Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 31, 2015

မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်း ရပ်ကွက်တွင် မီးလောင်မှုဖြစ်


ရန်ကုန်၊ ဇန်န၀ါရီ ၃၁

၃၀.၁.၂၀၁၅ ရက်နေ့ ၂၀၃၀ အချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်၊ (၁၂၈) လမ်းရှိ (၆)လွှာရှိ ဦးဝင်းမောင်ချစ်၏ တိုက်ခန်း၌ မီးလောင်မှု ဖြစ်ပွားရာ ပတ်ဝန်းကျင်ရှိ ပြည်သူများနှင့် မီးသတ်ယာဉ်များ ရောက်ရှိ မီးငြှိမ်းသတ် ခဲ့သဖြင့် ၂၀၅၅ အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း၊ မီးလောင်မှုကြောင့် တိုက်ခန်း အတွင်းရှိ အခန်းနံရံများ၊ ရေခဲသေတ္တာ၊ အ၀တ်လျှော်စက်၊ အင်ဗာတာ၊ အိမ်သုံး ပစ္စည်းများနှင့် အ၀တ်အထည်များ ပျက်စီး ဆုံးရှုံးခဲ့ကြောင်း၊ မီးလောင်ရသည့် အကြောင်းအရင်းအား စစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။

ယင်းသို့ မီးလောင်မှု ဖြစ်ပွားခဲ့သည့် အတွက် ဦးဝင်းမောင်ချစ်အား မင်္ဂလာတောင်ညွန့် မြို့မရဲစခန်း (ပ)၈၀/၂၀၁၅၊ ပြင်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

No comments:

Post a Comment