ရန်ကုန် (မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှုတွင် စွပ်စွဲခံရသူ
ကိုဝင်းဇော်ထွန်း၏ ဖခင် ဦးထွန်းထွန်းထိုက်ကို စိတ်ကျန်းမာရေး
အခြေအနေကြောင့် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့
ပြန်လည်ခေါ်ဆောင်လာခဲ့ပြီး စိတ်ရောဂါ အထူးကုဆရာဝန်နှင့် ပြသလျက်ရှိသည် ဟု
ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ကိုတင်ထူးအေင်ကပြောသည်။
ထိုင်းနိုင်ငံ၊ ကော့သောင်ကျွန်း (လိပ်ကျွန်း)တွင် ဗြိတိန်စုံတွဲကို
သတ်သည်ဟု ဆိုကာ ဖမ်းဆီးခံထားရသည့် ကိုဝင်းဇော်ထွန်း၏ ဖခင်ကို ရန်ကုန်
အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် နိုဝင်ဘာ ၄ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ-
ဟိန်းထက်၊ မဇ္ဈိမ)
လိပ်ကျွန်းလူသတ်မှုတွင် ဖမ်းဆီးခံရသူနှစ်ဦး၏
မိဘများ ဇန်နဝါရီ ၁၁ ရက်က ထိုင်းနိုင်ငံမှ ရန်ကုန်မြို့သို့ လေကြောင်းဖြင့်
ပြန်လည်ရောက်ရှိ ခဲ့သော်လည်း ဦးထွန်းထွန်းထိုက်မှာမူ စိတ်ရောဂါ
အခြေအနေကြောင့် လေကြောင်းလိုင်းက လက်မခံသဖြင့် ကုန်းလမ်းမှ ပြန်လာခဲ့
ရခြင်းဖြစ်သည်။
ရခိုင်အမျိုးသားကွန်ရက် ဥက္ကဌ ဦးတင်ထူးအောင်က “အဓိက ကတော့ စိတ်ပူပင်မူတွေ များတဲ့အတွက်ဖြစ်တာ ဖြစ်ပါလိမ့်မယ်”ဟု ဆိုသည်။
ဦးထွန်းထွန်းထိုက်သည် ထိုင်းနိုင်ငံတွင်နေထိုင်စဉ်က အခန်းနံရံများကို
တွယ်တက်ခြင်း၊ ကြောက်ရွံ့ထိတ်လန့်လွယ်ခြင်း စသော အပြုအမူများဖြစ်ခဲ့သည် ဟု
ဆိုသည်။
ထိုင်းနိုင်ငံ စူရတ်ဌာနီခရိုင်၊
ခိုတောင်ကျွန်း(လိပ်ကျွန်း)တွင် ဗြိတိန်စုံတွဲ သတ်ခံမှုနှင့် ပတ်သက်၍
ဖမ်းဆီး ခံရသော သားဖြစ်သူနှင့် တွေ့ဆုံရန် ကိုဝင်းဇော်ထွန်း၏ မိဘများသည်
ထိုင်းနိုင်ငံသို့ ဒီဇင်ဘာလကုန်ပိုင်းက သွားရောက်ခဲ့ပြီး
ကျန်းမာရေးအခြေအနေကြောင့် ပြန်ရောက်ရှိ လာခြင်းဖြစ်သည်။
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, January 12, 2015
လိပ်ကျွန်း လူသတ်မှု ဖမ်းဆီးခံရသူ၏ ဖခင် စိတ်ရောဂါ အထူးကုနှင့် ပြသနေရ
လိပ်ကျွန်း လူသတ်မှု ဖမ်းဆီးခံရသူ၏ ဖခင် စိတ်ရောဂါ အထူးကုနှင့် ပြသနေရ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 12, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 12, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment