CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ မိဘပြည်သူများ သို့ မေတ္တာရပ်ခံ ပန်ကြားချက်
VIDEO ========================== ================= ပြည်ထောင်စုသမ္မတမြန်မာနိုင် ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့သည် သတင်းထုတ်ပြန်ချက် ( ၃ / ၂၀၁၅ ) ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက် ၁၃၇၆ ခု၊ တပို့တွဲလပြည့်ကျော် ၂ ရက် ဒီကနေ့ရက်စွဲဖြင့် ထုတ်ပြန်ပါသည်။ အဆိုပါသတင်းထုတ်ပြန်ချက်အပြ ည့်အစုံမှာ- အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ မိဘပြည်သူများ သို့ မေတ္တာရပ်ခံ ပန်ကြားချက် ၁။ နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်း ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးတို့အတွ က် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် ပြည်သူများအပိုင်းမှလည်း တာဝန်သိသိဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ ကြသဖြင့် အောင်မြင်သင့် သလောက် အောင်မြင်မှုများ ရရှိခဲ့ကြပါသည်။
၂။ တိုင်းပြည် တည်ငြိမ်အေးချမ်းမှုရှိမှသာ ပြည်သူများ စိတ်အေးချမ်းသာ
စွာဖြင့် နေထိုင်လုပ်ကိုင် စားသောက်နိုင်မည်ဖြစ်ပြီး လူမှုစီးပွားဘဝ
ဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်ပါသည် ။ ၃။ မိမိတို့နိုင်ငံအနေဖြင့် ဆူပူအကြမ်းဖက်မှုများကြောင့်
တိုင်းပြည် မတည်မငြိမ်ဖြစ်ခဲ့ရပြီး အဖက်ဖက်မှ ဆုံးရှုံးနစ်နာမှုများ
ကမ္ဘာ့အလယ်တွင် မျက်နှာပျက်စရာများကို မိမိတို့နိုင်ငံအနေဖြင့်
ကြုံတွေ့ခဲ့ရပြီး ဖြစ်ပါသည်။ ၄။ ဒီမိုကရေစီစနစ် ကျင့်သုံးရာတွင်
နိုင်ငံသားတိုင်းသည် လွတ်လပ်မှုနှင့် အတူ နိုင်ငံတော် လုံခြုံရေး၊
တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး
တာဝန်များကို လည်း လေးစား လိုက်နာကြရမည်ဖြစ်ပါသည်။ ၅။ ယခုအခါ
အမျိုးသားပညာရေးဥပဒေကို အကြောင်းပြုပြီး နေရာဒေသ အချို့တွင် ဥပဒေနှင့်
မညီညွတ် သော ဆန္ဒပြမှုများ ပြုလုပ်နေကြပါသည်။ ပညာရေးကဏ္ဍ
ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာ တွင် ကျောင်းသားများ၏
စစ်မှန်သောပညာရေးဆိုင်ရာဆန္ဒ များကို မိမိတို့ အစိုးရအဖွဲ့ အနေဖြင့် လွှတ်တော်သို့ တင်ပြ၍ ဆောင်ရွက်ပေးနိုင်သည်များ ကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသ ည်။
၆။ ပညာရေးဆိုင်ရာကိစ္စကို အကြောင်းပြုပြီး ဆူပူမှုများ ဖြစ်ပေါ်လာစေ ရန်
ကျောင်းသား လူငယ်များကို အသုံးချ၍ ကျောင်းသားအမည်ခံသူ များ၊ နောက်ကွယ်မှ
ကြိုးကိုင် ဆောင်ရွက်နေသူများ၊ အားပေး အားမြှောက် ပြုနေသည့်
နိုင်ငံရေးအဖွဲ့အစည်းအချို့ ပါဝင်ပတ်သက်နေသည်ကို တွေ့ရှိရပါသည်။ ၇။ သို့ပါ၍ တိုင်းပြည်တည်ငြိမ်အေးချမ်း ရေးကို
လိုလားကြသော ရဟန်းရှင်လူ ပြည်သူများ၊ နိုင်ငံရေး အဖွဲ့အစည်းများ၊ လွှတ်တော်
ကိုယ်စားလှယ်များ၊ လူမျိုးစုခေါင်းဆောင်များ၊ အရပ်ဖက် လူ့အဖွဲ့အစည်းများ
အနေဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်း ရေးနှင့်
တရားဥပဒေ စိုးမိုးရေးတို့ အတွက် မိမိတို့ အစိုးရအဖွဲ့နှင့်အတူ
ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြ ပါရန် မေတ္တာရပ်ခံပန်ကြားအပ်ပါသည်။
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ မိဘပြည်သူများ သို့ မေတ္တာရပ်ခံ ပန်ကြားချက်
Reviewed by
သတင်းစုံပျော်ဝင်အိုးကြီး
on
February 05, 2015
Rating:
5
No comments:
Post a Comment