Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 31, 2015

ဘုရင်အကြည်ညိုပျက်စေမှုဖြင့် ထိုင်းထောက်လှမ်းရေး အကြီးအကဲ ၂ ဦးကို ထောင်ဒဏ်ချမှတ်

ပေါင်ပတ်ချယာပန် (ဓာတ်ပုံ – Apichart Jinakul)

ထိုင်းနိုင်ငံ ရာဇ၀တ်မှုဆိုင်ရာ ခုံရုံးက ဗဟို ထောက်လှမ်းရေး ဌာန အကြီးအကဲဟောင်း  ပေါင်ပတ်ချ ယာပန်နဲ့ လက်ထောက်တဦး ဘုရင်အကြည်ညို ပျက်စေမှု၊ အဂတိ လိုက်စားမှု စွပ်စွဲချက်နဲ့ မနေ့က ထောင်ဒဏ် ၆ နှစ်ချ မှတ်လိုက်ပါတယ်။

နဂိုပြစ်ဒဏ်က ၁၂ နှစ် ဖြစ်ပေမယ့် နှစ်ယောက်စလုံးက အပြစ်ကို ၀န်ခံခဲ့တဲ့အတွက် လျှော့ပေါ့ ပေးလိုက်တာ ဖြစ်ပါတယ်။

နိုဝင်ဘာလအတွင်း ရဲက သူတို့အိမ်တွေကို ၀င်ရောက် ရှာဖွေတဲ့အခါမှာ ငွေထုပ်တွေ၊ ဇိမ်ခံကားတွေနဲ့ ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်ပုံတွေကို တွေ့ရှိခဲ့ရပါတယ်။ စုစုပေါင်းဖမ်းမိတဲ့ ပစ္စည်းတန်ဖိုးဟာ ထိုင်းဘတ်ငွေ သန်း ၁ ထောင်နဲ့ ညီမျှတယ်လို့ ဆိုပါတယ်။

ပေါင်ပတ်ချယာပန်ဟာ ထိုင်းအိမ်ရှေ့မင်းသားရဲ့ မိဖုရားဟောင်း စရီရက်စမီရဲ့ ဦးရီးတော်လည်း ဖြစ်ပါတယ်။

ဒီအမှုaကြာင့် ဒီဇင်ဘာလ ၁၃ ရက်နေ့က မိဖုရား စရီရက်စမီဟာ တော်ဝင်မိသားစုဝင် ဘ၀ကနေ နုတ်ထွက်ခဲ့တယ်လို့ နန်းတော်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/79411

No comments:

Post a Comment