Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 19, 2015

ဘင်္ဂလာဒေခ်ျ့ IS ခေါင်းဆောင် ဖမ်းဆီး


ရန်ကုန်

ဇန်န၀ါရီ ၁၉

ဘင်္ဂလာဒေခ်ျ့ ရဲတပ်ဖွဲ့မှ ဒေသအတွင်းရှိ IS ခေါင်းဆောင်တစ်ဦး အပါအ၀င် စစ်သွေးကြွ ၄ ဦးကို ဖမ်းဆီးလိုက်ကြောင်း The Daily Star သတင်း တစ်ပုဒ်တွင် ဖေါ်ပြသည်။




နိရဉ္စရာ သတင်းဌာန
http://www.narinjara.com/burmese/?p=13394
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,
ဘင်္ဂလာဒေချ့် ရဲတပ်ဖွဲ့မှ ဒေသအတွင်းရှိ IS ခေါင်းဆောင်တစ်ဦး အပါအဝင် စစ်သွေးကွ ၄ ဦးကို ဖမ်းဆီးလိုက်ကြောင်း The Daily Star သတင်း တစ်ပုဒ်တွင် ဖေါ်ပြသည်။

သူတို့ကို ဒက္ကားမြို့ ရှိ ဇာတာရာဘာရီနှင့် ကီလီကပ် အရပ်များတွင် ယမန်နေ့ ညက ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

ယင်းသို့ ဖမ်းဆီးရမိခြင်းကို ယနေ့ထုတ် မီဒီယာအများအပြားတွင် ဖေါ်ပြကြသည်ဟု သိရသည်။ သို့သော် ဖမ်းဆီးခံရသူများမှာ IS အဖွဲ့နှင့် မည်သို့ မည်ပုံ ဆက်နွယ်ပတ်သက်သည်ကို သတင်းများတွင် ဖေါ်ပြထားခြင်း မရှိဟု သိရသည်။

သူတို့ ထံမှ လက်ကမ်းစာစောင်များ၊ လက်တော့ ကွန်ပျူတာများကို သိမ်းဆည်းရမိပြီး ယနေ့ညနေပိုင်းတွင် သူတို့နှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမည်ဟု သိရသည်။

နိရဥ္စရာ သတင်းဌာန

No comments:

Post a Comment