CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, January 12, 2015
ဂျပန်နိုင်ငံက အရွယ်ရောက်သူ ၁.၂၆ သန်း အလုပ်အကိုင်အတွက် စိတ်ပူပင်နေ
၂၀၁၅ ခုဇန်န၀ါရီလ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ အရွယ်ရောက်သူများနေ့ အခမ်းအနားကို ဂျပန်နိုင်ငံတ၀ှမ်းမှာ ကျင်းပခဲ့ပြီး အခုနှစ်မှာ ၁.၂၆ သန်းရှိကာ အရင်နှစ်ကထက် ၅ သောင်းကျော် ပိုများခဲ့ပါတယ်။
ဂျပန်နိုင်ငံမှာ အသက် ၂၀ ပြည့်သူများကို အရွယ်ရောက်သူများလို့ သတ်မှတ်ပြီး အစိုးရက တရားဝင်ဂုဏ်ပြုလွှာပေးအပ်သလို ရိုးရာပွဲထိုင် ကီမိုနိုများဝတ်ဆင်ကာ ဘုရားကျောင်းများမှာ ၀တ်ပြုဆုတောင်းကြပါတယ်။ လွန်ခဲ့တဲ့ ဂျပန်စီးပွားရေးပူဖောင်း ပေါက်ကွဲပြီး စီးပွားရေး စတင်ကျဆင်းချိန် မွေးဖွားခဲ့သူများအဖြစ်လည်း သတ်မှတ်ပါတယ်။
ဂျပန်နိုင်ငံမှာ စီးပွားရေး ဆက်လက်ကျဆင်းနေတဲ့အတွက် ယာယီသက်တမ်းခန့်၊ အလုပ်ခေါ်ယူမှုက တိုးပွားလာပြီး အတည်တကျအလုပ်အကိုင် ရဖို့အတွက် ဂျပန်လူငယ်များအနေနဲ့ ခက်ခဲနေတာလည်း ဖြစ်ပါတယ်။
ဂျပန်မှာ သက်ကြီးအိုရွယ်တွေ များပြားလာတာနဲ့အတူ လူမှုဖူလုံရေးအတွက် အခွန်အခတွေ ကြီးမြင့်လာတာတွေက ဂျပန်လူငယ်တွေ အလုပ်အကိုင်ရှားပါးလာမှုနဲ့အတူ ရင်ဆိုင်နေရ ပါတယ်။
အခုနှစ်အရွယ်ရောက်သူတွေကို စစ်တမ်းတွေ ကောက်ခံမှုများအရ အာမခံရှိတဲ့ အလုပ်အကိုင်တွေ ရရှိချင်ပြီး လူဘောင်တိုးတက်ရေး လူမှုအကျိုးပြုအလုပ်တွေ လုပ်ချင်ပါတယ်လို့ အခုနှစ် အရွယ်ရောက် သူတွေကို စစ်တမ်းတွေ ကောက်ခံမှုများအရ သိရှိရပါတယ်။
http://burmese.dvb.no/archives/76878
ဂျပန်နိုင်ငံက အရွယ်ရောက်သူ ၁.၂၆ သန်း အလုပ်အကိုင်အတွက် စိတ်ပူပင်နေ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 12, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 12, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment