Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 16, 2015

ISIS က ပြန်ပေးဆွဲထားသည့် အမျိုးသမီး ၂ဦး အီတလီသို့ ပြန်လည်ရောက်ရှိ


ဆီးရီးယားတွင် ISIS က ၆လခန့် ပြန်ပေး ဆွဲထားခြင်း ခံခဲ့ရသည့် အီတလီလူမျိုး ကူညီ ထောက်ပံ့ရေး အလုပ်သမား အမျိုးသမီး ၂ဦး လွတ်မြောက်လာ ပြီးနောက် နေရပ်သို့ ပြန်လည် ရောက်ရှိခဲ့ပြီ ဖြစ်ကြောင်း အီတလီ အစိုးရ က ကြေငြာသည်။

ဆောင်းရာသီ အ၀တ်အစားများနှင့် ကျောပိုး အိတ်များ လွယ်လျက် လေယာဉ်ပေါ်မှ ဆင်းလားသည့် ဂရက်တာ ရာမယ်လီ နှင့် ဗနက်ဆာ မာဇူလို တို့ကို နိုင်ငံခြားရေးဝန်ကြီး ပေါ်လိုဂျန်တီလိုနီ အပါအ၀င် တာဝန်ရှိသူများက ကြိုဆိုနူတ်ဆက်ခဲ့ကြသည်။

မာဇူလို(အသက် ၂၁နှစ်)၊ ရာမယ်လီ(အသက် ၂၂) တို့သည် လွန်ခဲ့သည့်ဇွန်လိုင်လအတွင်းက ဆီးရီးယားနိုင်ငံ အာလက်ပိုမြို့တွင် ပြန်ပေးဆွဲခံခဲ့ရခြင်း ဖြစ်သည်။

ဇန်န၀ါရီ ၁ရက်နေ့က အွန်လိုင်းပေါ်တက်လာခဲ့သော ၎င်းတို့ ၂ဦးအား ဓါးစာခံအဖြစ် ထုတ်ပြခဲ့သည့် ဗီဒီယိုတွင် နံရံကို မှီလျက် မျက်နှာသာမြင်နိုင်သည့် မွတ်ဝလင်ဝတ်ရုံ ၀တ်ဆင်ထားပြီး “ကျမတို့အကြီးအကျယ် ဒုက္ခရောက်နေပါတယ်၊ ကျမတို့ ကွပ်မျက်ခံရနိုင်ပါတယ်”ဆိုသည့် စာတန်းကို ကိုင်ဆောင်ပြခဲ့သည်ကို တွေ့ရသည်။ ၎င်းတို့လွတ်မြောက်လာမှုနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို မသိရသေးပေ။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment