Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, February 18, 2015

ဂမုန်းပွင့်ကုန်တိုက်မီးလောင် ပိတ်မိနေသူများကို ခက်ခက်ခဲခဲ ကယ်ထုတ်ရ

တိုက်ပေါ်တွင် ပိတ်မိနေသူတစ်ဦးကို မီးသတ်လှေကားမှတစ်ဆင့် ကယ်တင်နေစဉ် (ဓာတ်ပုံ − ဇွဲဉာဏ်)
ကမ္ဘာအေးဂမုန်းပွင့်ကုန်တိုက်တွင် ဖေဖော်ဝါရီ ၁၈ ရက်ညက မီးလောင်ခဲ့ရာ ကုန်တိုက်အတွင်းလှိုက်၍ လောင်ကျွမ်းသောကြောင့် မီးသတ်တပ်ဖွဲ့ဝင်များက ခက်ခက်ခဲခဲ ငြှိမ်းသတ်ခဲ့ရပြီး တိုက်ပေါ်ရှိ ပိတ်မိနေသူ ၃၀ ကျော်ကို ကယ်တင်ခဲ့ရသည်။
ကုန်တိုက် တတိယထပ်မှည ၉ နာရီကျော်တွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး လောင်ကျွမ်းရသည့် အကြောင်းရင်း အတိအကျကိုမူ မသိရှိရသေးပေ။ သို့သော် ကုန်တိုက်နောက်ဘက် (၉)ရပ်ကွက်မှ ပြည်သူများက ည ၉ နာရီ ၁၀ မိနစ်ခန့်တွင် ကုန်တိုက်အတွင်း အသံကျယ်လောင်စွာ ကြားရ၍ လုံခြုံရေး ၀န်ထမ်းများကို မေးမြန်းရာ တရုတ်နှစ်သစ်ကူးဖြစ်သောကြောင့် ဗျောက်အိုးဖောက်နေခြင်းသာဖြစ်ကြောင်း ပြောသည်ဟု ဆိုသည်။
ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များ ကိုယ်တိုင် မီးသတ်ဆေးဘူးများယူဆောင်၍ အပေါ်ထပ်တက်သွားကြသောကြောင့် မီးလောင်နေခြင်းဟုသိရှိပြီး မီးသတ်တပ်ဖွဲ့သို့ အကြောင်းကြားပေးခဲ့သည်ဟု ၀ိုင်ယာလက်(၃)လမ်း၊(၉)ရပ်ကွက်နေ ကိုဇော်ကပြောသည်။ အတွင်း၌ လှိုက်၍လောင်သောကြောင့် အတွင်းသို့ ၀င်ရောက်မီးငြှိမ်းသတ်ရန် ကြိုးပမ်းသည့် မီးသတ်တပ်ဖွဲ့ဝင်အချို့ မီးခိုးမွန်ပြီး ဆေးကုသပေးခဲ့ရသည်။တိုက်အပေါ်ထပ်တွင် ပိတ်မိနေသူများကို မီးသတ်လှေကားမှ တစ်ဆင့် ချပေးခဲ့ရပြီး ည ၁၂ နာရီခွဲ
တွင် ရှစ်လွှာရှိ နိုင်ငံခြားသားတစ်ဦးသာ ကယ်ထုတ်ရန် ကျန်ရှိကာ၎င်းက ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့်အတူ မလိုက်ပါသည့်အတွက် ခေါ်ဆောင်၍မရ ဖြစ်နေကြောင်း မီးသတ်တပ်ဖွဲ့ဝင်များက ပြောသည်။ ကယ်တင်ခဲ့ရသူများတွင် ရင်ခွင်ပိုက်အရွယ် ကလေးငယ်တစ်ဦးလည်း ကယ်တင်ပေးခဲ့သည်။ မီးစတင်လောင်ကျွမ်းစဉ်ဓာတ်လှေကားအတွင်း ပိတ်မိနေသော နိုင်ငံခြားသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ကယ်တင်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ ၁၂နာရီ တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၁ နာရီထိ အပြီးသတ်ငြှိမ်းသတ်နေသည်။

No comments:

Post a Comment