Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 14, 2015

ဘိုကိုဟာရမ် စစ်သွေးကြွ ၁၄၃ ဦးကို ကင်မရွန်းတပ်ဖွဲ့ ချေမှုန်းသုတ်သင် နိုင်ခဲ့




ကင်မရွန်း တပ်ဖွဲ့ဝင် များသည် နိုင်ငံမြောက်ပိုင်း မြို့တစ်မြို့ ဖြစ်သော ကိုလိုဖာတာမြို့ အတွင်းရှိ စစ်အခြေစိုက် စခန်းတစ်ခုကို ဇန်နဝါရီ ၁၂ ရက်က ဝင်ရောက် တိုက်ခိုက်ခဲ့သည့် ဘိုကိုဟာရမ် စစ်သွေးကြွ များနှင့် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှု တစ်ခုတွင် စစ်သွေးကြွ ၁၄၃ ဦးကို ချေမှုန်းသုတ်သင် နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုသည် ကင်မရွန်း နိုင်ငံအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှု များအနက် ဘိုကိုဟာရမ် စစ်သွေးကြွ များအတွက် အသေအပျောက် အများဆုံး ဖြစ်သည့် တိုက်ခိုက်မှု တစ်ခု ဖြစ်ခဲ့ကြောင်း၊ ၄င်း တိုက်ခိုက်မှုတွင် ဘိုကိုဟာရမ် စစ်သွေးကြွ များဘက်မှ အများအပြား ကျဆုံးခဲ့သော် လည်း ကင်မရွန်းတပ်ဖွဲ့ ဘက်ကမူ တပ်ဖွဲ့ဝင် တစ်ဦးသာ ကျဆုံးခဲ့ကြောင်း ကင်မရွန်း ဆက်သွယ်ရေး ဝန်ကြီးနှင အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူ အစ်ဆာချီရို မာဘာကရီ က ပြောကြားခဲ့သည်။

ကိုလိုဖာတာမြို့ တိုက်ခိုက်မှုသည် ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလ အတွင်းက ဘိုကိုဟာရမ် စစ်သွေးကြွ များအပေါ် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ရန် အတွက် တိုက်ခိုက်ရေး လေယာဉ်များ စေလွှတ်ခဲ့သည့် ကင်မရွန်း နိုင်ငံအပေါ် လက်တုံ့ပြန် တိုက်ခိုက်မှုများ ပြုလုပ် သွားမည်ဟု ဘိုကိုဟာရမ် စစ်သွေးကြွ အဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ အဘူဘာကာ ရှီကောင်က Youtube ဝက်ဘ်ဆိုက်တွင် လွန်ခဲ့သော ရက်သတ္တပတ်က ခြိမ်းခြောက် ပြောကြား ခဲ့ပြီးနောက် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

#PyiChitThar

No comments:

Post a Comment