Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 10, 2015

ဗိုလ်ချုပ်ရုပ်ရှင် ဘာ့ကြောင့်ကြန့်ကြာနေရသလဲ ဇာဂနာ ပြောပြီ

၂ဝ၁၅ ဖေဖော်ဝါရီ ၁၃ ရက် နေ့တွင် ကျရောက်မည့် ဗိုလ်ချုပ်နှစ်တစ်ရာပြည့်ပွဲတွင် (အောင်ဆန်း) ရုပ်ရှင်ကားကြီးကို ပြသနိုင်ရန် လွန်ခဲ့သည့် သုံးနှစ်ကတည်းက အဖွဲ့ဝင်များ ကြိုတင် ပြင်ဆင်ခဲ့ သည်။ သို့သော် အဆိုပါနေ့တွင် ရုံတင်ပြသနိုင်ရန်မှာမဖြစ်နိုင်တော့ပေ။ ၎င်းကိစ္စနှင့် ပတ်သက် ၍ ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဇာဂနာအား ပေါ်ပြူလာနယူးစ်မှ မေးမြန်းခဲ့သည်။

အောင်ဆန်းရုပ်ရှင်ကို ဗိုလ်ချုပ် နှစ်တစ်ရာပြည့်မှာ စမ်းသပ် (Teaser) အနေနဲ့ပဲ ပြသနိုင်တာ ဘာကြောင့်လဲ။

အခန်းလေးခန်းကို ရိုက်ကူးထားတယ်။ သုံးခန်းက ရိုက်ပြီးပြီ။ ကျန်တဲ့အခန်းကို ဒီလဆန်းမှာ စရိုက်မယ်။ ပြည်သူတွေကြားမှာ သိပ်မထင်ပေါ်တဲ့ အခန်းပါမယ်။ ဗိုလ်ချုပ်မှာလည်း မေတ္တာနဲ့ပတ်သက်ပြီး မိသားစုနဲ့တိုင်းပြည်ပေါ်ထားတဲ့ သူ့စိတ်ထားကို ရိုက်ပြတယ်။ ပြီးတော့ မောင့်ဘက်တန် မေးတဲ့ ဝယ်လင်တန်လား၊ ချာချီလားဆိုတဲ့ စကားကို ဗိုလ်ချုပ်အောင်ဆန်းက ပြန်ဖြေလိုက်တဲ့ အခန်းပေါ့။ စစ်သားလုပ်ချင်ရင် နိုင်ငံရေးမလုပ်နဲ့ ဆိုတဲ့အခန်းပါမယ်။ အဲဒီမှာ သူနိုင်ငံရေးသမားအဖြစ် မိန့်ခွန်းစပြောတဲ့ ဖဆပလခေတ်က တစ်နိုင်ငံလုံး ပြည်သူ့ ညီလာခံမှာ ဗိုလ်ချုပ်က ”ကျုပ်အာ ဏာကိုလိုချင်လို့ မဟုတ်ဘူး။ အာဏာရူးလို့လည်း မဟုတ်ဘူး။ ဒီဝန်ကြီးဖြစ်တဲ့ ဂျပန်ခေတ် တစ်လျှောက်လုံးမှာ အင်္ကျီဆိုရင် သုံးလေးစုံပဲ ရှိတယ်။ ဒါပေမဲ့ လတ်တလော အခြေအနေမှာ တိုင်းပြည်အတွက်လိုအပ်တဲ့ အတွက်ကြောင့် ကျုပ်လုပ်ရတယ်။ ပြည်သူလူထုကချစ်လို့ လူထုခေါင်းဆောင် လို့ခေါ်တဲ့နာမည်ကို ခင်ဗျားတို့ပြောတဲ့ ဝန်ကြီးချုပ်ထက် ပိုမက်တယ်။ အဲဒါခင်ဗျားတို့ မှတ်ထား” ဆိုတဲ့အခန်းထည့် ရိုက်တယ်။ အခုရိုက်မယ့် အ ခန်း က လုပ်ကြံတဲ့အခန်း ရိုက်မလား၊ ကျောင်းသားသမဂ္ဂမှာ ဗိုလ်ချုပ်စကားရည်လုတဲ့ အခန်းရိုက်မလား ရွေးနေတုန်းပဲ။ တစ်ကားလုံး မလုပ်နိုင်ေ သး တဲ့အတွက် (Teaser) ပြတဲ့သဘောပါပဲ။

