Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 1, 2015

ရွှေစက်တော်ဘုရားဖူးယာဉ် အရှိန်လွန် လမ်းဘေးသစ်ပင်တိုက်မိ သုံးဦးသေ၊ ခြောက်ဦးဒဏ်ရာရရှိ


ရွှေတောင် ဖေဖော်ဝါရီ ၁

ရွှေတောင်မြို့မ ရဲစခန်းအပိုင် ရဲစခန်း အရှေ့တောင်ဘက် လေးမိုင်ခန့်အကွာ မီးလောင်အုပ်စု၊ ဝါးလည်ရွာ အနီးတွင် ဇန်နဝါရီ ၃၁ ရက်က ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သိရသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်ခရိုင် ရွှေတောင်မြို့နယ် ရဲစခန်းမှ ဒုရဲအုပ်သော်ဇင်နှင့်အဖွဲ့ သွားရောက်စစ်ဆေးရာ ယာဉ်မောင်း ရဲဝင်းဖြိုး (၂၉နှစ်)ဝေါမြို့နေသူ မောင်းနှင်ပြီး သံဃာနှစ်ပါး အပါအဝင် ဘုရားဖူး ၁၅ ဦးခန့် လိုက်ပါ လာသော ယာဉ်အမှတ် YGN9F/-- ---- လိုက်ထရပ် (အဖြူရောင်)ယာဉ်သည် ရန်ကုန်ဘက်မှ ပြည်ဘက်သို့ မောင်းနှင်လာစဉ် ဝါးလည်ရွာအနီး မိုင်တိုင်အမှတ် (၁၆၇/၅)နှင့် ၆ အကြား လမ်း၏ယာဘက် သစ်ပင်ကို အရှိန်လွန်၍ တိုက်မိပြီး ယာဉ်ပေါ်ပါ အမျိုးသမီးသုံးဦး သေဆုံး၍ သံဃာတစ်ပါးနှင့် လူခြောက်ဦးတို့မှာ ဒဏ်ရာများရရှိခဲ့ကြသည်။

ဒေါ်လှမြင့် (၅၅နှစ်) (သေဆုံး)လယ်လုပ်ကဗျားကျေးရွာ ဝေါမြို့၊ ဒေါ်အုန်းရီ (သေဆုံး) ဝေါမြို့၊ မနန်းရွှေခိုင်(၂ဝနှစ်) (သေဆုံး) ဝေါ မြို့၊ မအေးမာ (၂၅နှစ်) (အတွင်း လူနာ၊ စိုးရိမ်ရ)၊ ခင်ရတနာထွန်း (၁၅နှစ်) နဝမတန်းကျောင်းသူ ဝေါမြို့ (မစိုးရိမ်ရ)၊ မမျိုးမြင့်မြတ် (၁၅ နှစ်) နဝမတန်းကျောင်းသူ ဝေါမြို့ (မစိုးရိမ်ရ)၊ မခိုင်(၄ဝနှစ်) ဝေါမြို့ (မစိုးရိမ်ရ)၊ ဦးဝါယမ သက်တော် (၄ဝနှစ်) ဝါတော်(၂ဝ) ဓမ္မရန်အောင် ကျောင်းတိုက် ကျောင်းထိုင်ဆရာတော်ဝေါမြို့(မစိုးရိမ်ရ)၊ ရဲဝင်းဖြိုး (၂၉နှစ်) ယာဉ်မောင်း ဝေါမြို့ (မစိုးရိမ်ရ) တို့ ဖြစ်ကြသည်။

၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ ဇန်နဝါရီ ၃၁ ရက် နံနက် ၆ နာရီခွဲ တွင် ဒုရဲအုပ် သော်ဇင်ကယာဉ်ကို ပေါ့ဆစွာ မဆင်မခြင်မောင်းနှင်သော ယာဉ်မောင်းရဲဝင်းဖြိုး ဝေါမြို့နယ်နေသူကို အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(၁၁၆)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

No comments:

Post a Comment