သပိတ်မှောက်ကျောင်းသားများ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံ ဆွေးနွေး စဉ်(ဓာတ်ပုံ-အင်န်အယ်လ်ဒီ ဖေ့စ်ဘွတ်ခ်)
အမျိုးသားပညာရေး
ဥပဒေနှင့် ပတ်သက်၍ ဥပဒေပိုင်း ဆိုင်ရာ အကူအညီများပေးရန်
ဒေါ်အောင်ဆန်းစုကြည်ကို သ ပိတ်မှောက်ကျောင်းသားများက တွေ့ဆုံကာ
အကူအညီတောင်းခံခဲ့ကြောင်း သတင်းရရှိသည်။
အမျိုးသားပညာရေးဥပဒေ
ပြန်လည်ပြင်ဆင်ရေးတွင် ဥပဒေ ပိုင်းဆိုင်ရာကိစ္စရပ်များ အကူ အညီပေးရန်
ဖေဖော်ဝါရီ ၁၂ ရက်က နေပြည်တော်ရှိ ဒေါ်အောင် ဆန်းစုကြည်၏ နေအိမ်၌
အမျိုးသားပညာရေးဥပဒေကို သပိတ် မှောက်သော ကျောင်းသားများက
သွားရောက်တွေ့ဆုံကာ ဒေါ် အောင်ဆန်းစုကြည်ထံ အကူအ ညီတောင်းခံခြင်း ဖြစ်သည်။
‘‘လွှတ်တော်မှာ
ဒီဥပဒေကို ပြင်မယ့် ဥပဒေကြမ်းကို ဆွေးနွေး တဲ့အခါ အမျိုးသားဒီမိုကရေစီအ
ဖွဲ့ချုပ်က အကောင်းဆုံးဖြစ်အောင်ဆွေးနွေးပေးမယ်လို့ အန်တီ (ဒေါ်
အောင်ဆန်းစုကြည်)က ကျွန်တော်တို့ကို ပြောပါတယ်’’ဟု တွေ့ဆုံရာတွင်
ပါဝင်ခဲ့သူကိုဇေယျာလွင်ကပြောသည်။
အမျိုးသားပညာရေးဥပဒေ ကို
ပြင်ဆင်သည့် ဥပဒေကြမ်း အား လွှတ်တော်တွင် ဆွေးနွေး သည့်အခါ
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ကျောင်းသား များ တောင်းဆိုထားသည့်
အချက် များ အတည်ပြုပေးနိုင်ရန် အ ကောင်းဆုံးဆွေးနွေးသွားမည်ဖြစ် သော်လည်း
ပါတီ၏ လွှတ်တော် ကိုယ်စားလှယ်ဦးရေသည် လေး ဆယ်ကျော်သာရှိသည့်အတွက်
မဲခွဲဆုံးဖြတ်မှုများကိုမူ အာမမခံ နိုင်ကြောင်း ဒေါ်အောင်ဆန်းစု ကြည်က
ပြောကြားခဲ့သည်ဟု ကို ဇေယျာလွင်က ဆိုသည်။
အဆိုပါတွေ့ဆုံမှုတွင်
အမျိုးသားပညာရေးဥပဒေပြင်ဆင်နိုင် ရေးအတွက် လေးပွင့်ဆိုင်တွေ့ဆုံ
မှုရလဒ်များ၊ သပိတ်စစ်ကြောင်း အခြေအနေများအား သပိတ်မှောက်ကျောင်းသားများက
ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြဆွေးနွေးခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့်
သပိတ်မှောက်ကျောင်းသားများ တွေ့ဆုံမှုသည် သုံးနာရီခန့်ကြာ မြင့်ခဲ့သည်။
ပညာရေးဥပဒေကို အကောင်းဆုံးဖြစ်အောင် မည်ကဲ့ သို့ ၀ိုင်းဝန်းကူညီဆောင်ရွက်ရ
မည်ဆိုသည်ကို ဒေါ်အောင်ဆန်း စုကြည်က တွေ့ဆုံမှုတွင် ပါဝင် သော
ကျောင်းသားများ၏ သ ဘောထားအား မေးမြန်းခဲ့သည်ဟု
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သတင်းထုတ်ပြန်မှုတွင်
ပါရှိသည်။အဆိုပါတွေ့ဆုံမှုတွင် ဒေါ် အောင်ဆန်းစုကြည်နှင့်အတူ အ
မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသည့်
ဒေါ်စုစုလွင်၊ ဦးဖြိုး ဇေယျာသော်၊ ဦးသိမ်းဆွေတို့ပါ ၀င်ကာ
သပိတ်မှောက်ကျောင်း သားများဘက်မှ ကျောင်းသား ၁၁ ဦးပါဝင်ခဲ့သည်။
ယခုလ
၁၁ ရက်က ရန်ကုန် မြို့ရှိ လွှတ်တော်အဆောက်အအုံ တွင် ပြုလုပ်ခဲ့သော အစိုးရ၊
လွှတ်တော်၊ သပိတ်မှောက်ကျောင်း သားခေါင်းဆောင်များနှင့် ပညာ
ရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင် ငံလုံးဆိုင်ရာ ကွန်ရက် (NNER)
တို့ပါဝင်သည့် လေးပွင့်ဆိုင်တွေ့ဆုံပွဲ၌
သပိတ်မှောက်ကျောင်းသားများတောင်းဆိုသောအချက် ၁၁ ချက်ကိုမူအားဖြင့်
ညှိနှိုင်းသဘောတူညီမှုရရှိခဲ့သည်။
အမျိုးသားပညာရေး ဥပဒေတွင်
ဗဟိုချုပ်ကိုင်မှုများပါဝင်နေခြင်း၊ ကျောင်းသား၊ ပြည်သူကို
အခြေမခံခြင်းနှင့် ကျောင်းသားသမဂ္ဂများဖွဲ့စည်းခွင့်မရရှိခြင်းစသည့်
အချက်များကို ပြုပြင်ပေးရန် သပိတ်မှောက်ကျောင်းသားများက တောင်းဆိုခဲ့သည်။
7day daily
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, February 13, 2015
ဥပဒေ ပိုင်းဆိုင်ရာ အကူအညီ များ ပေးရန် သပိတ်မှောက် ကျောင်းသားများ ဒေါ် အောင်ဆန်း စုကြည် နှင့် တွေ့ဆုံ
ဥပဒေ ပိုင်းဆိုင်ရာ အကူအညီ များ ပေးရန် သပိတ်မှောက် ကျောင်းသားများ ဒေါ် အောင်ဆန်း စုကြည် နှင့် တွေ့ဆုံ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
February 13, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment