Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, February 11, 2015

သြစတြေးလျနိုင်ငံတွင် အပူလွန်ကဲ၍ အင်တာနက် ဆာဗာများ ပိတ်ခဲ့ရ

သြစတြေးလျ နိုင်ငံ ပါတ်မြို့တွင် တည်ရှိသည့် iiNet ဟု ခေါ်သော ISP မှာ လွန်ကဲလာသည့် အပူချိန်ကြောင့် ၄င်းတို့၏ ဒေတာစင်တာမှ Sever များကို ပိတ်ခဲ့ရကြောင်း သိရသည်။

သြစတြေးလျ၏ ဒုတိယ အကြီးဆုံး ISP မှာ iiNet ဖြစ်ပြီး အပူချိန်မှာ ၄၄ ဒသမ ၄ ဒီဂရီ စင်တီဂရိတ် အထိ မြင့်တက် လာခဲ့သဖြင့် ကြိုတင် ကာကွယ် တားဆီးရေး ဆောင်ရွက်မှု တစ်ခုအနေဖြင့် iiNet မှ နည်းပညာရှင် များက Server များကို ခေတ္တပိတ်ပင် ခဲ့ရသည်။ iiNet က Server များကို ပိတ်ပင်ခဲ့ သဖြင့် iiNet ဖြင့် အင်တာနက် အသုးံပြုသူ များက ခြောက်နာရီနှင့် မိနစ် ၃ဝ ခန့် အင်တာနက် အသုံးပြုခွင့် ပိတ်ခဲ့သဖြင့် iiNet ကြောင့် အင်တာနက် အသုံးမပြုရသူ အမြောက်အမြား က အခြား ISP တစ်ခုကို အသုံးပြုကာ iiNet လိုင်းကျ နေသဖြင့် ဒေါသထွက် ရကြောင်း တွစ်တာပေါ်တွင် ဖွင့်ဟပြောဆို ကြသည်။ သြစတြေးလျ နိုင်ငံသား အမြောက်အမြား က iiNet ကို ပုတ်ခတ်ပြောဆို ခဲ့သဖြင့် iiNet ၏ နည်းပညာ အရာရှိချုပ် Mark Dioguardi က ပါတ်မြို့တွင် အပူချိန် လွန်ကဲစွာ မြင့်တက်ခဲ့စဉ် ၌ ၄င်းတို့၏ ဒေတာစင်တာ များတွင် လေအေးပေးစက် စနစ်များ ချို့ယွင်းမှုများ ရှိခဲ့ကြောင်း၊ လေအေး ပေးစက်များ အလုပ်မလုပ် သဖြင့် iiNet server အချို့ကို ပိတ်ပင်ခဲ့ ရကြောင်း၊ လေအေးပေးစက် များကို ပြန်လည် ပြုပြင်ပြီးနောက် iiNet အသုံးပြုသူ များက အချိန်ပိုင်း အတွင်း အကောင်းတိုင်း ပြန်လည် အသုံးပြု နိုင်ရန် မျှော်လင့် ထားသော်လည်း အသုံးပြုသူ အချို့က အင်တာနက် ပြန်လည် ချိတ်ဆက်ရာတွင် အခက်အခဲများ ကြုံတွေ့ ခဲ့ရကြောင်း ဝန်ခံပြောဆို ခဲ့သည်။

iiNet server များ ပိတ်ပင်ခဲ့ ရသောကြောင့် သြစတြေးလျ အနောက်ပိုင်း New South Wales, Victoria နှင့် သြစတြေးလျ တောင်ပိုင်းရှိ iiNet အသုံးပြုသူများ အင်တာနက်လိုင်း ပြတ်တောက် ခဲ့ရကြောင်း သိရသည်။
http://www.pyichitthar.com/2015/01/blog-post_44.html

No comments:

Post a Comment