Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, February 25, 2015

အရွယ်မရောက်သေးသည့် မြန်မာလူငယ် ၂၃ ယောက် ပါဝင်သည့် တရားမ၀င် မြန်မာအလုပ်သမား ၈၆ ဦးနှင့် အတူ လူကုန်ကူးလာသူများအား ထိုင်းရဲ ဖမ်းမိ

အဆိုပါ အမျိုးသားနှစ်ဦးမှာ အသက် ၄၈နှစ်ရှိဆွန်နွတ်ခ် တမရွန်ဆတ်နှင့် အသက် ၅၀ အရွယ် ပရီချာ ဆင်ရိုတို့ ဖြစ်ပါသည်။ သူတို့ သည် မန်နိုရွန် ခရိုင်ရှိ လူဝန်ပေါ်အို ကြားစခန်းမှာ ဗန်ကားနှစ်စီးဖြင့် မြန်မာ အလုပ်သမားတွေ ကို ခေါ်လာစဉ် ဖမ်းမိရမိ ခဲ့ကြောင်း Bangkok Post သတင်းစာက မနေ့က ဖော်ပြထားပါသည်။

အမျိုးသမီး ၁၅ ယောက် ကလေး ၂၃ ယောက် အပါအ၀င် မြန်မာ တရားမ၀င် အလုပ်သမား ၆၈ ပါသည့် ဆွန်နွတ်နှင့်ပရီချာတို့ မောငိးလာသည့်ကားများကို ရဲစခန်း သို့ ခေါ်ဆောင် လာခဲ့ သည်ဟု မနိနိုရာခရိုင် ရဲအရာရှိတဦး က ပြောကြားသည်။

အဆိုပါလမ်းကြောင်းသည် လူကုန်ကူးသူများက တပ်ခ်ခရိုင် မဲဆောက်မြို့  ကနေ မှ မြန်မာတရားမ၀င် အလုပ်သမားများကို ခိုးသွင်းနေသည့် လမ်းကြောင်းဖြစ်သည်ဟ ထိုင်းရဲက ဆိုသည်။

ဖမ်းဆီးခံရသူများက သူတို့ ကို ဘန်ကောက်က စီးပွားရေး လုပ်ငန်းရှင် တဦး က အလုပ်သမား တယောက် အတွက် ဘတ်ငွေ ၃၀၀၀ ပေးပြီး ခေါ်ခိုင်း တာဖြစ်သည်ဟု ၀န်ခံ ထွက်ဆိုပါသည်။ သို့ သော် တခြားအသေးစိတ်ကို သူတို့ မသိရှိပါဟုဆိုသည်။

တရားမ၀င် အလုပ်သမားများငှားရမ်းနေသော စီးပွားရေးသမားများနှင့် တခြား ပတ်သက်သူ များကို ထိုင်းရဲတွေက စုံစမ်းလျှက်ရှိသည်ဟုသိရသည်။

လင်းလင်း

Ref - Bangkok Post
The Ladies News Journal

No comments:

Post a Comment