အနှိပ်ခံဖို့
Spa သွားတဲ့ အမျိုးသားတစ်ဦး ပိုက်ဆံအိတ် ကျန်ခဲ့လို့
သူနဲ့အတူလိုက်ပါလာတဲ့ ၆ နှစ်သား အရွယ်မြေးမလေးကို ပေးငွေအဖြစ်
အသုံးပြုခဲ့ပါတယ်။
ပြုစုခံလို့ပြီးသွားတော့ အဲဒီအမျိုးသားက ပိုက်ဆံအိတ်ပါမလာပါဘူး။ အိမ်ပြန်သွားယူဖို့ လိုအပ်ပါမယ်ဟု ပြောဆိုခဲ့ပေမယ့် အာမခံငွေအဖြစ် မြေးလေးကို ထားခဲ့ပြီး ပိုက်ဆံနဲ့ ပြန်လာတဲ့အခါ ပြန်ခေါ်သွားပါမယ်လို့ အနှိပ်ခန်းဝန်ထမ်းတွေကို မှာထားခဲ့ပါတယ်။
အသက် ၆ နှစ်အရွယ် မြေးမလေး Siyao ကို သက်သေအဖြစ် ထားခဲ့မယ်ဟု reception ကိုပြောကာ ထွက်သွားခဲ့တယ်ဟု တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ အနှိပ်ခန်းမန်နေဂျာ Mee Wang က ပြောဆိုခဲ့ပါတယ်။
သို့ပေမယ့် သူလုံးဝ ပြန်ပေါ်မလာခဲ့ပါဘူး။ အခုဆို ကလေးမ အဲဒီ Spa မှာနေလာခဲ့တာ တစ်လကြာလာခဲ့ပြီဖြစ်တယ်။ spa ဝန်ထမ်းများကတော့ သူမကို အိပ်ယာကောင်းကောင်း၊ အဝတ်အစားသန့်သန့်လေးတွေနဲ့ အဖော်ကောင်း အစားအသောက်ကောင်းကောင်းလေးတွေနဲ့ ကြင်ကြင်နာနာ ကြည့်ရှုစောင့်ရှောက်ပေးကြပါတယ်။ ညဆိုင်ပိတ်ချိန် တစ်ယောက်ထဲကြောက်ရွံ့မနေရအောင် TV တစ်လုံး ဖွင့်ထားပေးခဲ့ကြပါတယ်။
အဘိုးဖြစ်သူပြန်လာဖို့ တောင်းဆိုရင်း အဲဒီအဖြစ်အပျက်အကြောင်းစုံကို ဒေသသတင်းမီဒီယာမှာ ရေးသားဖော်ပြထားပါတယ်။ ဒါပေမယ့် လူအများစုမှာတော့ အမျက်ဒေါသ ထွက်နေကြပြီး ကြားဝင်ဖျန်ဖြေပေးဖို့နဲ့ ၄င်းအနှိပ်ခန်းမှ ကယ်ထုတ်ပေးရန် မျှော်လင့်ချက်နဲ့ လူမှုအကျိုးဆောင်အဖွဲ့တွေကို အဆက်အသွယ် လုပ်ခဲ့ကြပါတယ်။
Ref: firsttoknow
http://www.trend.com.mm/2015/02/06/news-5719

No comments:
Post a Comment