ဒီနှစ် ၂ဝ၁၅ မှာ ရွေးကောက်ပွဲလည်းရှိတဲ့အတွက်ကြောင့် ရုံတင်ပြသဖို့ အခက်အခဲဖြစ်နေလို့လား။

မဟုတ်ပါဘူး။ ဒီကားနဲ့ ပတ်သက်ပြီး သမ္မတကြီး ကိုယ်တိုင်အားပေးတယ်။ လိုတာရှိရင်လည်း ကျွန်တော်တို့ တောင်းဆိုတယ်။ သူ ဖြည့်ပေးပါတယ်။ ဗိုလ်ချုပ်ကား လိုချင်တာ တောင်းတယ်။ ဗိုလ်ချုပ်အိမ်မှာ ရိုက်ချင်တာတောင်းတယ်။ သူ အားလုံး ဖြည့်ပေးတယ်။ ၂ဝ၁၅ နဲ့ လုံးဝ မပတ်သက်မသက် ဆိုင်ပါဘူး။ အဓိကက ငွေကြေး အခက်အခဲကြောင့်ပါ။

ဗိုလ်ချုပ်ရုပ်ရှင်ရဲ့ဘတ်ဂျက်က အများကြီးရှိတယ်လို့ ပြည်သူတွေ သိထားတာက တစ်မျိုး။ ဒါပေမဲ့ အခု ဘတ်ဂျက်အားနည်းတယ်ဆိုတော့ ဘယ် လိုဖြစ်တာလဲဆိုတာ ရှင်းပြစေချင်တယ်။

ပြည်သူထင်သလို သိန်းသောင်းချီ မရှိဘူး။ ရွှေစင်စင်္ကြာက ပေးလှူတာနဲ့ စုစုပေါင်းသိန်းတစ်ထောင့်နှစ်ရာလောက်ပဲရှိမယ်။ နေတိုးတစ်ကား စာေ တာင် မရှိပါဘူး။ နေတိုးတောင် ဒီလောက်သုံးပြီး လိုအပ်ချက်တွေ ရှိနေသေးရင် ပြည်သူများအတွက်သာ တွက်ကြည့်ကြပါ။ နိုင်ငံခြားက အလွဴေ ငြေ တြ ကျွန်တော်တို့ မယူပါဘူး။ သူတို့ကတော့ ပေးတယ်။ ယူလိုက်ရင် သူတို့လိုချင်တာ သူတို့ ရိုက်မှာဆိုတော့ ဘယ်လိုမှ သမိုင်း မဖြစ်နိုင်တော့ ဘူး။ လာကမ်းလှမ်းတာတွေ တစ်ခုမှ ငွေလက်မခံဘူး။ လက်ခံရင် ဒီကား ရိုက်နိုင်တာကြာပြီ။ ပါဝင်တဲ့ အနုပညာရှင်တွေ သရုပ်ဆောင်တွေလည်း အနု ပညာကြေးမယူဘဲ မေတ္တာနဲ့ ပါဝင်ကြတာပါ။

ပြည်သူတွေ မျှော်လင့်သလို အောင်ဆန်းရုပ်ရှင်ကိုရုံမှာ ကြည့်ခွင့်မရခဲ့ဘူး။ အဲဒီအတွက် အဖွဲ့ဝင်တွေအနေနဲ့ ပြည်သူကို ဘာပြောချင်ပါသလဲ။

ပြည်သူတွေကို ကျွန်တော် တောင်းပန်ပါတယ်။ အဖွဲ့ဝင်ကိုယ်စားအနေနဲ့လည်း တောင်းပန်ပါတယ်။ ကျွန်တော်တို့ ကတိအတိုင်း မလုပ်ဆောင်နိုင် ခဲ့တဲ့အတွက် အနူးအညွတ်တောင်းပန်ပါတယ်။ ဒီနှစ်ထဲမှာ ဆက်လက်အကောင်အထည်ဖော်နိုင်ဖို့ ကျွန်တော်ကိုယ်တိုင် အားတက်သရော လုပ်ေ ဆာင်ပါ့မယ်။ အရင်က ကိုယ့်အလုပ်ကြောင့် အချိန်ပြည့် မလုပ်ပေးနိုင်ခဲ့ဘူး။ ပြည်သူတွေရဲ့ ပံ့ပိုးမှုကိုလည်း အတိုင်းထက်အလွန် မျှော် လင့်နေ ပါမယ်။
ထူးထူး
http://www.popularmyanmar.com/

No comments:

Post a Comment