Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, February 13, 2015

ချစ်သူများနေ့ ဘယ်လိုဖြတ်သန်းနေကြလဲ ????? (အုပ်ထိန်းသူ မိဘများအတွက်)

ရန်ကုန်မြို့တွင်း လမ်း ဘေးရှိလိင် နှင့် ဆက်စပ်ပစ္စည်းများရောင်းချသည့်ဆိုင်များ ယခုရက်ပိုင်းအ တွင်း အရောင်းသွက်လို့နေသည်။

ထိုသို့ရောင်းအားမြင့်တက် လာစေခြင်းမှာ ဖေဖော်ဝါရီ ၁၄ ရက် ဗယ်လင်တိုင်းဒေး(ချစ်သူ များနေ့)နှင့်တိုက်ဆိုင်နေခြင်းက ယင်းဈေးကွက်တွင် အရောင်းအ ၀ယ်ပြုလုပ်နေသူများအတွက် အ သစ်အဆန်းတော့မဟုတ်ပေ။

‘‘ဒီလိုရက်မျိုးတွေမှာရောင်း အားကောင်းတတ်တာက အစဉ် အလာတစ်ခုလိုတောင်ဖြစ်နေပြီ။ လူငယ်နဲ့ လူလတ်ပိုင်းအရွယ်တွေ အ၀ယ်များလာတယ်’’ဟု တာမွေ မြို့နယ်ရှိ ဆေးဝါးအရောင်းဆိုင် မှ ကိုအောင်စိုးကပြောသည်။

လူငယ်များကြားအစဉ်အ လာတစ်ခုပမာဖြစ်လာသော ချစ်သူများနေ့တွင် အခန်းတစ်ခန်းအ တွင်း နှစ်ယောက်အတူဖြတ်သန်း စေမှု၌ ယောက်ျားလေး၏ စည်းရုံးသိမ်းသွင်းခြင်းကြောင့် ပါသွားရခြင်းရှိသကဲ့သို့ ဆေးဝါးများက လည်း ယင်းသို့ဖြစ်ပေါ်စေရန် တွန်းပို့နေတတ်သည်။

လိင်စိတ်ကြွစေသည်ဆို သော ဆေးများမှာအမှန်တကယ် တွင် ထင်မြင်နေသည့်အတိုင်း ဆေးအာနိသင်မရှိနိုင်ဘဲ မူး ယစ်ဆေးတစ်မျိုးမျိုး ပါဝင်နေ နိုင်သောကြောင့်သာ ဖြစ်နိုင် ကြောင်း Marie Stopesအဖွဲ့အ စည်းမှ ဒေါက်တာစစ်နိုင်ကပြော သည်။

အချို့သောဖြစ်ရပ်များတွင် မူ မိန်းကလေးငယ်များ၏ အလို တူအလိုပါ ပါဝင်မှုများလည်းရှိလာပြီး ယခင်ကခိုးကြောင်ခိုးဝှက်ဝယ်ယူရာမှ မိန်းကလေးနှင့် ယောက်ျားလေးနှစ်ယောက်တွဲ၍ လာရောက်ဝယ်ယူမှုများပင်ရှိလာသည်ဟု ရောင်းချသူများက ပြောသည်။

လိင်စိတ်ကြွဆေးများအပြင် သန္ဓေတားဆေးများကိုလည်းယခု ရက်ပိုင်းအတွင်း ဆယ်ကျော် သက်လူငယ်များပင်ဝယ်ယူမှုများ လာသည်ဟု မင်္ဂလာဈေးရှိအ နောက်တိုင်းဆေးအရောင်းဆိုင် များထံမှ စုံစမ်းသိရှိရသည်။ အများစုမှာ တစ်ခါသုံးဆေးများကိုဝယ်ယူသုံးစွဲကြပြီး လစဉ်သုံးဆေးမှာမူပုံမှန်ထက်ပိုတက်လာခဲ့ခြင်းမရှိဟု မင်္ဂလာဈေးရှိဆေးဆိုင်တစ်ခုမှ ဆိုင်ရှင် ဦးသိန်းအောင်က ပြောသည်။

ချစ်သူများနေ့တွင် သွေး သားဆန္ဒအလဲအထပ်လုပ်ခွင့် တရားဝင်ခွင့်ပြုထားသည့်သဖွယ် ပြုမူလာခြင်းမှာ ကောင်းသည့် လက္ခဏာမဟုတ်ဟု ဝေဖန်မှုများ ရှိနေသည်။ သို့သော် အသိပညာ ပေးမှုတွင် ထိရောက်မှုနည်းပါးစွာ ရှိနေခြင်းကလည်း လူငယ်များအ တွက် မှားယွင်းမှုကိုပို၍အားဖြည့်ပေးထားသည့်သဘောဖြစ်နေသည်ဟု အငြိမ်စားပညာရေးမှူးဦးဘသိန်းကမှတ်ချက်ပြုသည်။

ယခင်နှစ်များကဲ့သို့ပင် ယနေ့ တွင် ရန်ကုန်မြို့တွင်း ဟိုတယ်၊ တည်းခိုခန်းများအတွက်အဆင် အပြေဆုံးနေ့တစ်နေ့ဖြစ်ခဲ့သည်။ 7Day သတင်းအဖွဲ့၏ စုံစမ်းမေး မြန်းမှုအရ အဆိုပါနေ့အတွက်အ ခန်းကြိုမှာမှုကို လဆန်းပိုင်းက တည်းက ပြုလုပ်ထားခြင်းများရှိ နေပြီး ယခုအခါအခန်းလွတ်မရှိ တော့လောက်အောင် ဖြစ်နေ ကြောင်း ဟိုတယ်နှင့်တည်းခိုခန်း များကဆိုသည်။

အများစုမှာ ကျပ်သောင်းဂ ဏန်းခန့်ဖြင့် နားနေနိုင်သော တည်းခိုခန်းနှင့် ဟိုတယ်များကို ကြိုတင်ချိတ်ထားကြခြင်းဖြစ်သည်။

‘‘ကျွန်တော်တို့ဟိုတယ် ဘွတ်ကင်က ဖေဖော်ဝါရီလဆန်း ပိုင်းကတည်းက အခန်းတွေအ ကုန်ပြည့်နေတာ။ ထူးထူးခြားခြား ဈေးနှုန်းလျှော့ချတာမျိုးမရှိဘူး။ ထူးထူးခြားခြားလုပ်သွားဖို့ရှိတာ ကတော့ အဲဒီနေ့မှာအခန်းတိုင်းမှာ နှင်းဆီပန်းတွေဖြန့်ချပေးသွားဖို့ တော့ရှိတယ်’’ဟုအခန်းပေါင်း၃၀ ဖွင့်လှစ်ကာ သုံးနှစ်ကျော်သက် တမ်းရှိ မြောက်ဥက္ကလာပရှိအမည် မဖော်လိုသောဟိုတယ်တစ်ခုမှ မန်နေဂျာကပြောသည်။

ထို့နေ့အတွက် တည်းခိုခန်း နှင့် ဟိုတယ်အချို့ကလည်းဈေး ကွက်မြှင့်တင်မှုအစီအစဉ်များဖြင့် စည်းရုံးဆွဲဆောင်မှုများပြုလုပ် ထားကြသည်။ အခန်းခဈေးလျှော့ ပေးခြင်း၊ လက်ဆောင်ပစ္စည်းပေး ခြင်းများဖြင့်ဆွဲဆောင်ထားကြ ခြင်းဖြစ်သည်။

ချစ်သူရည်းစားများအတွက် အဆိုပါနေ့တွင် အခန်းတစ်ခန်းအ တွင်း အတူဖြတ်သန်းနေထိုင်ရန် ဆုံးဖြတ်ချက်က တစ်သက်တာဘ ၀ဖြတ်သန်းမှုအတွက် အမည်းစက်အစွန်းခံလိုက်ရခြင်းဖြစ်သည်ဟု အမျိုးသမီးလူမှုဘ၀မြှင့်တင်ရေးအဖွဲ့မှ တာဝန်ရှိသူ ဒေါ်ခင်မာဝေကပြောသည်။

ယင်းတစ်ရက်တာအပြီးနောက်ဆက်တွဲလူမှုဘ၀ပြဿနာ များလည်း အဆိုပါလူငယ်များကြားရှိနေတတ်ကြသည်။

‘‘သန္ဓေတားဆေးသုံးပြီး မထိ ရောက်လို့ ကိုယ်ဝန်ဖျက်ချဖို့ လာ စည်းရုံးအကူအညီတောင်းတာက တော့ သင်္ကြန်နဲ့ ဗယ်လင်တိုင်းလိုရက်မျိုးမှာပိုကြုံရတယ်။ ဆရာ ၀န်ကျင့်ဝတ်အရ ဒီလိုလုပ်ပေးလို့ မရဘူး။ အချို့ကျင့်ဝတ်မညီတဲ့ ဆရာဝန်တွေတော့ရှိကောင်းရှိမှာ ပေါ့’’ဟု ပန်းဘဲတန်းမြို့နယ်မှ အ ထွေထွေရောဂါကုဆရာဝန် ဒေါက်တာခင်မောင်လတ်ကပြော သည်။

သန္ဓေတားဆေးမတည့်ခြင်း ကျွမ်းကျင်ဆရာဝန်ဖြင့် ပြသခြင်း မရှိဘဲ မိမိသဘောဖြင့် ကြုံသလို ဆေးဝယ်သောက်ခြင်းကြောင့် ဖြစ်ပေါ်လာရသည့် အမျိုးသမီး များအတွက် နောက်ဆက်တွဲကြုံ တွေ့ရမည့် ရောဂါများအပြင် ကူး စက်ရောဂါများအတွက်လည်း စိုး ရိမ်စရာအခြေအနေဖြစ်နေသည်။

‘‘လူငယ်အတော်များများက အိမ်က မသိရအောင် တစ်ခါသုံးဆေးတွေသောက်ပြီး ဖြေရှင်းကြတယ်။ ဆေးညွန်းလည်း မဖတ်ကြတော့ တည့်လား၊ မတည့်လား မသိတော့ဘူး။ အဲဒီ အတွက်ဖြစ်လာတဲ့ အကျိုးဆက်တွေက အများကြီး’’ဟု လသာမြို့နယ်မှ အထွေထွေနှင့် သားဖွားမီးယပ်ဆရာဝန် ဒေါက်တာ ချိုချို ဇင်ကပြောသည်။

ချစ်သူများနေ့ကို ထိုသို့ကာမစိတ်ဖြင့် ဖြတ်သန်းလိုသူများရှိသ ကဲ့သို့ ရိုးသားဖြူစင်စွာဖြတ်သန်း လိုသည့် သူများအတွက်လည်း ကြည့်နူးပျော်ရွှင်စွာ ဖြတ်သန်းနိုင် မည့်အခွင့်အလမ်းများကရှိနေပါ သေးသည်။

‘‘ချစ်သူများနေ့အထိမ်းအ မှတ်ပန်းစည်းနဲ့ ချောကလက် အရုပ်အိမ်အရောက်ပို့ပေးတဲ့ ၀န် ဆောင်မှုတွေပေးထားတယ်။ အော်ဒါမှာယူမှုလည်း အများကြီးရထားတယ်’’ဟု ချစ်သူများနေ့အထူးအစီအစဉ်ဖြင့် ဆောင်ရွက်ပေးနေမှုနှင့် ပတ်သက်၍ Gift အွန်လိုင်းဝန်ဆောင်မှုမှ တာဝန်ရှိသူ မခင်ငြိမ်းငြိမ်းအေးကပြောသည်။

ယင်းနေ့အထိမ်းအမှတ်ဈေး ရောင်းပွဲနှင့် ဂိမ်းကစားပွဲများကို လည်း ရန်ကုန်မြို့အတွင်း ဈေး ၀ယ်စင်တာအများစုတွင် လုပ် ဆောင်နေသည်။

ဈေးဝယ်စင်တာနှင့် ၀န် ဆောင်မှုလုပ်ငန်းများကလည်း ရင်ခုန်ဖွယ်ရာအစီအစဉ်များ ဖန် တီးပေးထားကြသည်။ မိမိချစ်သူ အား တန်ဖိုးထားသူများအတွက် လူမြင်ကွင်းတွင် ပျော်ရွှင်စွာ ဖြတ် ကျော်သွားသင့်သည်ဟု လူငယ် ရေးရာစောင့်ကြည့်သူများက ပြောသည်။

‘‘ချစ်သူများနေ့က ကျွန်တော်အတွက် သိပ်တော့ထူးထူးခြား ခြားမရှိပါဘူး။ ချစ်သူနဲ့အတူရှိနေ တဲ့နေ့က ချစ်သူများနေ့ပဲ။ အဲဒီ နေ့မှာ မိဘတွေစိတ်မပူအောင် လူငယ်တွေ အိမ်စောစောပြန်ကြ စေချင်တယ်’’ဟု အင်ဂျင်နီယာ ကိုသက်ပိုင်အောင်ကဆိုသည်။

‘‘လက်မထပ်ရသေးဘဲ စည်း ကျော်တာတော့ မကောင်းဘူး လေ။ ကျွန်တော်တို့နှစ်ယောက် ကတော့ အဲဒီနေ့မှာ စိတ်လုံခြုံစွာ နဲ့ သူငယ်ချင်းတွေနဲ့ အတူတူပဲ ဖြတ်သန်းသွားမှာပါပဲ’’ ဟု အသက် (၃၀) နှစ်အရွယ် ကိုသား ကြီးက ၎င်း၏ ချစ်သူကို ကြည့်ပြီး ပေါ့ပေါ့ပါးပါးလေသံဖြင့်ပြော သည်။

ထို့ကြောင့် လူငယ်များအ တွက် အဆိုပါအထိမ်းအမှတ်နေ့ တစ်နေ့တည်းမှာပင် ချစ်သူရည်း စားများကြားဖြတ်သန်းမည့် ပုံစံ ချင်းကွာခြားလို့နေသည်။

ချစ်သူများနေ့တွင် လူငယ် များ နှစ်ကိုယ်တည်းဖြတ်ကျော်လို မှုအခြေအနေနှင့် ပတ်သက်၍ 7Day သတင်းစာက အသက် (၁၈)နှစ်မှ (၃၀) နှစ်ကြားရှိ အမျိုးသား၊ အမျိုးသမီး ၅၀ဦးအား ကျပန်းမေးမြန်းခဲ့သည်။

မေးမြန်းထားသူ ငါးဆယ်တွင် အမျိုးသား ၃၂ဦးနှင့်အမျိုးသမီး ၁၈ဦးပါဝင်သည်။ ထိုသို့ မေးမြန်းရာ၌ စစ်တမ်းတွင်ပါဝင်သော မိန်းကလေး ၁၈ဦးအနက် တစ်ဦးက ချစ်သူများနေ့တွင်ချစ်သူနှင့်အတူနေ၍ကျော်ဖြတ်မည်ဟု ပွင့်လင်းစွာဖြေကြားခဲ့ပြီး မသိသေးဟုဖြေဆိုသူငါးဦးရှိကာ အတူ မနေသင့်ဟု ဖြေသူ ၁၂ဦးရှိသည်။ ထို့အတူယောက်ျားလေး ၃၂ဦးတွင် ချစ်သူနှင့်အတူနေရန် တောင်းဆိုသူ ရှစ်ဦးရှိပြီး မသိဟုဖြေဆိုသူလေးဦးရှိကာ မတောင်းဆိုဟုဖြေသူ၂၀ဦးရှိသည်။ ဖြေဆိုသူ ၅၀ဦးတွင် လက်ရှိချစ်သူနှင့် မိမိလက်တွဲဖော်အဖြစ်ရွေးချယ် ဆုံးဖြတ်ထားသည်ဟုဆိုသူ ၃၂ဦး ရှိပြီး မယူဟုဆုံးဖြတ်သူ ကိုးဦးရှိကာ မသိသေးဟုဆိုသူကိုးဦးရှိခဲ့သည်။

အထက်ပါဖြေကြားမှုများ ကို ကြည့်ခြင်းအားဖြင့် ချစ်သူများ နေ့အပေါ် လူငယ်အချို့၏ ခံယူမှု ပုံစံ၊ လက်မထပ်မီအတူနေထိုင် လိုမှုစိတ်ဆန္ဒများကိန်းအောင် လာမှုရှိလာသည်ကိုတွေ့လာရ မည်ဖြစ်သည်။ သို့သော် ယခုမေး မြန်းမှုက တစ်နိုင်ငံလုံးအတိုင်းအ တာ လွှမ်းခြုံနိုင်မှုမရှိသေးပေ။

7day daily

No comments:

Post a Comment