Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 14, 2015

ကမ္ဘာက ရွံမုန်းနေသော အကြမ်းဖက်အဖွဲ့ (၁၀) ဖွဲ့








ကမ္ဘာက ရွံမုန်းနေသော အကြမ်းဖက်အဖွဲ့ (၁၀) ဖွဲ့

၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှာ ကမ္ဘာတစ်ဝန်း အကြမ်းဖက် တိုက်ခိုက်မှုတွေ သိသိသာသာ များလာခဲ့သလို အပြစ်မဲ့ ပြည်သူတွေ သေဆုံးရတဲ့ နှုန်းလဲ ငါးဆကျော် မြင့်တက် လာခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာ အကြမ်းဖက် သမားတွေ နည်းနည်း ငြိမ်သွားခဲ့ ပေမယ့် ဆီးရီးယား ပြည်တွင်းစစ် စတင် ဖြစ်ပွားခဲ့ပြန် တဲ့အတွက် အကြမ်းဖက် သမားတွေ စိတ်တိုင်းကျ သောင်းကျန်းဖို့ အခြေအနေ ကောင်းတစ်ရပ် ဖန်တီး ပေးလိုက်တဲ့ အတိုင်း ဖြစ်သွား ပါတယ်။ ဒါဖြစ်ရင် ဒီ အကြမ်းဖက် သမားတွေ ဘယ်နှဖွဲ့လောက် ရှိသလဲ။ ဘယ်အဖွဲ့က ကြောက်စရာ အကောင်းဆုံးလဲ။ ဒီလောက် အင်အား ကောင်းတဲ့ ခေတ်မီ တပ်ဖွဲ့ကြီး တွေက အဲဒီ အကြမ်းဖက် သမားတွေကို ဘာဖြစ်လို့ အမြစ်ပြတ်အောင် မချေမှုန်း နိုင်ရတာလဲ ... ။

နာမည် ထွက်နေတဲ့ အကြမ်းဖက် အဖွဲ့ (၁၀)ဖွဲ့ ရှိပါတယ်။ အကြမ်းဖက် အဖွဲ့တွေလို့ ဘယ်နိုင်ငံ ကမှ အသိအမှတ် အပြုထားတဲ့ အဖွဲ့ငယ် လေးတွေလဲ ရှိနေနိုင် ပါသေးတယ်။ အကြမ်းဖက် အဖွဲ့တွေဟာ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ အဆက်အသွယ် ရှိပါတယ်။ အချီကြီး လုပ်စရာ မရှိသေးခင် နှစ်ပေါင်း များစွာ ဇာတ်မြှုပ် နေနိုင် ကြပါတယ်။ အခု နာမည်ထွက် နေတဲ့ အဖွဲ့တွေထက် ကို ကြောက်စရာ ကောင်းတဲ့ အဖွဲ့ကြီးတွေ ကန့်လန့်ကာ ရှေ့ထွက် မလာသေး တာလဲ ဖြစ်နိုင်ပါတယ်။ နိုင်ငံတကာ ကနေ အကြမ်းဖက် သမားတွေလို့ သတ်မှတ်ပြီး တိုက်ခိုက်နေတဲ့ အဖွဲ့တွေ ကို သူတို့ရဲ့ အဖျက်စွမ်းအား အတိုင်း ကြီးစဉ်ငယ်လိုက် ဖော်ပြ သွားပါမယ်။

၁။ ဆီးရီးယား ၊ အီရိတ် ISIS စစ်သွေးကြွများ ။ Abu Bakr al-Baghdadi ဆိုသူက တည်ထောင်ထားတာဖြစ်ပြီး ဆီးရီးယား နဲ့ အီရတ်နိုင်ငံ တွေမှာ နယ်မြေ အများကြီးကို ထိန်းချုပ် ထားပါတယ်။ ISIS ဟာ အစ္စလာမ္မစ် နိုင်ငံကို တည်ထောင်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပြီး သူတို့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ရက်စက် ကြမ်းကြုတ်တဲ့ ဥပဒေတွေ ထုတ်ပြန်ပြီး လူသတ် ၊ အဓမ္မ လက်ထပ် ၊ မုဒိမ်းကျင့် ၊ ခေါင်းပုံဖြတ် ၊ လူမှောင်ခို အစရှိတာတွေ ကို ပြောင်ပြောင် တင်းတင်း ကျူးလွန် နေတဲ့ အကြမ်းဖက် အဖွဲ့ကြီး ဖြစ်ပါတယ်။ မလေးရှား ၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင် က စစ်သွေးကြွ တွေဟာ ဆီးရီးယား ကို အရောက် သွားပြီး ISIS နဲ့ ပူးပေါင်း ထားတဲ့အတွက် မကြာခင် အရှေ့တောင် အာရှကို ISIS တွေ ရောက်လာ နိုင်တယ်လို့ အခု နောက်ဆုံး သတင်းတွေ ထွက်ပေါ် နေပါတယ်။

၂။ အယ်လ်ကိုင်ဒါ ။ ၁၉၈၈ ခုနှစ်မှာ အိုစမာ ဘင်လာဒင် က တည်ထောင် ခဲ့ပါတယ်။ သူ့ကို အမေရိကန် Navy Seal တွေက ၂၀၁၁ ခုနှစ်မှာ သုတ်သင် နိုင်ခဲ့ပါတယ်။ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်မှာအမေရိကန် ပြည်ထောင်စု ကို အလစ်ဝင်ရောက် တိုက်ခိုက် ခဲ့ပြီးတဲ့နောက် ချက်ချင်း နာမည်ကြီး လာခဲ့တဲ့ အယ်လ်ကိုင်ဒါ ကို ISIS က အနိုင်ယူ သွားပါပြီ။ တကယ်တော့ ISIS ဟာ အယ်လ်ကိုင်ဒါ ကွန်ရက် တစ်ခုပါ။ ရက်စက် ကြမ်းကြုတ် လွန်းတဲ့ သူတို့ရဲ့ အပြုအမူ တွေကို လက်ရှိ အယ်လ်ကိုင်ဒါ ခေါင်းဆောင် Ayman al-Zawahiri က သည်းမခံနိုင် တော့တဲ့အတွက် ကွန်ယက်ကနေ ထုတ်ပယ် လိုက်တာပါ။ အဲဒီ နောက်ပိုင်း အထိန်းအကွပ် မရှိတော့တဲ့ ISIS ဟာ အခုလို ကြောက်စရာ အကောင်းဆုံး အကြမ်းဖက် အဖွဲ့ကြီး ဖြစ်လာတော့ တာပါပဲ။

၃။ အာရပ်ကျွမ်းဆွယ် အယ်လ်ကိုင်ဒါ ။ အယ်လ်ကိုင်ဒါ ရဲ့ ယီမင်အဖွဲ့ နဲ့ ဆော်ဒီ အဖွဲ့တို့က ၂၀၀၆ ခုနှစ်မှာ ပူးပေါင်းခဲ့ပြီး အာရပ် ကျွန်းဆွယ်ကို ချုပ်ကိုင် ခဲ့ပါတယ်။ ယခုနှစ် ဇန်န၀ါရီ ၇ ရက်က ပြင်သစ်နိုင်ငံ ချားလ် ဟက်ဗဒို မဂ္ဂဇင်းတိုက် ကို တိုက်ခိုက်ခဲ့တဲ့ ညီအစ်ကို နှစ်ယောက်လုံးကို ဒီ အာရပ်ကျွန်းဆွယ် အယ်လ်ကိုင်ဒါ တွေက လေ့ကျင့် ပေးခဲ့တာ ဖြစ်ပါတယ်။ သူတို့ ထုတ်ဝေတဲ့ ၀ါဒဖြန့် မဂ္ဂဇင်း Inspire မှာ ချာလီ ဟက်ဗဒို အယ်ဒီတာ ကို ပစ်မှတ်အဖြစ် ၂၀၁၃ ခုနှစ် ကတည်းက ဖော်ပြခဲ့ ပါတယ်။ ဆီးရီးယား နဲ့ အီရတ် ISIS တွေ အတွက် လူသစ် စုဆောင်း လေ့ကျင့် ပေးနေတဲ့ အကြမ်းဖက် အဖွဲ့ ဖြစ်ပါတယ်။

၎။ တာလီဘန် ။ ၁၉၉၄ ခုနှစ်မှာ အာဖဂန် တာလီဘန် အကြမ်းဖက် အဖွဲ့ ထွက်ပေါ် လာပါတယ်။ MullahMohammed Omar ဦးဆောင်တဲ့ အဖွဲ့ဟာ အာဖဂန်မှာ အစ္စလာမ္မစ် နိုင်ငံ တည်ထောင်ဖို့ ရည်ရွယ် ပါတယ်။ အာဖဂန် ကို ၁၉၉၆ ခုနှစ်ကနေ ၂၀၀၁ ခုနှစ်အထိ အုပ်ချုပ်နိုင် ခဲ့တဲ့ ဒီ အကြမ်းဖက် အဖွဲ့ကြီး ကို ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှု နောက်ပိုင်းမှာ အမေရိကန် ပြည်ထောင်စု က ၀င်ရောက် ရှင်းလင်း ခဲ့ပါတယ်။ ၂၀၁၄ နှစ်ကုန်ပိုင်းမှာ အမေရိကန် တပ်တွေကို အာဖဂန် ကနေ ပြန်ရုပ်ခဲ့တဲ့ နောက် အာဖဂန် တာလီဘန် တို့ဟာ ပြန်လည် အားကောင်း လာနေပါတယ်။

၅။ ပါကစ္စတန် တာလီဘန် ။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ က ပါကစ္စတန် တာလီဘန် တွေဟာ ပက်ရှဝါ မှာ စစ်ဘက်က ဖွင့်ထားတဲ့ စာသင်ကျောင်း ထဲကို ၀င်ရောက် ပစ်ခတ်ခဲ့တဲ့ အတွက် ၁၄၈ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီထဲက ၁၃၂ ဦးဟာ ကျောင်းသား ကလေးသူငယ် တွေ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် မာလာလာ ကို သေနတ်နဲ့ နဖူးကို ပစ်ခဲ့တာလဲ ဒီအဖွဲ့ပါပဲ။ လက်ရှိ ခေါင်းဆောင်က Maulana Fazlullah ဖြစ်ပြီး ပါကစ္စတန် - အာဖဂန် နယ်စပ် တစ်နေရာမှာ ပုန်းလျှိုး ကွယ်လျှိုး နေကြပါတယ်။

၆။ အယ်လ်နူဆရာ ရှေ့တန်းတပ်ဖွဲ့ ။ ဆီးရီးယား ပြည်သူတွေကို ကာကွယ်ဖို့ ဆိုပြီး ထွက်ပေါ်လာတဲ့ အဖွဲ့ပါ။ သူတို့ကို ဆီးရီးယား အယ်လ်ကိုင်ဒါ လို့လဲ သိကြပါတယ်။ ၂၀၁၂ ခုနှစ်မှာ ကိုယ့်ကိုယ်ကိုယ် ဗီဒီယိုရိုက် ၊ အွန်လိုင်းပေါ်တင် ပြီး သူတို့ ရှိတယ်လို့ ကြေညာခဲ့တဲ့ အဖွဲ့ပါ။ ဆီးရီးယား သမ္မတ ကို ဖြုတ်ချပြီး ISIS နဲ့ အစားထိုးဖို့ ကြံစည်နေတဲ့ အဖွဲ့ ဖြစ်ပါတယ်။

၇။ ဘိုကိုဟာရမ် ။ နိုင်ဂျီးရီးယား မှာ အစွန်းရောက် အစ္စလာမ္မစ် ဥပဒေတွေ ပြဋ္ဌာန်းကျင့်သုံး ဖို့ရည်ရွယ်ပါတယ်။ ဘိုကိုဟာရမ် ရဲ့ အဓိပ္ပာယ် ကိုက " အနောက်တိုင်း ပညာရေး သည် ငရဲကြီးစေသည် " ဖြစ်ပါတယ်။ အနောက်တိုင်း ဆန်တဲ့ ဘယ် လှုပ်ရှားမှုမျိုး ကိုမှ ဘိုကိုဟာရမ် က ခွင့်မပြုပါဘူး။ ရွေးကောက်ပွဲ ကျင်းပတာ ၊ မဲပေးတာ ၊ ရှပ်အင်္ကျီ ဘောင်းဘီ ၀တ်ဆင်တာ ၊ အနောက်တိုင်း ပညာရေး ကို သင်ယူတာတွေ အားလုံးဟာ ဘိုကိုဟာရမ် အမြင်မှာ သေဒဏ် ပေးလို့ရတဲ့ ပြစ်မှုတွေ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ မှာ ဘာဂါမြို့ မှာ လူဦးရေ ၂၀၀၀ လောက်ကို သတ်ပစ်ခဲ့ကြ ပါတယ်။ အရင်နှစ် ကလဲ ကျောင်းသူ ၂၀၀ ကျော်ကို အဓမ္မ ခေါ်ဆောင် သွားခဲ့တာ ဒီနေ့ ဒီအချိန်ထိ အိမ်ပြန် မလာခဲ့ကြရ သေးပါဘူး။ နိုင်ဂျီးရီးယား အရှေ့မြောက် ပိုင်းက မြေအကျယ် စတုရန်းမိုင် ၂၀၀၀၀ ထက်မနည်း ကို ဘိုကိုဟာရမ် က ထိန်းချုပ် ထားပါတယ်။

၈။ JI အကြမ်းဖက် အဖွဲ့ ။ JI လို့ သိကြတဲ့ Jemaah Islamiyah ဟာ အယ်လ်ကိုင်ဒါ ရဲ့ အရှေ့တောင်အာရှ လက်ရုံး ဖြစ်ပါတယ်။ ၂၀၀၂ ခုနှစ်က အင်ဒိုနီးရှား နိုင်ငံ ဘာလီကျွန်း ကို ဗုံးဖောက်ခွဲ ခဲ့တာ လူ ၂၀၂ ဦး သေဆုံး ခဲ့ပါတယ်။ ၁၉၉၀ ပြည့်လွန်နှစ် တွေမှာ စတင် တည်ထောင်ခဲ့ပြီး အဲဒီ ကတည်းက အင်ဒိုနီးရှား မှာပဲ အခြေစိုက် ပါတယ်။ အခြား အကြမ်းဖက် အဖွဲ့အစည်းများ နည်းတူ အစ္စလာမ္မစ် နိုင်ငံ တည်ထောင် လိုသူတွေ ဖြစ်ပါတယ်။

၉။ အဘူဆေယက်ဖ် ။ ဆူလူးနိုင်ငံ မှာ လှုပ်ရှားတဲ့ လူဆိုးဂိုဏ်းကြီး ဖြစ်ပါတယ်။ ဓားစာခံ ဖမ်းဆီး ခေါ်ဆောင်ပြီး ငွေညှစ်တဲ့ နေရာမှာ နာမည်ကြီး ပါတယ်။ ၁၉၀၀ ပြည့်လွန် နှစ်မှာ အယ်လ်ကိုင်ဒါ ရဲ့ ငွေကြေးနဲ့ စတင် တည်ထောင် ခဲ့တဲ့ အဖွဲ့ ဖြစ်ပါတယ်။ ဖိလစ်ပိုင် နိုင်ငံအတွက်တော့ အဆိုးဆုံး ဂိုဏ်းကြီး ဖြစ်ပါတယ်။ ဗုံးခွဲတာတွေ ၊ လူတွေ အများကြီးကို ပြန်ပေးဆွဲ တာတွေ မကြာခဏ လုပ်တဲ့အတွက် ဖြစ်ပါတယ်။

၁၀။ လာ့ရှ်ကာအီတာလီဘာ ။ ပါကစ္စတ် စစ်သွေးကြွ တွေ ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်မှာ မွမ်ဘိုင်းမြို့ ကို တိုက်ခိုက်ခဲ့တဲ့ အတွက် လူ ၁၆၆ ဦး သေဆုံး ခဲ့ပါတယ်။ အဲဒီ နောက်ပိုင်း လူမှု ကူညီရေး အဖွဲ့တစ်ဖွဲ့ ကို JuD အမည်နဲ့ ဟန်ပြပြီး ပါကစ္စတန်နိုင်ငံ မှာ တရားဝင် ဖွင့်လှစ်ထား ပါတယ်။

အခုလို ကမ္ဘာကျော် အကြမ်းဖက် သမားတွေရဲ့ တည်နေရာ ကို အတိအကျ သိပြီး သူတို့ရဲ့ သမိုင်းကြောင်း နဲ့ အနာဂတ် ခြေလှမ်းတွေကို သိနေပါလျက် နဲ့ အင်အား တောင့်တင်းတဲ့ နိုင်ငံတကာ စစ်ဘက် တပ်ဖွဲ့ဝင် တွေက ဘာဖြစ်လို့ အဖြစ်ပြတ် ချေမှုန်းနိုင်ခြင်း မရှိတာလဲ ဆိုတာကို ဆက်လက် လေ့လာ ရေးသား ဖော်ပြသွား ပါမယ်။

#PyiChitThar

No comments:

Post a Comment