ယောင်္ကျားလေးအချို့
မိန်းကလေးတစ်ယောက်ကို သဘောကျလို့ သူ့အနားကို ချဉ်းကပ်တော့မယ်ဆိုရင်
ဘယ်လိုပုံစံမျိုးနဲ့ ချဉ်းကပ်ဖူးကြမလဲ။ ပုံစံအမျိုးမျိုးတော့
ရှိကြမှာပဲနော်။ သူ့အနားကို ချဉ်းကပ်တော့မယ်ဆိုရင် Impression ကောင်းရမယ်။
ကောင်မလေးက ကိုယ့်ကိုအထင်ကြီးတာမျိုး ဖြစ်သွားစေရမယ်၊
အဲဒီလိုတွေဖြစ်ဖို့ကတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့တော့
လိုအပ်တယ်နော်။
ကိုယ်သဘောကျနေတဲ့ကောင်မလေးနဲ့
ရှိုးပွဲတွေမှာပဲဖြစ်ဖြစ်၊ ပါတီတွေမှာပဲဖြစ်ဖြစ်၊ သင်တန်းတွေမှာပဲဖြစ်ဖြစ်၊
ဈေးဝယ်ထွက်ရင်းပဲဖြစ်ဖြစ်၊ အလုပ်အတူတူလုပ်နေရင်းပဲဖြစ်ဖြစ်၊
မြင်တွေ့ရဖန်များလာပြီဆိုရင် အတတ်နိုင်ဆုံး မျက်လုံးချင်ဆုံပြီး
ကိုယ်သဘောကျနေတာကိုသိအောင် ပြပေးရမယ်။ ကိုယ့်ကို အာရုံစိုက်မိအောင်
အနည်းငယ်လုပ်ဆောင်ရမယ်။ အဲဒီလိုတွေလုပ်လို့ ကောင်မလေးဘက်က
သတိထားမိတယ်ဆိုရင် ယုံကြည်မှုကို ရင်မှာပိုက်ပြီး ချဉ်းကပ်လိုက်ပါတော့။
ချဉ်းကပ်တဲ့နေရာမှာ ကိုယ့်ဘက်ကနေ ရှိုးတို့ရှန်းတန်းဖြစ်နေတာမျိုးတော့
မရှိသင့်ဘူး။ ကောင်မလေးကိုတွေ့ရင် နှုတ်ဆက်စကားဆိုမယ်။
အဲဒီလိုနှုတ်ဆက်စကားဆိုတဲ့အခါ ကောင်မလေးဘက်ကနေ ဘာမှပြန်ပြေလို့မရမယ့်
စကားမျိုးတော့မဖြစ်စေပါနဲ့။ ရိုးရိုးရှင်းရှင်းလေးနဲ့ မိတ်ဆက်စကားကို
ပြောပါ။ မိတ်ဆက်စကားပြောနေတဲ့အချိန်မှာတော့ မင်းရဲ့အလှက
ဘယ်လောက်ထိဆွဲဆောင်မှုရှိတယ် ဆိုတာကို ကိုယ့်အကြည့်လေးမှာ
ထည့်ပြီးကြည့်ပေးလိုက်ပါ။ အဲဒီလိုကြည့်တဲ့အခါမှာ ကိုယ့်ရဲ့စိတ်ကိုထိန်းပြီး
အကြည့်ရိုင်းတာမျိုးမဖြစ်အောင် သတိထားဖို့ လိုအပ်ပါတယ်။
မိတ်ဆက်တဲ့အချိန်မှာ အရေးကြီးတာက ပုဂ္ဂိုလ်ရေးနဲ့ဆိုင်တာတွေမေးတာတို့
ပြောတာတို့တွေမပါဖို့ သတိထားရမယ်။
အဲဒီကတဆင့်
ကောင်မလေးဘက်ကတုံ့ပြန်မှု ဘယ်လိုရှိမလဲဆိုတာ အရေးကြီးလာပြီ။
တုံ့ပြန်မှုကောင်းတယ်ဆိုရင် ရှေ့ကိုဘယ်လိုဆက်မလဲ စဉ်းစားရတော့မယ်။
ကောင်မလေးပြောချင်တာတွေကို နားထောင်ပေးရမယ်၊
သူလုပ်ချင်တာတွေကိုလိုက်လုပ်ပေးရမယ်၊ သူပြောတဲ့စကားတွေကို ပြုံးပြုံးလေးနဲ့
နားထောင်ပေးနိုင်ရမယ်၊ သူစကားပြောတဲ့အခါ ကြားဖြတ်မပြောမိအောင်သတိထားရမယ်၊
အဲဒီလိုလေးတွေလုပ်ပေးရင် ကောင်မလေးဆီက နောက်တဆင့် အသိအမှတ်ပြုခံရမှာ
သေချာသလောက်ပါပဲ။ အသိအမှတ်ပြုခံရတာအဆင့်တက်လာရင်တော့ သူနဲ့အတူ
ဆိုင်တဆိုင်မှာ မုန့်အတူတူစားတာတို့ ကော်ဖီဆိုင်ထိုင်တာတို့ကို
စီစဉ်နိုင်ရင်ပိုကောင်းပါတယ်။
မိန်းကလေးတစ်ယောက်ကို
ချဉ်းကပ်လို့ကောင်းတဲ့အချိန်က အရမ်းပျော်ရွှင် ၀မ်းသာနေတဲ့အချိန်နဲ့
စိတ်ညစ်ဝမ်းနည်းချိန်တွေပါပဲ။ အဲဒီအချိန်တွေမှာ ချဉ်းကပ်ရင်
ပိုကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ ကောင်မလေးစိတ်ညစ်နေတယ်ဆိုရင် ကိုယ့်ဘက်ကနေ
ဟာသဥာဏ်ရွှင်ရွှင်လေးနဲ့ သူပျော်အောင်ပြောပေးတာမျိုး လုပ်ပေးတာမျိုးတွေကို
လုပ်ပေးရမယ်။
ဘယ်လိုယောင်္ကျားလေးပဲဖြစ်ဖြစ် အဲဒီကောင်မလေးကို
ကိုယ်ကိုယ်တိုင်ချစ်လို့ ကြိုက်လို့သဘောကျလို့ ချဉ်းကပ်တာမျိုးပဲဖြစ်ပါစေ။
အခြားသူတစ်ယောက်ယောက်အတွက် မချဉ်းကပ်မိပါစေနဲ့၊။ နောက်တစ်ခုက
ချဉ်းကပ်တဲ့အခါမှာ ကိုယ့်ဘက်ကရိုးသားမှုရှိဖို့ လိမ်ညာတာတွေမပါဖို့
လိုအပ်တယ်။ ကိုယ့်ဘက်ကလဲ တကယ်ချစ်နေပေမယ့် အရင်ကလိမ်ညာထားတာတွေရှိတာကို
သိသွားရင်ပြဿနာတွေဖြစ် အမုန်းပွားတာမျိုးတွေဖြစ်တတ်တာကြောင့်
အဲဒါတွေကိုတော့ ရှောင်ရှားနိုင်ဖို့လိုပါတယ်။ ကဲ
ကိုယ်ချစ်နေတဲ့ကောင်မလေးတွေကို ဒီလိုပုံစံလေးတွေနဲ့ ချဉ်းကပ်ပြီး
စစ်မှန်တဲ့အချစ်တွေရရှိအောင် ကြိုးစားကြည့်ကြရအောင်...................
Translated by:
ခင်လေးမြင့် @ Emily
http://yangonlife.com.mm/mm/article/12891
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, January 12, 2015
ကောင်မလေးတစ်ယောက်ဆီ ချဉ်းကပ်တဲ့အခါ…..
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 12, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 12, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment