Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, February 19, 2015

သင့်အား မျက်ကန်းတစ်ယောက်ဖြစ်သွားစေနိုင်တဲ့အထိ အသက်အန္တရာယ်များပြီး အငြင်းပွားဖွယ် အလှအပခေတ်ရေစီးကြောင်း

လုံခြုံမှုမရှိ၊ အငြင်းပွားဖွယ်ဖြစ်တဲ့ အလှအပဆိုင်ရာ ခေတ်ရေစီးကြောင်းဟာ သင့်ကို မျက်ကန်းအဖြစ် ထားသွားနိုင်ပါတယ်။ ဒီအရာက ကျွန်ုပ်တို့ကို ဘယ်ပုံဘယ်နည်း မျက်ကန်းအဖြစ် ရောက်သွား စေနိုင်သလဲဆိုတာ လေ့လာကြည့်ရအောင်။
ဂျပန်မလေး Anmie ရေးပန်းစားလာမှုကြောင့် သူတို့ ကိုယ်ပိုင် “Anime-Style Eyes” တပ်ဆင်တဲ့ ပရိသတ်များစွာ ရှိလာခဲ့ပါတယ်။ နှစ်သက်ရာအရောင် ရွေးချယ်တပ်ဆင်နိုင်တဲ့ မျက်ကပ်မှန်အဝိုင်း သို့မဟုတ် အလှတတ်မျက်ကပ်မှန်တွေ မျက်စိ သူငယ်အိမ်ကို ပိုကြီးစေနိုင်ပါတယ်။
ဒါပေမယ့် Anime ပုံပေါက်အောင် ဆင်မြန်းတာတော့ အန္တရာယ် အရမ်းများပါတယ်။ ခုခေတ်မှာ ဆရာဝန်ရဲ့ဆေးညွန်းမလိုအပ်သလို အွန်လိုင်းမှာလည်း ဝယ်ယူနိုင်တဲ့အပြင် အညို၊ အနီ၊ ပန်းရောင်၊ ခရမ်းရောင်စသဖြင့် အရောင်မျိုးစုံနဲ့ လာပါသေးတယ်။
ဘယ်လို အန္တရာယ်ရှိသလဲ
ဆရာဝန်ဆေးညွှန်းမပါတဲ့ မျက်ကပ်မှန် သို့မဟုတ် အံဝင်ခွင်ကျမဟုတ်တဲ့ မျက်ကပ်မှန်တွေက မျက်စိကို အောက်ဆီဂျင် အပြည့်အဝမရရှိအောင် ဖြစ်စေတာကြောင့် မျက်စိ အကြီးအကျယ် ထိခိုက်ပျက်စီးစေနိုင်ကြောင်း၊ မျက်စိကန်းခြင်းကိုပင် ဖြစ်စေတတ်ကြောင်း မျက်ကပ်မှန်နဲ့ မျက်ကြည်လွှာဆိုင်ရာ American Optometric Association က ရှင်းပြခဲ့ပါတယ်။
မျက်ကပ်မှန်ကို သေချာစွာ စစ်ဆေးခြင်းမရှိဘဲ အသုံးပြုခြင်းဟာ အမြင်အာရုံ ပျက်စီးခြင်း၊ မျက်စိကူးဆက် ရောဂါဖြစ်ပွားခြင်းနဲ့ မျက်လုံးကန်းခြင်းကိုတောင် ဖြစ်စေနိုင်တယ်လို့ ကျွမ်းကျင်သူတွေနဲ့ ဆရာဝန်တွေက ဆိုပါတယ်။
မျက်စိဆရာဝန်တစ်ဦးဦးရဲ့ သဘောတူညီမှု ရရှိပြီးမှသာ မျက်ကပ်မှန်ကို ဝယ်ယူ အသုံးပြုသင့်ကြောင်း ဆရာဝန်တွေက သတိပေး ထားပါတယ်။
Ref:wellnessbin.com

No comments:

Post a Comment