CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, January 12, 2015
ကလေးကို သေနတ်ပေးဆော့မှုဖြင့် အမေရိကန် ဇနီးမောင်နှံ တရားရုံးတင်ခံရ
အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ်မှာ နေထိုင်တဲ့ ဇနီးမောင်နှံနှစ်ဦးကို ကလေးကို သေနတ်နဲ့ ပေးဆော့မှု၊ ကလေးအပေါ်အလေးမထားမှုနဲ့ ရုံးတင်ခံရပါတယ်။
Indiana couple arrested after video shows handgun in toddler's mouthအသက် ၁ နှစ်အရွယ် သမီးဖြစ်သူရဲ့ ပါးစပ်ထဲ သေနတ်ထည့်ခိုင်းပြီး သေနတ်ပစ်တဲ့ ပုံစံမျိုး ပေးဆော့နေတာကို ဖခင်ဖြစ်သူရဲ့ ဖုန်းထဲမှာ ရဲတွေက စစ်ဆေးတွေ့ရှိခဲ့တာပါ။ ဒါကြောင့် ကလေးအပေါ် လစ်လျူရှုမှု၊ ကလေးကို သေစေနိုင်တဲ့လက်နက်နဲ့ ပေးဆော့မှု စွဲချက်တွေကို မိဘတွေက အမှုရင်ဆိုင်ကြရတော့မှာပါ။
အသက် ၁၉ နှစ်အရွယ် ဖခင်ဖြစ်သူဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၉ ရက်နေ့က ထောက်လှမ်းရေးအရာရှိတဦးကို အင်တာနက်ကနေ တရားမ၀င်သေနတ်ရောင်းခဲ့တာပါ။
ဒါကြောင့် သူကို ရဲက နောက်ပိုင်းစစ်ဆေးမှုတွေလိုက်ရင်း သူရဲ့ လက်ကိုင်ဖုန်းထဲမှာ အဲဒီဗွီဒီယိုဖိုင်ကို ရဲက တွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။
မိခင်ဖြစ်သူကတော့ ကစားစရာ အရုပ်သေနတ်ဖြစ်တယ်လို့ ပြောဆိုပေမယ့် ရဲကတော့ အသက် သေစေနိုင်တဲ့ ပွိုင့် ၄၀ ပစ္စတိုသေနတ်ဖြစ်တယ်လို့ ပြောဆိုပါတယ်။
သမီးဖြစ်သူနဲ့ ၁ လအရွယ် အမွှာကလေးတွေကိုတော့ အရေးပေါ်ကလေးထိန်းဌာနကို အပ်နှံထားပါတယ်။
http://burmese.dvb.no/archives/76850
ကလေးကို သေနတ်ပေးဆော့မှုဖြင့် အမေရိကန် ဇနီးမောင်နှံ တရားရုံးတင်ခံရ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 12, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment