
ရှမ်းပြည်မြောက်ပိုင်းမှ တပ်မတော်တပ်ရင်းများမှ အဓမ္မပြုကျင့်ကာ အသတ်ခံရသည့် စေတနာဝန်ထမ်း ကျောင်းဆရာမ နှစ်ဦး၏ အလောင်းအားမူဆယ်မှ ယနေ့ညမြစ်ကြီးနားသို့သယ်ဆောင် လာမည်ဖြစ်ပြီး နောင်းနန် ကချင်နှစ်ခြင်း အသင်းတော် သိင်္ချိုင်း တွင် သဂြိုလ်မည်ဖြစ်ကြောင်းသတင်းရရှိသည်။ ဆေးစစ်ချက်အား အတိအကျ မသိရှိရကြောင်းလည်းဆိုသည်။
အသက် ၂၀ အရွယ်ရှိ ခေါန်နန်စင် နဲ့ လုရာ တို့နှစ်ဦးမှာ ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော် (KBC) ရဲ့ ခွင့်ပြုချက်နှင့် ကောင်းခါကျေးရွာက ကလေးငယ်တွေအား အခမဲ့ ပညာသင်ကြားပေးနေသူတွေဖြစ်ပြီး ၎င်းတို့တည်းခိုရာ ဘုရားကျောင်း ဝန်းအတွင်း အိမ်ခန်းတွင် သူတို့နှစ်ဦး သေဆုံးနေတာကို ၂၀၁၅ ဇန်ဇ၀ါရီ ၂၀ ရက် နံနက်တွင် တွေ့ရကြောင်း လည်း သေဆုံးသူ၏ မိသာစုဝင်များကဆိုသည်။
-
“သေဆုံးသွားတဲ့တစ်ယောက်က ကျွန်တော်နဲ့ အိမ်နီးချင်းပဲ သူ့မိဘတွေက ငိုပဲငိုနေကြတယ်။”ဟု သေဆုံးသွားသူတစ်ဦးနှင့် အိမ်နီးချင်း သာသာရေးဆရာ ဦးနော်တောင်မှဆိုသည်။
-
နမ့်မတူမြို့နယ် ၊ ခူဖိတ်ကျေးရွာအုပ်စု၊ ခူမောကျေးရွာတွင် မြန်မာ့တပ်မတော် တပ်မ ၇၇ မှ တပ်သားတဦးမှ အသက် ၃၀ အရွယ် အမျိုးသမီးတဦးအား ၂၀၁၅ခုနှစ် ဇန်န၀ါရီ ၂၀ ရက်နေ့နေ့လည်ပိုင်းတွင် မုဒိန်းကျင့်ရန် အတင်းအဓမ္မကြံစည်ခဲ့ကြောင်း ဒေသခံများမှဆိုသည်။
Kachinwaves
No comments:
Post a Comment