Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 21, 2015

ခြောက်ပွင့်ဆိုင်ကိုပဲ လက်ခံတယ်လို့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဆုံးဖြတ်


နေပြည်တော်၊ ဇန်နဝါရီ ၂၁

တွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်လို့ ပြန်လည် သုံးသပ်ပေးဖို့ နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ သဝဏ်လွှာ ပေးပို့ထားပေမယ့် ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမယ်လို့ အမျိုးလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဆုံးဖြတ်လိုက်ပါတယ်။
ခြောက်ပွင့်ဆိုင် တွေ့ဆုံဖို့ ဆုံးဖြတ်ခဲ့ပြီး အဲဒီဆွေနွေးပွဲအတွက် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အကြံပြုချက်တွေကို တောင်းခံလာတယ်လို့ လွှတ်တော်ကိုယ်စားလှယ် တွေဆီကနေ သိရှိရပါတယ်။
အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး ခြောက်ပွင့်ဆိုင် ဆွေးနွေးရေးထက် ပြည်သူအားလုံး လက်ခံတဲ့ ဆွေးနွေးပွဲပုံစံကို ပြုလုပ်ဖို့ နိုင်ငံတော် သမ္မတက သဝဏ်လွှာ ပေးပို့ထားတာ ဖြစ်ပါတယ်။
သဝဏ်လွှာ ပေးပို့ထားတာကို ပြန်လည်အကြောင်းပြန်ဖို့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌရဲ့ သဘောထားကို ပြည်ထောင်စု လွှတ်တော် ဥက္ကဋ္ဌက မေးမြန်းလာတာကြောင့် ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကို လက်ခံဖို့ ဆုံးဖြတ်ခဲ့တာလို့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောပါတယ်။
“တွေ့ဆုံဆွေးနွေးပွဲကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအနေနဲ့ တက်ရောက်မှာဖြစ်ပါတယ်။ အကြံပြုတင်ပြလိုတဲ့ လွှတ်တော်ကိုယ်စားလှယ်များက ပေးပို့လာတဲ့ အကြံပြုချက်များကို လိုအပ်သလိုဆောင်ရွက်ပြီး ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲမှာ တင်ပြဆွေးနွေးသွားမှာ ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။
အခြေခံ ဥပဒေပြင်ဆင်နိုင်ရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ နိုင်ငံတော်သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦး ၊ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်တစ်ဦးတို့ အမြန်ဆုံး တွေ့ဆုံဆွေးနွေးရေးကို ၂၀၁၄ ခုနှစ် အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြု တိုက်တွန်းထားပါတယ်။

The Voice Weekly

No comments:

Post a Comment