Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, February 19, 2015

သတိုးသား ၀က်ရူးပြန်မူးမေ့သွား၍ သတိုးသမီးက မင်္ဂလာပွဲလာ ဧည့်သည်ကို လက်ထပ်ယူ


အိန္ဒယနိုင်ငံ အနောက်ဘက်ရှိ ရမ်ပူရမြို့မှ မင်္ဂလာပွဲတခုတွင် ၂၅နှစ်အရွယ် သတိုးသားဖြစ်သူ ဂျုဂယ်ကီရှောသည် ရိုးရာထုံးစံအတိုင်း ပန်းကုံးလဲလှယ်ပြီးချိန်တွင် လဲကျသွားခဲ့သည်။

ယင်းအဖြစ်အပျက်သည် အသက် ၂၃နှစ်အရွယ် သတိုးသမီး အိန္ဒြာကို တုန်လှုပ်ခြောက်ခြားစေခဲ့ပြီးနောက် ဂျုဂယ်ကီရှောတွင် ၀က်ရူးပြန်ရောဂါရှိနေခြင်းကို ကြိုတင်အသိမပေးခဲ့သဖြင့် အိန္ဒြာနှင့်မိသားစုဝင်များက ဒေါသဖြစ်ခဲ့ကြသည်။

မင်္ဂလာဆောင်ပွဲကို မဖျက်သိမ်းဘဲ အိန္ဒြာက ပွဲတက်လာသော မတ်တော်သူ ဟာပယ်ဆင်းကို သတိုးသားသစ်အဖြစ် ရွေးချယ်လိုက်ရာ ဂျင်းဘောင်းဘီနှင့် သရေဂျက်ကတ်ဝတ်ဆင်ထားသူ ဆင်းက သဘောတူလက်ခံခဲ့သည်။ ယင်းသို့ သတိုးသား ပြောင်းလိုက်ပြီး မင်္ဂလာပွဲကို ဟန်မပျက် ဆက်လက်ကျင်းပခဲ့ကြသည်။

မစ္စတာဂျုဂယ်ကီရှော ဆေးရုံတွင် ကုသမှုခံယူအပြီး မင်္ဂလာပွဲသို့အပြန် အခြားအမျိုးသားတဦးနှင့် မင်္ဂလာပွဲနွှဲနေသည့် အိန္ဒြာက တွေ့ရှိပြီး တုန်လှုပ်ခြောက်ခြားခဲ့ကာ သူမ၏ဆုံးဖြတ်ချက်ကို ပြင်ဆင်ရန် တောင်းပန်တိုးလျှိုးခဲ့ကြသည်။ သံခင်းတမန်ခင်း မအောင်မြင်တော့သည့်နောက်ဆုံး မစ္စတာဂျုဂယ်ကီရှောနှင့် မိသားစုဝင်များ ဒေါသအပြင်းအထန်ထွက်ပြီး မင်္ဂလာပွဲကို အကြမ်းဖက်နှောက်ယှက်ရာ ပန်းကန်ခွက်ယောက်များဖြင့် အပြန်အလှန်ပစ်ပေါက်မှုများ ဖြစ်ခဲ့သည်။

ယင်းနောက် မစ္စတာကီရှော၏ မိသားစုက ရဲစခန်းတွင်အမှုဖွင့် ခဲ့ကြသော်လည်း သက်ကြီးရွယ်အို ဆွေမျိုးများက တားမြစ်သဖြင့် အမှုပိတ်ပေးခဲ့ကြောင်း သိရသည်။

မင်္ဂလာပွဲလာ ဧည့်သည် ၂ဦးကို ခဏတာထိန်းသိမ်းခဲ့ရကြောင်း ရဲစခန်းမှ တာဝန်ရှိသူ အာရ်ပီ ဆိုလန်ကီ က The times Of India ကို ပြောသည်။

“မိသားစု ၂ စုစလုံး သဘောထားကြီးစွာနဲ့ ပြဿနာကို ဖြေရှင်းခဲ့ကြတယ်၊ အမှုကို ပြန်ပိတ်လိုက်ပါပြီ၊ ကီရှောနဲ့ သူ့မိသားစုဝင်တွေ စိတ်အေးချမ်းသာစွာနဲ့ မိုရာဒါဘတ် ကိုပြန်သွားကြပါပြီ”ဟု အာရ်ပီ က ပြောသည်။

Ref ; The Independent
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment