Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 14, 2015

KIA (ကချင်) လက်နက်ကိုင် အဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦး ဥပဒေဘောင်အတွင်း ၀င်ရောက်




ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန် မြို့နယ်ခွဲ အတွင်း လုံခြုံရေး တာဝန် ထမ်းဆောင်လျက် ရှိသော တပ်မတော် စစ်ကြောင်းထံ သို့ ဇန်နဝါရီ ၁၂ ရက် နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် KIA (ကချင်) လက်နက်ကိုင် အဖွဲ့ ရင်း(၄) လက်အောက်ခံ ၁၇ မိုင်စခန်း မှ တပ်ဖွဲ့ဝင် တစ်ဦးဖြစ်သော လှိုင်ဝင်းထွန်း ၂၃ နှစ်သည် အမ်-၂၂ တစ်လက်၊ ၄င်းကျည် ၉၈ တောင့်၊ ကျည်အိမ်သုံးခု၊ လက်ပစ်ဗုံး တစ်လုံး တို့နှင့်အတူ ဥပဒေဘောင် အတွင်း
ဝင်ရောက် ခဲ့သည်။

ဥပဒေဘောင် အတွင်း ဝင်ရောက် ခဲ့သော လှိုင်ဝင်းထွန်း သည် ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ်၊ လောင်းချောင်း စံပြကျေးရွာ တွင် မိဘများနှင့် အတူ ကျပန်း လုပ်ကိုင်ခဲ့ရာ မှ ၂ဝ၁၂ ခုနှစ်၊ ဇန်နဝါရီလ အတွင်း ကချင်ပြည်နယ်၊ တိယန်ဇွတ် ကျေးရွာ၏ အရှေ့ဘက် ခြမ်းရှိ လယန်ရွှေမှော် ၌ ကျင်းသား အဖြစ် ပြောင်းရွှေ့ လုပ်ကိုင်ခဲ့ကြောင်း၊ ယင်းသို့ လုပ်ကိုင်နေစဉ် ၂ဝ၁၂ ခုနှစ်၊ မတ်လ ၇ ရက်နေ့ တွင် KIA (ကချင်) လက်နက်ကိုင် အဖွဲ့မှ တပ်သားသစ် အဖြစ် ဖမ်းဆီး ခေါ်ဆောင်ကာ စစ်ရေးပြနှင့် လက်နက်ငယ် သင်တန်း၊ မိုင်းထောင်ခြင်း သင်ခန်းစာများ သင်ကြား ခဲ့ရပြီး KIA (ကချင်) လက်နက်ကိုင် အဖွဲ့ ရင်း(၄)လက်အောက်ခံ ၁၇ မိုင်စခန်း တွင် တာဝန် ထမ်းဆောင်ခဲ့ ရကြောင်း၊ ယင်းစခန်းမှ တပ်မတော် စစ်ကြောင်း များထံသို့ လာရောက်၍ ဥပဒေဘောင် အတွင်းသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

#PyiChitThar

No comments:

Post a Comment