိမ်နောက်ဖေးမှာ ကျင်းတူးပြီး သမီး ဖြစ်သူကို မြေမြှုပ် သတ်ပစ်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါ တယ်။ ရဲတပ်ဖွဲ့ တွေ အချိန်မီ ရောက်သွားလို့ ကယ်ဆယ်နိုင် ခဲ့တာ ဖြစ်ပါတယ်။ ဟူစိန်ပာာ သမီးဖြစ်သူ ရက်ရှီနာကို ဆက်လက် မမွေးချင် တာကြောင့် သတ်ပစ်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ဟူစိန်ပာာ သားယောက်ျားလေး ကိုသာ အလိုရှိခဲ့ပြီး သမီး ဖြစ်သူကို မလိုချင် တာကြောင့် သတ်ပစ်ဖို့ ကြိုးစား ခဲ့ခြင်း ဖြစ်ကြောင်း ထွက်ဆိုခဲ့ ပါတယ်။ ရွာသားတွေပာာ ပာူစိန်ရဲ့လုပ်ရပ်ကို သိရှိ ပြီးတဲ့နောက် ရဲစခန်းကို ဖုန်းဆက် အကြောင်းကြားခဲ့ ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ ဟာ ဟူစိန်ရဲ့အိမ်ထဲ ၀င်ရောက် ရှာဖွေရာမှာ အသက်(၁၀)နှစ် အရွယ် ကလေးကို လက်ကြိုးတုပ်ပြီး မြေမြှုပ် ထားတာကို တွေ့ခဲ့ရပါ တယ်။ ဒီနောက် ကလေးငယ်ကို အမြန်ဆုံး ကယ်တင်ပြီး ဆေးရုံကို ပို့ဆောင်ခဲ့ ပါတယ်။ ဟူစိန်ပာာ ဇနီးဖြစ်သူ အိမ်မှာ မရှိခိုက် သမီးအရင်း ဖြစ်သူကို သတ်ပစ်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ အိန်္ဒိယ နိုင်ငံမှာ သမီးမိန်းကလေး မွေးတာကို နှစ်သက်ခြင်း မရှိပါဘူး။ ဒါကြောင့် ကျား၊ မ လူဦးရေ ကွာခြားမှုတွေ ဖြစ်လာ ပါတယ်။ အဆိုးဝါးဆုံးက အမျိုးသမီးတွေကို တန်းတူ အခွင့်အရေး မပေးခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် အိန်္ဒိယ နိုင်ငံမှာ အမျိုးသမီးတွေပာာ လိင်ပိုင်း ဆိုင်ရာ စော်ကားခံနေရခြင်း၊ ပညာ သင်ကြားခွင့် မရခြင်း စတာတွေ ကိုလည်း ကြုံ တွေ့နေရ ပါတယ်။
The Messenger
No comments:
Post a Comment