Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 15, 2015

ရန်ကုန်ကိုပေးမဝင်ရင် ပဋိပက္ခတွေ ပိုကြီးသွားမယ်

ရန်ကုန်တိုင်းအတွင်းကို ကျောင်းသားသပိတ်စစ်ကြောင်းတွေ ဝင်ရောက်မလာဖို့ မြန်မာအစိုးရက သတိပေးထားချိန်မှာတော့ ဆုံးဖြတ်ချက်ချထားတဲ့အတိုင်း သပိတ်စစ်ကြောင်းတွေ ရန်ကုန်ကိုဝင်သွားမယ့်အကြောင်း၊ မိဘပြည်သူနဲ့ကျောင်း ဆုံတွေ့မှုကို အစိုးရိမ်လွန်ပြီး အကြမ်းဖက်လာရင် ပဋိပက္ခပိုကြီးသွားမယ်လို့ ပဲခူးမြို့မှာ လေးပွင့်ဆိုင်ကို စောင့်ကြည့်နေတဲ့ ထားဝယ်-မော်လမြိုင်သပိတ်စစ်ကြောင်းက ဖေဖော်ဝါရီ ၁၄မှာ ပြောလိုက်ပါတယ်။
အစိုးရအနေနဲ့ အကြမ်းဖက်ဖြိုခွင်းမယ်ဆိုရင်တော့ တိုင်းပြည်အတွက် အကျည်းတန်တဲ့နောက်ဆက်တွဲတွေကို ကြုံတွေ့ရမှာဖြစ်တာမို့ ဖြေရှင်းတဲ့နည်းလမ်း မမှားဖို့ အစိုးရကိုပြောချင်တယ်လို့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှုဦးဆောင်ကော်မတီက ကိုဝေမိုးနိုင်က ပြောပါတယ်။
ပဲခူးမြို့ကိုရောက်နေတဲ့ သပိတ်စစ်ကြောင်းဟာ မုံရွာ-ပခုက္ကူ-ချောက်-ထားဝယ်-မ်ာလမြိုင်က သပိတ်တွေကို စုစည်းထားတာဖြစ်ပြီး ရန်ကုန်မြို့ကိုဝင်တာဟာ အစိုးရကိုဖြုတ်ချဖိုပမဟုတ်ဘဲ မိဘပြည်သူတွေကို အောင်ပွဲနဲ့နှုတ်ဆက်ချင်တယ်လို့ ဆိုပါတယ်။ အောင်ပွဲချီလာမယ့် သပိတ်စစ်ကြောင်းတွေကို ရန်ကုန်ကမိဘပြည်သူတွေ စောင့်မျှော်နေမှာဖြစ်ပြီး ဘယ်လိုလှုပ်ရှားမှုပဲဖြစ်ဖြစ် ပညာရေးဥပဒေရဲ့အလံအောက်ကိုပဲ ဆွဲခေါ်မှာမို့ အာမခံနိုင်တယ်လို့ ပြောပါတယ်။
မြေလတ်ဒေသစစ်ကြောင်းနဲ့ ထားဝယ်-မော်လမြိုင်ပူးပေါင်းစစ်ကြောင်းဟာ ဖေဖော်ဝါရီ ၁၃ရက်နေ့ညက ပဲခူးမြို့ကို ရောက်လာခဲ့ပြီး နဂါးရုံတောရကျောင်းတိုက်မှာ တစ်ညနားခဲ့ကြပါတယ်။ ဖေဖော်ဝါရီ ၁၄ရက်နေ့ ဆွေးနွေးပွဲကိုစောင့်ကြည့်ဖို့ ရပ်နားထားချိန် ပဲခူးခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်သိမ်းတို့က သပိတ်မှောက်ကျောင်းသားတွေနဲ့ လာရောက်ဆွေးနွေးခဲ့ပါတယ်။
မော်လမြိုင်ကစတင်ခဲ့တဲ့ သပိတ်စစ်ကြောင်းဟာ ကျိုက်ထိုမြို့နယ် ဆိပ္ဖူးတာင်ရွာ၊ မုပ္ပလင်၊ စစ်တောင်းတံတား၊ ဘုရားကြီး စတဲ့နေရာတွေမှာ အာဏာပိုင်တွေရဲ့ ပိတ်ဆို့တားဆီးမှုတွေကို ကြုံခဲ့ရပြီး သပိတ်ဟာ ဒီအတားအဆီးတွေကို အဆင့်ဆင့်ဖြတ်ကျော်ပြီး ပဲခူးကိုရောက်လာခဲ့ပါတယ်။
ကျောင်းသားသပိတ်စစ်ကြောင်းတွေကို ရန်ကုန်ထဲပေးမဝင်တာဟာ ကျောင်းသားတွေကို စော်ကားတာဖြစ်ပြီး ခြောက်တိုင်းကြောက်နေမှာမဟုတ်ဘူးလို့ မြေလတ်ဒေသ ဗကသများအဖွဲ့ချုပ်က ကိုသန့်ဇင်ထွန်းက ပြောပါတယ်။ ကျောင်းသားတွေကို မလိုအပ်ဘဲ ဖိအားမပေးဖို့၊ ဖိအားပေးလာရင် ယုံကြည်ချက်ခိုင်မာလာပြီး အစိုးရအပေါ် ယုံကြည်မှု နည်းလေလေဖြစ်လာတဲ့အခါ ယုံကြည်ချက်အတွက်နဲ့ သေရဲလေလေဖြစ်လာမယ်လို့ သတိပေးခဲ့ပါတယ်။
ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းအစပ် နေရာတွေမှာတော့ ရဲနဲ့ ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းတွေ သပိတ်ကိုတားဆီးဖို့ စောင့်ဆိုင်းနေကြပါတယ်။

No comments:

Post a Comment