Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, January 19, 2015

လက္ပံေတာင္း ေဒသခံေတြ မံုရြာတက္ ဆနၵျပ

ေလ်ာ္ေျကး မယူတဲ့ ေျမေတြ ဝမ္ေပါင္ ျခံစည္းရိုး ခတ္
မံုရြာ တဖက္ကမ္း က လက္ပံေတာင္း ေျကးနီ စီမံကိန္း မွာ ေလ်ာ္ေျကး မယူရေသး တဲ့ေျမေတြကို ဝမ္ေပါင္ ကုမၸဏီက ျခံစည္းရိုး ခတ္လိုက္ လို့ လယ္ယာေျမ ဆံုးရံႈး သြားသူ ေတြနဲ့ ေဒသခံ ေတြက ရဲတပ္ဖြဲ့ က ပစ္လိုက္လို့ ေသဆံုး သြားတဲ့ ေဒၚခင္ဝင္း အတြက္ အမႈဖြင့္ မေပးတာ ကို ကန့္ကြက္ တဲ့ အေနနဲ့ မံုရြာ ျမို့ေပၚ တက္ျပီး ဆနၵျပ ခဲ့ျကပါတယ္။

လက္ပံေတာင္း ေဒသ မိုးျကိုးျပင္ ၊တံု၊ ဆည္တည္း ၊ဇီးေတာ စတဲ့ ရြာေတြက ေဒသခံ ၂ဝဝ နီးပါး မံုရြာ ျမို့လယ္ ဗိုလ္ခ်ုပ္ ေျကးရုပ္ ကေန ကမ္းနားလမ္း တေလွ်ာက္ ခြင့္ျပုခ်က္ မယူ ေတာ့ဘဲ သူတို့ ေတာင္းဆိုခ်က္ ေတြကို ျကြေးေျကာ္ ျပီး ေတာ့ တနလၤာ ေန့လယ္က ဆနၵျပ ခဲ့ျကတာပါ။

ဒီဇင္ဘာ ၂၃ ရက္ ေနာက္ပိုင္း မွာ ဝမ္ေပါင္ ကုမၸဏီ က ေလ်ာ္ေျကး မယူရ ေသး တာေရာ ယူျပီးသား ေျမအားလံုး ကို ျခံစည္းရိုး ခတ္လိုက္ လို့ စိုက္ပ်ိုး ထားတဲ့ သီးနွံေတြ လည္း မသိမ္း ရဘဲ ဆံုးရံႈး သြားတာ မို့ သက္ဆိုင္ရာ က အေရး ယူခ်င္ယူ မယူခ်င္ေန ဆိုျပီး ေတာ့ ခြင့္ျပုမိန့္ မယူဘဲ ဆနၵျပ တာ ျဖစ္တယ္ လို့ ဆနၵျပ သူေတြက ေျပာပါတယ္။

ဒီဇင္ဘာ ၂၃ ရက္ က ျခံစည္းရိုး ခတ္သူ ေတြနဲ့ ပဋိပကၡ ျဖစ္ရင္း ရဲတပ္ဖြဲ့က ပစ္ခတ္လို့ ေသဆံုး သြားတဲ့ မိုးျကိုးျပင္ အလယ္ရြာ က ေဒၚခင္ဝင္း အမႈကို လည္း ေရွ့ေနကြန္ယက္ ေတြနဲ့ ဆားလင္းျကီး တရားရံုးကို သြားခဲ့ျက တယ္ လို့လည္း သိရပါတယ္။

ဆားလင္းျကီး ျမို့နယ္ တရားသူျကီး က ရဲစခန္း က အမႈ စိစစ္ ေဆာင္ရြက္ဆဲ ျဖစ္တာမို့ တရားရံုး အေနနဲ့ လက္မခံေသး ေျကာင္း တံု့ျပန္ လိုက္တယ္ လို့ ေဒၚခင္ဝင္းရဲ့ ေယာင္းမ ေဒၚခင္မာေအးကေျပာပါတယ္။

ေဒၚခင္ဝင္း ေသတဲ့ အမႈ ကို ေယာင္းမ ျဖစ္တဲ့ ေဒၚခင္မာေအး ကိုယ္တိုင္ အမႈ ဖြင့္ေပးဖို့ ဆားလင္းျကီး ရဲစခန္း ကို တိုင္ ထားေပမယ့္ ရဲစခန္းက ဆိုင္းငံ့ ထားဦးမယ္လို့ တရားဝင္ အေျကာင္းျကား ထားတယ္လို့ သိရ ပါတယ္။

ဒီကိစၥနဲ့ ပတ္သက္ျပီး ျမန္မာ နိုင္ငံ အမ်ိုးသား လူ့အခြင့္ အေရး ေကာ္မရွင္ က ၄ ရက္ျကာ ကြင္းဆင္း စစ္ေဆး ျပီးတဲ့ ေနာက္ ဒီျဖစ္စဉ္မွာ လံုျခံုေရး စီမံမႈ အားနည္း ျပီး ညြန္ျကားခ်က္ အတိုင္း ေဆာင္ရြက္ျခင္း မရွိတဲ့ ရဲတပ္ဖြဲ့ဝင္ ေတြကို ေဖာ္ထုတ္ အေရးယူဖို့ သမၼတ ဆီကို အစီရင္ခံ တိုက္တြန္း ထားပါတယ္။

ဘီဘီစီ (ျမန္မာပုိင္း)
http://www.bbc.co.uk/burmese/burma/2015/01/150119_letpadaung_protest
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,
 မုံရွာ တဖက်ကမ်း က လက်ပံတောင်း ကြေးနီ စီမံကိန်း မှာ လျော်ကြေး မယူရသေး တဲ့မြေတွေကို ဝမ်ပေါင် ကုမ္ပဏီက ခြံစည်းရိုး ခတ်လိုက် လို့ လယ်ယာမြေ ဆုံးရှုံး သွားသူ တွေနဲ့ ဒေသခံ တွေက ရဲတပ်ဖွဲ့ က ပစ်လိုက်လို့ သေဆုံး သွားတဲ့ ဒေါ်ခင်ဝင်း အတွက် အမှုဖွင့် မပေးတာ ကို ကန့်ကွက် တဲ့ အနေနဲ့ မုံရွာ မြို့ပေါ် တက်ပြီး ဆန္ဒပြ ခဲ့ကြပါတယ်။

လက်ပံတောင်း ဒေသ မိုးကြိုးပြင် ၊တုံ၊ ဆည်တည်း ၊ဇီးတော စတဲ့ ရွာတွေက ဒေသခံ ၂ဝဝ နီးပါး မုံရွာ မြို့လယ် ဗိုလ်ချုပ် ကြေးရုပ် ကနေ ကမ်းနားလမ်း တလျောက် ခွင့်ပြုချက် မယူ တော့ဘဲ သူတို့ တောင်းဆိုချက် တွေကို ကွေးကြော် ပြီး တော့ တနင်္လာ နေ့လယ်က ဆန္ဒပြ ခဲ့ကြတာပါ။

ဒီဇင်ဘာ ၂၃ ရက် နောက်ပိုင်း မှာ ဝမ်ပေါင် ကုမ္ပဏီ က လျော်ကြေး မယူရ သေး တာရော ယူပြီးသား မြေအားလုံး ကို ခြံစည်းရိုး ခတ်လိုက် လို့ စိုက်ပျိုး ထားတဲ့ သီးနှံတွေ လည်း မသိမ်း ရဘဲ ဆုံးရှုံး သွားတာ မို့ သက်ဆိုင်ရာ က အရေး ယူချင်ယူ မယူချင်နေ ဆိုပြီး တော့ ခွင့်ပြုမိန့် မယူဘဲ ဆန္ဒပြ တာ ဖြစ်တယ် လို့ ဆန္ဒပြ သူတွေက ပြောပါတယ်။

ဒီဇင်ဘာ ၂၃ ရက် က ခြံစည်းရိုး ခတ်သူ တွေနဲ့ ပဋိပက္ခ ဖြစ်ရင်း ရဲတပ်ဖွဲ့က ပစ်ခတ်လို့ သေဆုံး သွားတဲ့ မိုးကြိုးပြင် အလယ်ရွာ က ဒေါ်ခင်ဝင်း အမှုကို လည်း ရှေ့နေကွန်ယက် တွေနဲ့ ဆားလင်းကြီး တရားရုံးကို သွားခဲ့ကြ တယ် လို့လည်း သိရပါတယ်။

ဆားလင်းကြီး မြို့နယ် တရားသူကြီး က ရဲစခန်း က အမှု စိစစ် ဆောင်ရွက်ဆဲ ဖြစ်တာမို့ တရားရုံး အနေနဲ့ လက်မခံသေး ကြောင်း တုံ့ပြန် လိုက်တယ် လို့ ဒေါ်ခင်ဝင်းရဲ့ ယောင်းမ ဒေါ်ခင်မာအေးကပြောပါတယ်။

ဒေါ်ခင်ဝင်း သေတဲ့ အမှု ကို ယောင်းမ ဖြစ်တဲ့ ဒေါ်ခင်မာအေး ကိုယ်တိုင် အမှု ဖွင့်ပေးဖို့ ဆားလင်းကြီး ရဲစခန်း ကို တိုင် ထားပေမယ့် ရဲစခန်းက ဆိုင်းင့ ထားဦးမယ်လို့ တရားဝင် အကြောင်းကြား ထားတယ်လို့ သိရ ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာ နိုင်ငံ အမျိုးသား လူ့အခွင့် အရေး ကော်မရှင် က ၄ ရက်ကြာ ကွင်းဆင်း စစ်ဆေး ပြီးတဲ့ နောက် ဒီဖြစ်စဉ်မှာ လုံခြံုရေး စီမံမှု အားနည်း ပြီး ညွန်ကြားချက် အတိုင်း ဆောင်ရွက်ခြင်း မရှိတဲ့ ရဲတပ်ဖွဲ့ဝင် တွေကို ဖော်ထုတ် အရေးယူဖို့ သမ္မတ ဆီကို အစီရင်ခံ တိုက်တွန်း ထားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

No comments:

Post a Comment