Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, February 13, 2015

အင်္ဂါဂြိုဟ် နှင့် သောကြာဂြိုဟ် ပူးတွဲပြီး ငြိမ်းချမ်းရေး နိမိတ်ပုံဆောင်မယ့် ဖေဖော်ဝါရီလ ၂၂ ရက်


>>>အင်္ဂါဂြိုဟ် နှင့် သောကြာဂြိုဟ် ပူးတွဲပြီး ငြိမ်းချမ်းရေး နိမိတ်ပုံဆောင်မယ့် ဖေဖော်ဝါရီလ ၂၂ ရက်<<<
လာမယ့် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ညမှာတော့ အင်္ဂါဂြိုဟ် (မားစ်) နဲ့ သောကြာဂြိုဟ် (ဗီးနပ်စ်) တို့ဟာ အနောက်ဘက်ကောင်းကင်ယံမှာ အတူယှဉ်တွဲပြီး ထွက်ပေါ်လာမှာ ဖြစ်ပါတယ်..။
မားစ်ဟာ စစ်နတ်ဘုရား ဖြစ်ပါတယ်။ ဗီးနပ်စ်ကတော့ အချစ်နတ်ဘုရားမလေးပါ..။ ဂရိဒဏ္ဍာရီ ပုံပြင်တွေထဲမှာတော့.. သူတို့နှစ်ဦးဟာ ချစ်ကြိုက်ဖူးကြတယ်လို့ ဆိုပါတယ်..။ အချစ်နဲ့ စစ် ယှဉ်တွဲတဲ့အခါမှာ အချစ်ဟာ အနိုင်ရရှိပါတယ်။ အဲ့ဒါဟာ "ငြိမ်းချမ်းရေး" ပါဘဲ..။
ချစ်ခြင်းမေတ္တာတရားဟာ စစ်ပွဲများကိုတင်မဟုတ်ပါဘူး အရာအားလုံးကို အနိုင်ယူသွားနိုင်ပါတယ်..။ ကမ္ဘာတစ်ခုထဲမှာ မှီတင်းနေထိုင်နေကြတဲ့ လူသားအချင်းချင်း အမုန်းတွေမပွားဘဲ ချစ်ခြင်းမေတ္တာတရားတရားတွေ ရှင်သန်ပေါက်ဖွားစေဖို့ ဖေဖော်ဝါရီလ ၂၂ ရက် (တနင်္ဂနွေနေ့) ညနေ နေဝင်ချိန်မှာ မားစ် နှင့် ဗီးနပ်စ် အတူလက်တွဲပြီး ထွက်ပေါ်လာတော့မည်ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်..။
စစ်ပွဲတွေအားလုံး ရပ်ဆိုင်းပြီး လူသားအားလုံး ချစ်ခြင်းမေတ္တာတရားနဲ့ ငြိမ်းချမ်းရေး ရနိုင်ကြပါစေ..။
သန့်ဦး (အာကာသနှင့် စကြဝဠာ)

No comments:

Post a Comment