Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, February 6, 2015

ဗိုလ်ချုပ်ဘွဲ့​​မ​ရ​ဘူး​တဲ့​လား

ဗိုလ်ချုပ်အောင်ဆန်း ဘွဲ့ရ တယ် မရဘူးဆိုတဲ့ ပြဿနာကို ခုလော ဆိုရှယ်ကွန်ရက်တစ်ခုဖြစ်တဲ့ Facebook ပေါ်မှာ ကျယ်ကျယ်လောင်လောင် အော်ဟစ်နေကြတာတွေကို သတိထားမိပါတယ်။ အလွန်စိတ်ဝင်စားစရာကောင်းတဲ့ ဒီဘိတ်ကြီး တစ်ခု ဖြစ်သွားရတယ်ပေါ့။ ဒီပြဿနာရဲ့ အစက မကွေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအေးကျော်ဖြစ်နေတာကြောင့် လည်း ပိုပြီး ကြီးထွားကာ ဆွေးနွေးငြင်းခုန်စရာတွေ ဖြစ်သွားခဲ့ရပါတယ်။

ဒေါက်တာအေးကျော်က

"အဲ့ဒီတုန်းက ဗိုလ်ချုပ်အောင်ဆန်း ကျောင်းသားမဟုတ်တော့ဖူး ကျောင်းထွက်လိုက်ပြီ။ ကျောင်းကထွက်မှ နိုင်ငံရေးလုပ်လို့ ရလို့ ကျောင်းကထွက်ပြီး နိုင်ငံရေးလုပ်တယ်၊ မှတ်ထား။ အဲ့တုန်းက ဘာလို့ လုပ်ရလည်း၊ လွတ်လပ်ရေး လိုချင်လို့၊ အပြင်ထွက်ပြီး အလုပ်လုပ်တယ်၊ စွန့်ပြီး လုပ်တယ်၊ ကျောင်းသားမဟုတ်တော့ဖူး ကျောင်းကထွက်လိုက်ပြီ။ မင်းတို့ မသိဖူး။ ရှင်းရှင်းပြောရရင် ဗိုလ်ချုပ်က အနစ်နာခံပြီး လုပ်သွားတာ၊ ကျောင်းကထွက်ပြီး ဘွဲ့မရသွားဖူး၊ ဟုတ်လား၊ မင်းတို့ မသိဖူး" ဆိုတဲ့ စကား တွေဟာ ဗီဒီယိုဖိုင်တွေရော၊ စာသားတွေပါ Facebook ပေါ်ကို ပျံ့သွားပြီး ပါမောက္ခချုပ် ဒေါက်တာကြီးက ဗိုလ်ချုပ်ကို ဘွဲ့မရဘူး ပြောတယ်ဆိုပြီး ဆွေးနွေးငြင်းခုန်မှုတွေ စတင်ဖြစ်ပေါ်လာရပါတော့တယ်။

ကျွန်တော်တို့ စာထဲပေထဲတွေမှာ ပြန်ရှာကြည့်တော့

"ရန်ကုန်တက္ကသိုလ်တွင် ၆ နှစ်ခွဲမျှနေခဲ့၏။ နိုင်ငံရေးစိတ်သန်မှုကြောင့် ကျောင်းစာများ မလေ့ကျက်သဖြင့် ဘီအေအတန်းအထိ အောင်ရုံသာ အောင်ခဲ့သည်"

(ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ရေးခဲ့သော အတ္ထုပ္ပတ္တိစာမှ ကောက်နုတ်ဖော်ပြသည်)

"အောင်ဆန်းသည် အချိန်ပြည့် ကျောင်းသားနိုင်ငံရေး လုပ်နေသည့်ကြားမှ ၁၉၃၇ ခုနှစ် မတ်လတွင် ကျင်းပသော ဘီအေစာမေးပွဲကို အင်္ဂလိပ်စာပေ၊ ခေတ်သစ်ရာဇဝင်၊ နိုင်ငံရေး ဘာသာဗေဒများယူလျက် ချောမောစွာ အောင်မြင်သည်။ ထိုအချိန်အထိ အောင်ဆန်းသည် စာမေးပွဲ တစ်ခါမျှ မကျဖူးပေ။

၁၉၃၇-၃၈ ခုနှစ်တွင် အောင်ဆန်းသည် ကျောင်းသားနိုင်ငံရေးသာမက တိုင်းပြည်လွတ်လပ်ရေးအတွက်ပါ ဆောင်ရွက်နေရကား ဥပဒေဝိဇ္ဇာပထမနှစ် စာမေးပွဲရှုံးလေသည်။ သူ၏ ပထမဆုံးနှင့် နောက်ဆုံး ရှုံးခြင်း ပေတည်း။

အောင်ဆန်းကား တက္ကသိုလ်ဘွဲ့များ ဂရုစိုက်သူ မဟုတ်ပေ။ အောင်ထားပြီးသော ဘီအေဘွဲ့ကိုပင် ဘွဲ့နှင်း သဘင်၌ တက်မယူပေ။ ထို့ကြောင့် တက္ကသိုလ် ဘွဲ့ရသူများ ဝတ်စုံဖြင့် ရိုက်ကူးထားသော အောင်ဆန်း၏ ဓာတ်ပုံများ မတွေ့ရခြင်း ဖြစ်ပေသည်"

(ဗိုလ်ချုပ်အောင်ဆန်း အစ်ကိုဖြစ်သူ ဦးအောင်သန်းရေးခဲ့သည့် “တက္ကသိုလ်ကျောင်းသားဘဝ အောင်ဆန်း) ဆိုတဲ့ မှတ်တမ်း တွေ ပြန်တွေ့ရပြန်ပါတယ်။

Facebook ပေါ်မှာ ကျကျနနပြန်ရှင်းသူတွေထဲ အလွန်လေးစားဖို့ကောင်းတဲ့သူတွေရဲ့ မှတ်ချက်လေးတွေကို ဖော်ပြချင်ပါ တယ်။ ကျွန်တော် အလွန်လေးစားရတဲ့ ဆရာတစ်ဦးဖြစ်တဲ့ စာရေးဆရာ (ဦး) ကြည်မင်းက ဒီလိုရေးထားတာ ဖတ်လိုက်ရ ပါတယ်။

"ဒုတိယနှစ် ဆိုတာ နားမရှင်းကြလို့ပါ။ ဆယ် တန်းပြီးရင် Intermediate ကို ၂ နှစ်တက်ရတယ်။ ဗိုလ်ချုပ် က arts ယူတော့ Intermediate if Arts (အိုင်အေ) ပေါ့။ အခုခေတ်နဲ့ပြောရင် ဒုတိယနှစ် အောင်တယ် ပေါ့။ အဲဒါပြီးမှ Bachelor တန်းကို တက်ရတာ။ Arts ဆိုရင် Bachelor of Arts (ဘီအေ) ပါ။ အဲဒီမှာ part A က တစ်နှစ် Final က တစ်နှစ် နဲ့ ၂ နှစ်တက်ရပါတယ်။ အခုလိုဆိုရင် 3rd yr နဲ့ Final ပေါ့။ ဘီအယ်လ် Barrister at Law ရဖို့ က ဘီအေ ဘီအက်စ်စီ ရပြီးမှ တစ်နှစ် ထပ်တက်ရတာ။

ဗိုလ် ချုပ် နောက်ဆုံးဖြေတာ B A final year အတန်းပါ။ လေးနှစ်ဆက်တိုက်ကျောင်းတက်ပြီး စာမေးပွဲတိုင်းအောင်ခဲ့လို့ ဘီအေ ဘွဲ့ရတာပါ။

အဲ ဒီပညာရေးဟာ ၁၉၆၄ အထိရှိခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင် I Sc လက်မှတ်ရအပြီး BSc ဆက်တက်တာ။ Final ကျမှ ဆက်မတက်ချင်လို့ လိုင်းပြောင်းခဲ့တာ" လို့ပြောထားပါတယ်။

နောက်ထပ်ဆရာတစ်ဦးဖြစ်တဲ့ ဂျပန်နိုင်ငံက အလွန်လေးစားဖွယ်ကောင်းတဲ့ ဆရာ ဒေါက်တာအောင်မျိုးကလည်း

"Bogyoke Aung San studied FOUR years – Inter-A (ဥပစာ-က), Inter-B (ဥပစာ-ခ), 1st Year Arts (ဝိဇ္ဇာပထမနှစ်), 2nd Year Arts (ဝိဇ္ဇာဒုတိယနှစ်) to get his B.A degree. After 2nd Year Arts, you can register for “Honours class for Arts” (ဝိဇ္ဇာဂုဏ်ထူးတန်း) to get B.A (Honours). But many people, like Aung San, pursued B.A., B.L by attending 1st year B.L (ပထမနှစ် ဥပဒေဝိဇ္ဇာ) classes. Bogyoke did study FOUR years from 1932-33 to 1937-38 academic year." လို့ လှမ်းပြီးရှင်းထားပါတယ်။

ဆရာနှစ်ဦးရဲ့ မှတ်ချက်လောက်နဲ့ပဲ အတော်လုံလောက်နေပြီဖြစ်လို့ အခြား comment တွေ ထပ်မထည့်ပေးတော့ပါဘူး။

တကယ်ဆိုရင် ဗိုလ်ချုပ်ကို အဲဒီခေတ်မှာ ဘွဲ့မရဘူးလို့ ပြောတာ အသည်းခိုက်အောင် နာစရာတော့ ကောင်းတယ်ဗျ။ ဘာကြောင့်လဲ ဆိုတော့ အဲဒီခေတ်ကပညာက အလွန်တန်ဖိုးရှိတဲ့ ရွှေခေတ်ပညာလို့ ပြောနိုင်တဲ့ခေတ်ဖြစ်လို့ပဲ။ ဒီလိုခေတ်မှာ ဘွဲ့မရဘူးပြောလို့တော့ ဘယ်သူမှ ဂရုစိုက်မယ် မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ပညာက နွံနစ်ပြီး ကျွန်ဖြစ်နေတာဆိုတော့ ဘွဲ့မကလို့ ဒေါက်တာတွေဖြစ်လည်း အထင်ကြီးစရာ တစ်စက်ကမှ မရှိတာ။

၅.၂.၂၀၁၅
http://maukkha.org/index.php/interview-maukkha/opinion-maukkha/6988-2015-02-06-03-03-35

No comments:

Post a Comment